ပေါင် ၄ ဒသမ ၅ ဘီလီယံဖြင့် မန်ယူကိုဝယ်ရန် ကာတာ၏အင်အားအကြီးဆုံး ဘဏ်ပိုင်ရှင် ဥက္ကဋ္ဌ ကမ်းလှမ်း
diz_admin
February 18, 2023ကာတာနိုင်ငံ၏အင်အားအကြီးဆုံး ဘဏ်ဥက္ကဋ္ဌဖြစ်သူ ဟာမတ်ဒ် ဘင်ဂျတ်စ်ဆင်း ဘင်ဂျတ်ဘ်ဘား အယ်လ်သာနီသည် မန်ယူအသင်းကို အကြွေးမထားဘဲ ငွေသားသီးသန့် ပေါင် ၄ ဒသမ ၅ သန်း တိုက်ရိုက်ပေးချေမည့်ပုံစံဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားပြီဖြစ်ကြောင်း အတည်ပြုချက် ထွက်ပေါ်လာခဲ့သည်။ မန်ယူကို ကာတာရင်းနှီးမြှုပ်နှံသူများက ဝယ်ယူရန် ပေါင် ၄ ဒသမ ၁ ဘီလီယံမှနေ၍ ပေါင် ၄ ဒသမ ၅ ဘီလီယံရှိသော ငွေပမာဏဖြင့် ကမ်းလှမ်းထားပြီဟူသော သတင်းများသည် လွန်ခဲ့သည့်သီတင်းပတ်ကတည်းက ထွက်ပေါ်နေခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကမ်းလှမ်းသော လုပ်ငန်းစဉ်၊ ဝယ်ယူရန် ကမ်းလှမ်းထားသူ၏အမည်နှင့် ငွေပေးချေရန် ကမ်းလှမ်းထားသောပုံစံတို့ အတည်ပြုချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ကာတာနိုင်ငံ၏အင်အားအကြီးဆုံး ဘဏ်ဥက္ကဋ္ဌဖြစ်သူ ဟာမတ်ဒ် ဘင် ဂျတ်စ်ဆင်း ဘင် ဂျတ်ဘ်ဘား အယ်လ်သာနီသည် ကာတာဝန်ကြီးချုပ်ဟောင်း၏သားဖြစ်ပြီး […]


