သံဖြူဇရပ်တွင် ကလေးသုံးဦးအပါအဝင် ရိုဟင်ဂျာ ၄၀ဦး ဖမ်းဆီးခံရ
diz_admin
February 20, 2023မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအနီး ဓနိတောစပ်တနေရာတွင် ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းက ရိုဟင်ဂျာလူမျိုး ၄၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဓနိတောအစပ်တွင် ရိုဟင်ဂျာများ ရောက်ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့တို့က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရိုဟင်ဂျာ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၂ ဦးနှင့် ကလေး သုံးဦးတို့ကို ဖမ်းဆီးရမိကြောင်း ဒေသခံတို့က ပြောသည်။ “သူတို့က စက်လှေနဲ့ ရောက်လာကြပြီးတော့ ဓနိတောမှာ နေနေတာ။ သူတို့ပြောတာက ထိုင်းကိုသွားဖို့ ရောက်လာတာလို့ ပြောတယ်။ ကလေးတွေလည်း ပါတယ်” ဟု ၎င်းဒေသခံက ပြောသည်။ ၎င်းတို့မှာ ရခိုင်ပြည်နယ်ဘက်မှ လာကြခြင်းဖြစ်ပြီး ပွဲစားဖြင့် ထိုင်းနိုင်ငံသို့ဝင်ပြီး ထိုမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ဆက်သွားရန်ဖြစ်သည်ဟု သိရကြောင်း […]


