ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဗီယက်နမ်တွင် အပူလွန်ကဲမှုနှင့် ဓာတ်အားပြတ်တောက်မှုကြောင့် စျေးဝယ်စင်တာများတွင် အပူရှောင်သူမြင့်တက်

Dawei Watch

June 5, 2023

အပူဒဏ် နှင့်အတူ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အဆမတန် မြင့်တက်လာသည့်အတွက် ဓာတ်အား ပြတ်တောက်မှု မကြာခဏဖြစ်ပေါ်လာသဖြင့် ဗီယက်နမ်နိုင်ငံမြို့တော် ၊ ဟနွိုင်းမြို့နေ ပြည်သူများ အပူရှောင်နိုင်ရန် ရှော့ပင်းမောလ်များသို့ သွားရောက်နေကြရဟု ဗီယက်နမ်သတင်းများက ဖော်ပြကြသည်။ ဗီယက်နမ်သည် မကြာသေးမီရက်သတ္တပတ်များအတွင်း စံချိန်တင်အပူချိန်မြင့်မားလာသည့် တောင်အာရှနှင့် အရှေ့တောင်အာရှတစ်ခွင်ရှိ နိုင်ငံများထဲမှ တစ်ခုဖြစ်သည်။ နေ့အပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေချိန်တွင် Aeon စျေးဝယ်စင်တာတွင်း အပူဒဏ်ပြင်းပြင်း ကို အံတုရန် ကြိုးပမ်းသူများ အနက် Bui Manh Duc Tai နှင့် ၎င်း၏ ချစ်သူတို့လည်း အပါအဝင် ဖြစ်သည်။ “ကျွန်တော်တို့အိမ်မှာ ဒီမနက်ကတည်းက မီးမလာတော့ဘူး။ အေးမြတဲ့လေ ရဖို့ ဒီကိုလာခဲ့တာပါ” ဟု Tai က AFP သို့ ပြောကြားခဲ့သည်။ အဆိုပါ စျေးဝယ်စင်တာ၏ ထောင့်တစ်နေရာတွင် […]

ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁ ဦးသေဆုံးကာ ၃ ဦးပျောက်ဆုံးနေ

Dawei Watch

June 5, 2023

ဂျပန်နိုင်ငံ၏ နေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လူတစ်ဦးသေဆုံးပြီး သုံးဦးပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ဇွန်လ (၃)ရက်နေ့တွင် ပြောကြားခဲ့ပြီးနောက် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သတိပေးချက်ထုတ်ပြန်ခဲ့ရသည်။ နေရာ အတော်များများတွင်လည်း လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပွားနေသည်။ ဤသို့ မိုးကြီးရေလျှံမှုသည် ယခင်က တိုင်ဖွန်းမုန်တိုင်း Mawar ၏ နောက်ဆက်တွဲ အခြေအနေ ဖြစ်ပြီး အဆိုပါ မုန်တိုင်းသည် ယခုအခါ အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားပြီ ဖြစ်သည်။ ဇွန်လ (၂)ရက်နေ့တွင် အများပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် နိုင်ငံ၏အဆင့်အမြင့်ဆုံး သတိပေးချက်ထုတ်ပြန်ခဲ့ရသည့် Aichi စီရင်စုရှိ Toyohashi မြို့ တွင် ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က “ရေမြုပ်နေသော ကားတစ်စီးထဲတွင် အသက် ၆၀ ခန့်ရှိ အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားသည် ကို […]

သိန္ဓောရွာ စစ်ကောင်စီတပ်ရှေ့တန်း ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်

Dawei Watch

June 4, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် သိန္ဓောရွာရှိ စစ်ကောင်စီရှေ့တန်းကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုများက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။ ဇွန်လ ၂ ရက်နေ့ နံက် ၁၀ နာရီက ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအင်အားစု SWDF အပါအဝင် မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားတစ်ဦး ကျည်ထိမှန် လဲကျသွားသည်ကို မြင်တွေ့ရပြီး ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ရေးသားထားသည်။ တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် အနီးအနားကျေးရွာများသို့ ပစ်ခတ်မှုကြောင့် အနီးဝန်းကျင် ကျေးရွာတစ်ရွာက ဒေသခံနေအိမ်တစ်လုံး ပျက်စီးခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ သိန္ဓောကျေးရွာ စစ်ကောင်စီတပ်စခန်းကို ယခင်ကလည်း […]

တနင်္သာရီမြို့နယ်ရှိ စစ်ရှောင်အချို့ ငှက်ဖျားနှင့် ဝမ်းပျက်ဝမ်းလျှော အဖြစ်များလာ

Dawei Watch

June 4, 2023

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အချို့တွင် ငှက်ဖျားနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ပိုမိုအဖြစ်များလာကြောင်း ကူညီကုသပေးနေသူအချို့ထံမှ သိရသည်။ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်အောက်ခံ စစ်ကြောင်း ၂ နယ်မြေအတွင်း ဖြစ်ပွားနေခြင်းဖြစ်သည်။ အဆိုပါနယ်မြေအတွင်း စစ်ရှောင် ၁၀၀ ဦးခန့်ရှိနေပြီး ၎င်းတို့မှာ စစ်ဘေးရှောင်စခန်းအနေဖြင့် သီးခြားမရှိဘဲ နီးစပ်ရာ ဆွေမျိုးများနှင့် ဥယျာဉ်တောတောင်များအတွင်း ယာယီနေထိုင်ကြခြင်းဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့်မေလအတွင်း ငှက်ဖျားဖြစ်ပွားသူ ၂၈ ဦး၊ တိုက်ဖွိုက်ဖြစ်သူ ၅ ဦး၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၂၁ဦး ရှိခဲ့ပြီး ကလေးများလည်း ပါဝင်ကြောင်း စစ်ကြောင်း၂ တွင် ဆေးမှူးတာဝန်ယူထားသူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်လများကမူ တစ်လလျှင် ယင်းရောဂါများဖြစ်ပွားသူ ပျမ်းမျှ ၅ ဦးခန့်သာရှိကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် စားနပ်ရိက္ခာအခက်အခဲနှင့် ချောင်းရေ […]

ထားဝယ်တွင် ကိုဗစ်လူနာ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

Dawei Watch

June 4, 2023

ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် အသက် ၇၃ နှစ်ခန့်ရှိ ကိုဗစ်လူနာအမျိုးသမီးကြီးတစ်ဦး ယနေ့ ဇွန်လ ၄ရက်တွင် ထပ်မံသေဆုံးကြောင်း ပရဟိတအသင်းအဖွဲ့များထံက သိရသည်။ အထက်ပါအမျိုးသမီးမှာ ပလောက်မြို့နယ် ကျောက်တောင်ရွာက ဒေါ်ခင်ယုဆိုသူဖြစ်ပြီး မေလ ၃၀ ရက်က ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူဖြစ်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။ “ဘာရောဂါအခံ လက္ခဏာရှိတယ်ဆိုတာ အသေးစိတ်တော့ ကျွန်တော်တို့လည်း မသိဘူး။ မနက်တုန်းက ကျွန်တော်တို့ကို ခေါ်တာ ၆ နာရီမထိုးခင်ပေါ့နော် ဆုံးတာက” ဟု ၎င်းက ဆိုသည်။ ကိုဗစ်လူနာအမျိုးသမီး သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားရန် အဆင်မပြေကြောင်း ပြန်လည်ပြောဆိုသည်။ နာရေးကူညီမှုအသင်း-ထားဝယ်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးကလည်း အထက်ပါအမျိုးသမီးမှာ သေဆုံးရသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ပြောသည်။ “ထားဝယ်ဆေးရုံကြီး […]

သရက်ချောင်းမြို့နယ် စုံစင်ဖျားရွာအနီး ကားတစ်စီးပစ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

June 4, 2023

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာနှင့် ချောက်ချောင်းရွာကြား ၃၂ မိုင်အနီးတွင် ဇွန်လ ၁ ရက် ည ၈ နာရီကျော်ခန့်က ကားတစ်စီးပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်ဘက်မှ မြိတ်ဘက်ကိုဆင်းလာသည့် ဖရဲသီးသယ်သည့်ကားကို တားဆီးရာ ရပ်မပေးသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ သေဆုံးသူမှာ မြိတ်မြို့နယ် စန္ဒာဝတ်ကျေးရွာမှ အသက် ၅၃ နှစ့်ခန့်ရှိ ဦးဆန်နီဆိုသည့် အမျိုးသားဖြစ်သည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ ကြားတဲ့ အခြေအနေအရ သူတို့ပြောတာ တားတာကို မရပ်ပေးလို့ ခြောက်ပစ် ပစ်တာမှာထိတယ်လို့ပြောတယ်။ ကားသမားသေသွားတယ်လို့ပြောတယ်။ စန္ဒာဝတ်ကျေးရွာက ဖရဲသီးပို့တဲ့ကားမောင်းနေသူပေါ့” ဟု တာဝန်ရှိသူက ပြောသည်။ ပြင်းဖြူသားရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး(ခ) […]

ရေးမြို့နယ်က ပျူစောထီးအဖွဲ့ဝင်ဟောင်းဆိုသူ ပစ်သတ်ခံရ

Dawei Watch

June 3, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာမှ ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင်ဟောင်း ဦးပန်းရွှေ ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇွန်လ ၂ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်ခန့်က အသက် ၄၉ နှစ်အရွယ် ဦးပန်းရွှေသည် ချောင်းတောင်ကျေးရွာ အကွက်အမှတ် ၄ ရှိ ဘိလိယက်ခုံမှ ထွက်လာစဥ် အမည်မသိသေနတ်သမားတို့က သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးပန်ရွှေသည် ဦးခေါင်း၊ ဝမ်းဗိုက်နှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ “ဘိလိယက်ဆိုင်ကအထွက်မှာ ပစ်ခတ်ခံရတယ်။ ၄ ချက်လောက် ထိသွားတော့ ဖြစ်တဲ့နေရာမှာပဲ လဲကျသေဆုံးသွားခဲ့တယ်” ဟု ချောင်းတောင်ဒေသခံကတစ်ဦးက ပြောသည်။ ဦးပန်ရွှေသည် ချောင်းတောင်ကျေးရွာ ပြည်သူ့စစ် တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ကြောင်းလည်း ဒေသခံတို့က ပြောသည်။ ဦးပန်ရွှေ […]

မင်းထိန်တွင် လက်နက်ကြီးကျ၍ လူသေဆုံးပြီးနောက် နေရပ်စွန့်ခွါ ထွက်ပြေးသူများလာ

Dawei Watch

June 3, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာသို့ လက်နက်ကြီးကျကာ လူသေဆုံးပြီးသည့် နောက်တွင် နေရပ်(အိုးအိမ်)စွန့်ခွါထွက်ပြေးသူ များလာကြောင်း ဒေသခံများ ထံမှသိရသည်။ မင်းထိန်ကျေးရွာသို့ ပြီးခဲ့သည့် ဇွန်လ ၁ ရက် နေ့လယ်က ပုလောဘက်မှပစ်သည့် လက်နက်ကြီးကျည်လေးလုံး ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၅၀ ကျော်အရွယ်အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးကာ အသက် ၉၀ အရွယ်မိခင်ဖြစ်သူလည်း ယင်းဖြစ်စဥ်ကြောင့် နှလုံးရပ်သေဆုံးခဲ့ရသည်။ ယင်းအပြင် လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သည့် ရွာသားတချို့လည်း ရှိခဲ့သည်။ လက်နက်ကြီးကျည် ရွာအတွင်း ထပ်မံကျရောက်မည်ကို စိုးရိမ်သဖြင့် လက်ရှိအချိန်တွင် ရွာသားများမှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြပြီ ဖြစ်သည်ဟု ဒေသခံများ ကပြောသည်။ “ရွာသားတွေက တအားကြောက်ကုန်ကြပြီး ပြေးတဲ့သူတွေ ပြေးကုန်ကြပြီ”ဟု မင်းထိန်ဒေသခံ အမျိုးသား ကပြောသည်။ မင်းထိန်ရွာတွင် အိမ်ခြေသုံးရာကျော်ရှိပြီး စစ်ကောင်စီက ဆန်အပါအဝင် […]