ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ပေါက်ကွဲမှုဖြစ်

Dawei Watch

June 2, 2023

မြိတ်မြို့တွင် ဗုံးဟုယူဆရသည့် အရာပေါက်ကွဲပြီး လူထိခိုက်မှုမရှိကြောင်း မြို့ခံများထံမှ သိရသည်။ ကလွင်နယ်မြေ၊ ပုလဲဒီပါရပ်ကွက်က လမ်းကြားတစ်ခုတွင် ယနေ့ ဇွန်လ ၂ရက် မွန်းလွဲ ၃ နာရီခန့်က ပေါက်ကွဲမှုဖြစ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပေါက်ကွဲမှုဖြစ်သည့် လမ်းကြားသည် လူအသွားအလာနည်းပြီး အနီးတွင် ဟော်တယ်တစ်လုံး၊ KTV ဆိုင်နှင့် ရေကူးကန်တစ်ခုရှိကြောင်း ရပ်ကွက်သားများထံမှ သိရသည်။ “မိုးမရွာခင်လေးမှာ ဒုန်းဆိုပြီး အသံကြားရတယ်။ အိမ်တောင်တုန်သွားတယ်” ဟု ယင်းရပ်ကွက်နေသူတစ်ဦးက ဆိုသည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ကားများ ရောက်ရှိလာပြီး စစ်ဆေးခဲ့ကြောင်း ရပ်ကွက်နေသူ နောက်တစ်ဦးက ပြောဆိုသည်။ “ကားတွေနဲ့ အများကြီးပဲ ရောက်လာကြတာ။ လူထိခိုက်မှု မရှိဘူးလို့ ပြောနေကြတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ Dawei Watch က […]

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲတွင် သံဃာနှစ်ပါးအပါအဝင် လေးဦးထက်မနည်း သေဆုံး

Dawei Watch

June 2, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်တွင် ယနေ့ ဇွန်လ ၂ ရက် နံနက် ၁ နာရီခန့်ကစပြီး စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားကြောင်း မြို့ခံတို့ထံမှ သိရသည်။ ယင်းတိုက်ပွဲတွင် သံဃာတော်နှစ်ပါးနှင့် အရပ်သားအမျိုးသားနှစ်ဦး စုစုပေါင်း လေးဦးထက်မနည်းသေဆုံးကြောင်း ၎င်းတို့က ပြောသည်။ မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ဌာနဆိုင်ရာရုံးနှင့် လုံခြုံရေးတပ်ဖွဲ့များကို KNLA/ PDF ပူးပေါင်း တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။ “လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်နေတော့ ဘယ်သူမှလည်း အပြင်မထွက်ရဲဘူး။ ထွက်ပြေးဖို့ကလည်း မရတော့ဘူး။ ကိုယ့်အိမ်ထဲမှာပဲ ကြောက်ကြောက်နဲ့ ပုန်းနေကြရတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦး ပြောဆိုသည်။ […]

ကိုယ်ဝန်ဆောင်မြန်မာတစ်ဦး ဗိုက်နာ၍ ဆေးရုံလာပြရာ သန်လုံးကောင်ကြီး အန်ချ

Dawei Watch

June 2, 2023

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ကိုယ်ဝန် ၃၂ ပတ်ရှိပြီဖြစ်သော မြန်မာအမျိုးသမီးတစ်ဦးသည် ဗိုက်နာသဖြင့် ဆေးရုံလာပြခဲ့ရာမှ သန်လုံးကောင်ကြီးအန်ချကြောင်း ဒွန်းစက်ဆေးရုံက ထုတ်ပြန်သည်။ အသက် ၂၇နှစ်အရွယ် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးသည် ဗိုက်အလွန်နာလာပြီးနောက် ငါးကြိမ်အထိ ပျို့အန်သဖြင့် နောက်တစ်ရက်တွင် ဒွန်းစက်ဆေးရုံသို့ လာရောက်ပြသကြောင်း မေလ ၃၁ ရက်က ထုတ်ပြန်ထားသည့် ဆေးရုံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဆေးရုံတက်ရောက်စေပြီး ကုသနေချိန် နှစ်ကြိမ်ပျို့အန်ရာ အရှည် ၁၀ နှင့် ၁၅ စင်တီမီတာအထိရှိကြသော သန်လုံးကောင် နှစ်ကောင်ကို အန်ချကြောင်း ဆိုသည်။ လူနာအားမေးမြန်းရာတွင် အသားများကို ကျက်အောင်ချက်ပြုတ်စားသောက်သော်လည်း ဟင်းသီးဟင်းရွက်များကို အစိမ်းစားလေ့ရှိသည်ဟုဖြေကြားကြောင်း ဖော်ပြပါရှိသည်။ အသားကို အစိမ်းမစားဘဲ ကျက်အောင်ချက်စားကြောင်း အဓိပ္ပါယ်ရသည့် “အစစ်တေပဲ့စားဟယ်။ အစိမ်းတွေမစားဟ” ဟု မြိတ်ဒေသအသံဖြင့် ထိုင်းသတင်းဌာနဖြစ်သော […]

ထိုင်းတွင် မောင်းပြေးရာမှ ကားတိမ်းမှောက်၊ မြန်မာလုပ်သားတစ်ဦးသေဆုံး ၁၀ဦးဒဏ်ရာရ

Dawei Watch

June 2, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် မြန်မာအလုပ်သမားများ လိုက်ပါသော ပစ်ကပ်ကားတစ်စီးသည် မြောင်းထဲထိုးကျ တိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး ၁၀ဦးဒဏ်ရာရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ မေလ ၃၁ရက် ည ၉နာရီခွဲတွင် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ နောလူအရပ်တွင် ကားတိမ်းမှောက်ခြင်း ဖြစ်သည်။ နယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများကို ကားဖြင့် ခေါ်ယူလာနေသည်ဟု သတင်းပေးတိုင်ကြားချက်ရရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အမှောင်ထဲတွင် ပစ်ကပ်ကား သုံးစီး အရှိန်ဖြင့်မောင်းနှင်လာကြောင်း ရေးသားထားသည်။ ရပ်တန့်စစ်ဆေးခံရန် ကားများကို အချက်ပြသော်လည်း အစစ်ဆေးမခံဘဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ကားဖြင့် တိုက်ကာ ထွက်ပြေးသွားကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရပြီး အရေးပေါ်ဆေးကုသရန် စန်ခရာဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ရကြောင်း ဖော်ပြသည်။ ယင်းနောက် ပစ်ကပ်ကားတစ်စီး မြောင်းထဲထိုးကျ တိမ်းမှောက်နေသည်ဟု ထပ်မံသတင်းပေးလာသဖြင့် […]

သရက်ချောင်း၊ ညောင်ဇင်ရွာက အမျိုးသားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

June 2, 2023

သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာက အသက် ၅၅နှစ်အရွယ် ဦးခင်ဇော်ဆိုသူ ဇွန်လ ၁ ရက် ည ၅ နာရီခွဲခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ နေအိမ်နှင့် အနည်းငယ်ဝေးသည့် လယ်ကွင်းအစပ်က ရေတွင်းတွင် ရေချိုးရန်သွားချိန် အမည်မသိ သေနတ်သမားတို့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ဦးခင်ဇော်မှာ စစ်ကောင်စီသတင်းပေးဒလန်ဟု နာမည်ထွက်နေသူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။သို့သော် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ “သူ့ကိုက ညကတည်းက ပစ်ခံရတဲ့နေရာမှာပဲ ဒီတိုင်းပစ်ထားတာ။ ဘယ်သူမှလည်း သွားမကြည့်ရဲဘူး။ အခုနေ့လယ်မှ အလောင်းသွားယူပြီး တစ်ခါတည်း မီးသင်္ဂြိုဟ်လိုက်တာ” ဟု ညောင်ဇင်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဦးခင်ဇော်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို မသိရသေးပေ။ […]

လောင်းလုံးကျေးရွာအချို့ ပြောင်းရွေ့ရမည်ဆိုသောသတင်းကြောင့် ထားဝယ်အိမ်ခြံမြေစျေးကွက်လှုပ်ခတ်

Dawei Watch

June 2, 2023

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီက ငါးရက်အတွင်း ပြောင်းရွှေ့ပေးရမည်ဆိုသည့် ကောလာဟလ သတင်းများ ပျံ့နှံ့လာသဖြင့် ဒေသခံများအကြားတွင် စိုးရိမ်စိတ်များဖြစ်ပေါ်နေသည်။ သို့သော် ယင်းသတင်းနှင့် ပတ်သက်၍ အတည်ပြုပေးနိုင်သူ မရှိသေးပေ။ ထားဝယ်အိမ်ခြံမြေ စျေးကွက်တွင်တော့ ယင်းသတင်းကြောင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်နေသည်။ အဆိုပါကောလာဟလမှာ မေလနောက်ဆုံးအပတ်မှစပြီး လူမှုကွန်ရက်တွင် ပျံ့နှံ့လာသလို ဒေသခံများကြားတွင်လည်း တီးတိုးပြောဆိုလာကြခြင်းဖြစ်သည်။ Dawei Watch က ဒေသခံများထံ ဆက်သွယ် စုံစမ်းမေးမြန်းချက်အရ ပြောင်းရွှေ့ရမည်ဟု ကောလာဟလသတင်း ထွက်ပေါ်နေသည့် ကျေးရွာများမှာ သဲပုံရွာ၊ သာယာကုန်း၊ စစ်ပြဲ၊ လေးသွန်းခံ၊ က‌ ထောင်းနီ၊ ကညုံကျွန်းနှင့် ကဒက်ငယ်ဆိပ်ရွာတို့ပါဝင်နေသည်။ ယင်းကျေးရွာများအပြင် အခြားကျေးရွာများလည်း ပါဝင်နိုင်သေးသည်။ “အဲသတင်းတော့ ကြားရတယ် လူတွေပြောနေကြတာ။ ရွာထဲမှာတော့ ပြောင်းနေတာရွှေ့နေတာ မျိုးတော့မရှိ သေးဘူး။ အေးဆေးနေတုန်းပါပဲ”ဟု သာယာကုန်းရွာက ဒေသခံတစ်ဦးကပြောသည်။ […]

တနင်္သာရီတိုင်း ဝန်ကြီးများအိမ်ရာကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ဟု လောင်းလုံးပကဖထုတ်ပြန်

Dawei Watch

June 2, 2023

တနင်္သာရီတိုင်း၏မြို့တော် ထားဝယ်မြို့အတွင်းရှိ ဝန်ကြီးအိမ်ယာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဇွန်လ ၁ ရက်နေ့ကထုတ်ပြန်ခဲ့သည်။ မေလ ၃၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် ၈၁ မမ အမျိုးအစား လက်နက်ကြီးကိုးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်တွင် ကမြောကင်းတံတား အနီးရှိ ကင်းပုန်းဝတ်နေသော စစ်ကောင်စီတပ်သားများထံသို့လည်း လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ဟုပါရှိသည်။ ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များအကြား နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာ နှစ်ဖက်ပစ်ခတ်မှုမှ ပေါက်ကွဲခဲ့သော လက်နက်ကြီးကျည်ဆန်အစအချို့မှာ ထားဝယ်မြစ်ကမ်းနံဘေးရှိ ကျေးရွာအချို့၏ လူနေအိမ်များကြား ကျရောက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ” အနားမှာ လာကွဲသလိုပဲ ရင်တွေတောင်တုန်တယ်။ သက်ကြီးတွေနဲ့ ကလေးသူငယ်တွေကိုပဲ စိတ်ပူမိတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် နှစ်ဖက် ထိခိုက်၊ဒဏ်ရာရရှိမှုအခြေအနေကိုမူ […]

မြိတ်ဒေသထွက် ဒူးရင်းသီးအစေ့ ယမန်နှစ်ဈေး၏ ထက်ဝက်သာရ

Dawei Watch

June 2, 2023

ထိုင်းသို့ တင်ပို့သည့် မြိတ်‌ဒေသထွက် ဒူးရင်းသီးအစေ့ဈေးမှာ ဇွန်လ ၁ရက်တွင် တစ်ပိဿာလျှင် ၄၅၀၀ ကျပ်သာ ဈေးရှိသဖြင့် ယမန်နှစ် ပေါက်ဈေး၏ ထက်ဝက်ခန့်သာ ရရှိသေးကြောင်း ယင်းဈေးကွက်တွင်းမှ သိရသည်။ ပြီးခဲ့သည့်နှစ် မေလအတွင်းက ဒူးရင်းသီးအစေ့ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ကျော် ရှိခဲ့ပြီး ဇွန်လအစပိုင်းတွင် ၈၀၀၀ မှ ၈၅၀၀ ကျပ်အထိ ဈေးရှိခဲ့ကြောင်း ဒူးရင်းသီးအစေ့ဈေးကွက်မှ စုံစမ်းသိရှိရသည်။ ယခုနှစ်တွင် ဒူးသီးအစေ့ စဝယ်သည့် ဧပြီလအတွင်းက တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ရှိခဲ့ပြီး မေလအစပိုင်းတွင် ၂၅၀၀ ကျပ်ဖြစ်လာခဲ့ကြောင်း ဒူးရင်းသီးအစေ့ အဝယ်ဒိုင်အချို့ထံမှ သိရသည်။ မေလ ၂ဝရက် နောက်ပိုင်းမှစပြီး တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဖြစ်လာခဲ့ကြောင်း ဒူးရင်းသီးအစေ့အဝယ်ဒိုင်တစ်ဦးက ပြောသည်။ ယင်းနောက် ဇွန်လဆန်းတွင် ၄၅၀၀ […]