ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မင်းထိန်ရွာနေအိမ်ပေါ် လက်နက်ကြီးကျည်ကျပြီး အဘွားအိုနှင့် သမီးဖြစ်သူတို့သေဆုံး

Dawei Watch

June 1, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာတွင် နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၉၀ အရွယ် အဘွားအိုနှင့် အသက် ၅၀ ကျော်အရွယ်အမျိုးသမီးကြီးတစ်ဦး သေဆုံးကာ မိသားစုဝင်သုံးဦးခန့် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့ဖက်က ပစ်ခတ်သည့် လက်နက်ကြီးကျည် လေးလုံး မင်းထိန်ရွာအတွင်းသို့ ယနေ့ ဇွန်လ ၁ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၅၀ ကျော် အရွယ် ဒေါ်ငွေရှင်နှင့် ၎င်း၏ မိခင်ဖြစ်သူတို့ သေဆုံးကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးကျည် ကျပြီးနောက် တစ်နာရီဝန်းကျင်ခန့် အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည်ဟု သတင်းကြားရကြောင်း ဒေသခံများက ဆိုသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက […]

ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သ‌ဖြင့် အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

June 1, 2023

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဇွန်လ ၁ ရက် နေ့လယ်ပိုင်းတွင် ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင်စေတီ တောင်တက်လမ်း အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “အရက်ကြောင်ပြီး (ကလိန်အောင်) တံတားဂိတ်ကို ဆိုင်ကယ်ဖြတ်သွားတုန်း အော်ဆဲလို့ ဂိတ်က ပစ်တာမထိဘူး။ ပြီးတာနဲ့ ဆိုင်ကယ်ကို ဘုရားတောင်ပေါ် မောင်းသွားတယ်။ စစ်တပ်ကလည်း လိုက်သွားတယ်” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။ တောင်ပေါ်က ဆင်းလာချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆက်လက်ကြားသိရကြောင်း ၎င်းက ပြောဆိုသည်။ သေဆုံးသူမှာ ကိုနိုင်ဦးဆိုသူဖြစ်ပြီး မွန်ပြည်နယ် ရေးမြို့နယ်မှဖြစ်ကာ ကလိန်အောင်ဆံတော်ရှင်ဘုရား တောင်ခြေရှိ အင်းပြားရွာတွင် […]

၃ နှစ်တာ အတွင်း Elon Musk  ၏ ပထမဆုံး တရုတ်ပြည် ခရီးစဉ်

Dawei Watch

June 1, 2023

Tesla ၏ အမှုဆောင်အရာရှိချုပ် Elon Musk သည် သုံးနှစ်တာအတွင်း ၎င်း၏ပထမဆုံးခရီးစဉ်အဖြစ် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည်။ မေလ ၃၀ ရက်နေ့တွင် ဘေဂျင်းသို့ ရောက်ရှိခဲ့ပြီးနောက် Musk သည် ရှန်ဟိုင်းရှိ Tesla ၏ ထုတ်လုပ်ရေး စက်ရုံကြီး သို့ သွားရောက်လည်ပတ်ရန် မျှော်လင့်ထားသည်။ ဘီလျံများစွာ ကြွယ်ဝသော နည်းပညာလုပ်ငန်းရှင် ဖြစ်သည့် Musk သည် တရုတ်နိုင်ငံ သို့ ဆိုက်ရောက် ပြီး နာရီပိုင်းအတွင်း နိုင်ငံခြားရေးဝန်ကြီး Qin Gang နှင့် ဦးစွာ တွေ့ဆုံခဲ့သည်။ အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုများ ပိုမိုမြင့်တက်နေသည့်အကြား ဤသို့ စတင်လိုက်သော ခရီးစဉ်နှင့် ပတ်သက်၍ Musk က လူသိရှင်ကြား […]

ထားဝယ်မြို့အနီးတွင် မနေ့ညက လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ

Dawei Watch

June 1, 2023

ထားဝယ်မြို့ ကမြောကင်းလမ်းနှင့် ကမြောကင်းတံတားအနီးတွင် မနေ့ည (မေ ၃၁)က လက်နက်ကြီး ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့သည်ဟု ထားဝယ်မြို့ခံများထံမှသိရသည်။ မေလ ၃၁ ရက် ည ၁၀ နာရီ ခွဲကျော်ခန့်စပြီး ပစ်ခတ်ပေါက်ကွဲသံ များထွက်ပေါ် လာသည်ဟု ထားဝယ်မြို့ခံတစ်ဦးကပြောသည်။ “အိမ်ပါတုန်သွားတယ် လက်နက်ကြီးက ဆယ်ချက်ထက်မနည်းဘူး။ ကမြောကင်း တံတားဘက်ကရော မြို့ထဲကရောပဲ”ဟု ၎င်းဒေသခံကပြောသည်။ အဆိုပါလက်နက်ကြီးကို မြို့ထဲကင်းလှည့်နေသည့် စစ်ကောင်စီတပ် နှင့် ကမြောကင်းတံတား ဂိတ်ဘက်က ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။ အထက်ပါပြောဆိုချက်အပေါ်  Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ အဆိုပါလက်နက်ကြီးကျဉ်ဆန်အချို့မှာ ထားဝယ်မြစ်ကမ်းဘေးရှိ လောင်းလုံးဘက်ခြမ်းမှ ကျေးရွာအချို့ကိုလည်းကျရောက်ခဲ့ ကြောင်း  ထားဝယ်မြစ်၏ တစ်ဖက်ကမ်းမှ ဒေသခံများကပြောကြသည်။ “ပေါက်ကွဲသံကတော်တော်ပြင်းတယ်။ ကလေးတွေတောင်လန့်တယ်။ မနည်း ချော့ယူထားရတယ်။ ပေါက်ကွဲသံထွက်ပြီးတာနဲ့ အိမ်ခေါင်မိုးပေါ် ခဲလုံး […]

ပုလော နန်းပရုပ်ရွာအနီး တိုက်ပွဲဖြစ်

Dawei Watch

May 31, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာအနီး မေလ ၃၀ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်က နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်ထံမှ သိရသည်။ နန်းပရုပ်ရွာအနီး ကင်းပုန်းဝပ်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) တပ်ရင်းတို့ မိနစ် ၃၀ အကြာ တိုက်ပွဲဖြစ်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၁) တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က ညနေ ၅ နာရီအထိ လက်နက်ကြီးဖြင့် အများအပြား ပစ်ခတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကမူ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။ ပုလောမြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တိုက်ပွဲများ ပိုမိုပြင်းထန်လာသဖြင့် ပုလော မြို့နယ် […]

ရေး-သံဖြူဇရပ်ကားလမ်းတွင် တိုက်ပွဲဖြစ်၊ အရပ်သားတစ်ဦး သေဆုံး

Dawei Watch

May 31, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံအရပ်သားတစ်ဦး ကျည်ထိမှန်သေဆုံးသွားကြောင်းသိရသည်။ မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်က သံဖြူဇရပ်မြို့ဘက်မှ ရေးမြို့ဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကား ၄ စီးနှင့် ရိက္ခာတင်ကား ၅ စီးပါ ယာဥ်တန်းကို ပိန္နဲတောကျေးရွာနှင့် ရွာသာအေးကျေးရွာကြားတွင် တစ်ကြိမ်၊ ဘေးလမိုင်းကျေးရွာအနီးတွင် တစ်ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းအပြင် ရွာသာအေးကျေးရွာတွင် စစ်ကောင်စီ ယာဥ်တန်းအား လမ်ကင်းယူပေးနေသည့် လမ်းကင်းအဖွဲ့ကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ “ရေးဘက်ကို ဆင်းလာတဲ့ စစ်ကားတွေကို PDF တွေက စောင့်ပြီး ပစ်တာတဲ့။ စစ်တပ်ဘက်ကလည်း ပြန်ပစ်တယ်။ ဒီလမ်းမှာ စစ်ကားတွေ ခဏခဏတိုက်ခိုက်ခံနေရတယ်” […]

မြိတ်-တနင်္သာရီလမ်းတွင် စစ်ယာဥ်တန်းကို သုံးနေရာဆက်တိုက် မိုင်းဆွဲတိုက်ခိုက်

Dawei Watch

May 31, 2023

မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းတွင် စစ်ယာဥ်တန်း သုံးနေရာဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ မြိတ်ဘက်မှ တနင်္သာရီမြို့ဘက်သို့ သွားသည့် စစ်ယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့နံနက်တွင် သုံးနေရာဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ ကပြောသည်။ “ချောင်းညီကို၊ ရန်းဖို၊ဘန်းလမွှတ် အဲဒီအနားတဝိုက်မှာ အဆွဲခံရတယ်။ မိုးတောင်မလင်းသေးဘူး။ ကားတစ်စီးတော့ (လိပ်နေ) ပက်လက်လန်နေတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ သို့သော် ပက်လက်လန်နေသည့် ကားအမျိုးအစားကို မသိရှိရသလို အသေးစိတ်အခြေအနေကိုလည်း သိရှိရခြင်း မရှိပေ။ မိုင်းဆွဲခံရသည့် ယာဥ်တန်းတွင် ဗီဂိုကားတစီး၊ စစ်ကားကြီးနှစ်စီးနှင့် ကျောက်တင်ကားကြီး တစ်စီးပါဝင်သည်ဟု ဒေသခံများ ကပြောသည်။ မိုင်းဆွဲခံရပြီးနောက် ယင်းနေရာအနီးတောအတွင်းသို့ လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည့် အသံများကိုလည်း ကြားခဲ့ရသည်ဟု ဒေသခံများကပြောသည်။ “ပစ်လိုက်တာကတော့ သဲကြီးမဲကြီးကို ပစ်တာ”ဟု ဒေသခံနောက်တဦး ကပြောသည်။ မိုင်းဆွဲခံရသည့်အတွက် အထိအခိုက်သေဆုံးမှုကိုတော့ […]

လောင်းလုံး သောကြာပြင်ရွာတွင် ထွေအုပ်ဝန်ထမ်း အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

Dawei Watch

May 31, 2023

လောင်းလုံးမြို့နယ်၊ သောကြာပြင်ကျေးရွာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း အမျိုးသမီးတစ်ဦး ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၄၀ ကျော်ရှိ ‌ထွေအုပ်ဝန်ထမ်း ဒေါ်ဆွေဆွေမိုးသည် သာရဂမြို့ဟောင်းရွာစာရေးမဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် သောကြာပြင်ရွာရှိ ဆွေမျိုးအိမ်တွင် လာရောက်နေထိုင်နေကြောင်း ဒေသခံအချို့က ဆိုသည်။ အာဏာသိမ်းပြီးနောက် အလုပ်ထွက်လိုက်သည်ဟုပြောဆို‌သော်လည်း နောက်ပိုင်းတွင် လောင်းလုံးမြို့နယ် ထွေအုပ်ရုံးတွင် အလုပ်ဆင်းနေသည်ကိုမြင်တွေ့နေရကြောင်း သောကြာပြင်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “အရင်တုန်းက မှတ်ပုံတင်တွေ ထောက်ခံစာတွေလုပ်ပေးတယ်။ ကိုဗစ်ဆေးလက်မှတ်သွားထုတ်ချိန်ဆိုလည်း သူ့ကို မြင်ရတယ်။ ပုံမှန်ရုံးကိုသွားနေတာပဲ။ ရုံးကိုသွားနေလို့ သူ့ကိုဆိုင်ကယ်နဲ့ နောက်ကနေလိုက်ပြီး သတိပေးနေတယ်ဆို ပြောတယ်” ဟု ၎င်းက ပြောသည်။ ဒေါ်ဆွေဆွေမိုး အလုပ်ကအပြန် အိမ်ထဲဝင်မည့်အချိန် ဆိုင်ကယ်ဦးထုပ်ဆောင်းထားသူ အမျိုးသားနှစ်ဦးက […]