ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးတွင် အဖမ်းခံထားရသူများသဖြင့် အချုပ်ခန်း ပြည့်လျှံနေဟုဆို

Dawei Watch

May 31, 2023

လဝကရုံးနှင့် မြို့မရဲစခန်းအပါအဝင် လောင်းလုံးမြို့ပေါ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရသူများပြား‌နေသဖြင့် အချုပ်ခန်းပင် ပြည့်လျှံနေကြောင်း မြို့မရဲစခန်းနှင့် နီးစပ်သူအချို့က ပြောသည်။ မြို့မရဲစခန်းရှိ အချုပ်ခန်းတွင် မဆံ့တော့သဖြင့် ဖမ်းဆီးထားသူအချို့ကို ထောင်အချုပ်ကားပေါ်တွင်ပင် ထိန်းသိမ်းထားသည်ကို တွေ့ရကြောင်း ‌၎င်းတို့က ပြောဆိုသည်။ “အပြင်မှာလည်း ဒီလိုပဲပြောနေကြတယ်။ အချုပ်ခန်းတောင် (နေရာ) မလွတ်တော့လို့ ထောင်ကားပေါ်မှာတောင် အယောက်သုံးဆယ်လောက်ရှိတယ်တဲ့။ လက်ထိပ်ခတ်ပြီး (အချုပ်ကားကို) အပြင်ကနေ သော့ခတ်ထားတယ်လို့‌ပြောနေကြတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ မေလ ၂၃ ရက်က လောင်းလုံးမြို့မရဲစခန်း၊ လဝကရုံးနှင့် စစ်‌ဖက်ရေးရာလုံခြုံရေး (စရဖ) ရုံးတို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့နှစ်ခုက ပူးပေါင်းစီးနင်းတိုက်ခိုက်ခဲ့ပြီး လဝက ဒုဦးစီးမှူးတစ်ဦးသေဆုံးခဲ့သည်။ ယင်းနေ့ညအချိန်တွင်ပင် လောင်းလုံးမြို့ပေါ်တွင် စစ်ကောင်စီက စစ်ဆေးဖမ်းဆီးမှုများ စတင်ပြုလုပ်ခဲ့သည်။ ယင်းနောက် မေလ ၂၆ ရက်က စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲကလေးနှင့်အဖွဲ့ကို […]

ထားဝယ်မြို့ခံ အမျိုးသားနှစ်ဦး စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံး

Dawei Watch

May 31, 2023

ထားဝယ်မြို့ခံ အမျိုးသားနှစ်ဦး မေလ ၃ဝရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးကြောင်း မြို့ခံအချို့က ပြောသည်။ မေလ ၃၀ ရက် ည ၉ နာရီခွဲခန့်က ဘုံမ္မော်ရပ်ကွက် စောမိညိုလမ်းဆုံဘက်က သေနတ်သံများ အချက်ရေ ၅၀ ခန့်ကြားရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “ညက သေနတ်သံ ဖောင်း… ဖောင်း… ဆိုပြီး နှစ်ချက်ကြားတယ်။ ပြီးမှ သေနတ်သံတွေ ထပ်ကြားတယ်ပေါ့နော်” ဟု ကြက်စားပြင်ရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ လမ်းဘေးခွေးများကို ခွေးစာကျွေးရန် ဆိုင်ကယ်ဖြင့် သွားသည့် အမျိုးသားနှစ်ဦးသည် စစ်ကောင်စီလှည့်ကင်းနှင့် တွေ့ပြီး ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။ သေဆုံးသူတစ်ဦးမှာ ထားဝယ်မြို့ ဇရစ်ရပ်တွင် နေထိုင်သည့် အသက် ၃၇ နှစ်ခန့်ရှိ […]

ထိုင်းတွင် မြန်မာလုပ်သား ၁၈ဝခန့် ဘတ်သုံးသိန်းခွဲကျော် လိမ်လည်ခံရ

Dawei Watch

May 30, 2023

အလုပ်သွင်းပေးမည်၊ ပန်းရောင်ဘတ်ဟုခေါ်သည့် ယာယီနေထိုင်လုပ်ကိုင်ခွင့်လက်မှတ်သစ် ပြုလုပ်ပေးမည်ဟုဆိုကာ ထိုင်းနိုင်ငံသားပွဲစားများက မြန်မာအလုပ်သမားများထံမှ ဘတ်ငွေသုံးသိန်းခွဲကျော် လိမ်လည်သွားကြောင်း အလုပ်သမားများက ပြောသည်။ ထိုင်းနိုင်ငံ ပထုံဌာနီခရိုင် ရန်စစ်ဒေသရှိ စက်ရုံတစ်ရုံတွင် အလုပ်သွင်းပေးမည်ဟု ပွဲစားများက ပြောဆိုကြောင်း အလုပ်သမားများနှင့် အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။ ထိုင်းပွဲစားများသည် အဖွဲ့လိုက် လုပ်ဆောင်ကာ မြန်မာအလုပ်သမားကို လိမ်လည်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ မြန်မာအလုပ်သမားများတွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသူများ၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးထားသူများ၊ အထောက်အထား မရှိသေးသူများ စုစုပေါင်း ၁၈၀ ခန့် လိမ်လည်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ နေထိုင်လုပ်ကိုင်ခွင့် သက်တမ်းကုန်အလုပ်သမားများ နောက်စက်ရုံတွင် အလုပ်ဆက်လုပ်ကိုင်နိုင်ရန်၊ အထောက်အထား မရှိသေးသောသူများ ပန်းရောင်ဘတ်အသစ်ရိုက်ပြီး စက်ရုံတစ်ခုတွင် အလုပ်သွင်းပေးရန်ဟုဆိုကာ ထိုင်းအလုပ်ပွဲစားများက ငွေကြိုတင်ကောက်ခံထားကြောင်း အလုပ်သမားများက […]

ရေဖြူ ကျောက်ကညာရွာက ကုန်စုံဆိုင်အချို့ကို ရက်ကန့်အသတ်မရှိ ရောင်းခွင့်ပိတ်

Dawei Watch

May 30, 2023

ရေဖြူမြို့နယ် ကျောက်ကညာရွာက အနည်းဆုံးကုန်စုံဆိုင်ကြီးနှစ်ဆိုင်ကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ရောင်းချခွင့်ပိတ်လိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ မေလ ၂၃ ရက်က ကျောက်ကညာရွာတွင် စစ်ကောင်စီတပ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံရွာသား ၂၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး အနည်းဆုံးကုန်စုံဆိုင်နှစ်ဆိုင်ကိုလည်း ရောင်းချခွင့်ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ကျန်ကုန်စုံဆိုင်တွေလည်း ဖွင့်လှစ်ရောင်းချခြင်းမရှိကြောင်း ၎င်းတို့က ပြောဆိုသည်။ “လောလောဆယ်တော့ ပိတ်ထားတာ နှစ်ဆိုင်လို့သိရတယ်။ ကျန်တဲ့ဆိုင်တွေကတော့ ပိတ်ထားတာလား၊ မဖွင့်ရဲလို့ မဖွင့်တာလား မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ‌ဖမ်းဆီးခံရထားရသည့် ဒေသခံများအနက် အချို့မှာလည်း ယနေ့အချိန်အထိ ပြန်လည် မလွတ်မြောက်လာသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်ကားမှာ ဈေးရောင်းခွင့်ပိတ်ခံရသည့် နေရာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်က အရာရှိအဆင့်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် […]

ဇရပ်ဆိပ်ရွာကို စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်ဝင်ရောက်၊ ရွာသားခုနစ်ဦးထက်မနည်းဖမ်းဆီးခံရ

Dawei Watch

May 30, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဝင်ရောက်ခဲ့ပြီး ရွာသားအချို့ကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၂၈ရက် နံနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇရပ်ဆိပ်ကျေးရွာသို့ ရောက်ရှိလာပြီး အမျိုးသား လေးဦးနှင့် အမျိုးသမီး သုံးဦးကို ပုလောမြို့သို့ ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။ နောက်တစ်ရက် မေလ ၂၉ ရက်ညတွင်လည်း ထပ်မံပြီးလာရောက်မွှေနှောက်ရှာဖွေခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။ “ညကလည်း ပြန်လာမွှေသေးတယ်။ လူတွေလည်း အကုန်ပြေးကုန်ကြပြီ။ ဖုန်းတွေလည်း အကုန်စက်ပိတ် ထားကြတော့ အကျိုးအကြောင်း မေးလို့မရဘူး” ဟု ဇရပ်ဆိပ်ဒေသခံများနှင့် ဆွေမျိုးနီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်က ဇရပ်ဆိပ်ဒေသခံများကို မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ဖမ်းဆီးခဲ့သည်ကို မသိရှိရသေးသလို ဖမ်းဆီးခံရသည့် အရေအတွက် အတိအကျကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ဇရပ်ဆိပ်ရွာတွင် […]

မြိတ်တွင် ဝက်သားပေါက်တစ်ကောင်ဈေး နှစ်သိန်းကျပ်အထိဈေးပေါက်

Dawei Watch

May 30, 2023

မြိတ်မြို့တွင် လေးဆယ်ငါးရက်သား ဝက်သားပေါက် (မွေးမြူရေးဝက်) တစ်ကောင်လျှင် နှစ်သိန်းကျပ်အထိ ဈေးပေါက်နေကြောင်း ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတို့ထံမှ သိရသည်။ အဆိုပါ မွေးမြူရေးဝက်တို့အား ဝက်ချောဟု ခေါ်ဝေါ်လေ့ရှိကြပြီး တစ်နိုင်တစ်ပိုင်နှင့် အကောင်ရေဆယ်ဂဏန်းမှ ရာဂဏန်းအထိ ခြံကြီးတို့ဖြင့် စီးပွားဖြစ်မွေးမြူလေ့ရှိကြသည်။ “ဝက်သားပေါက်က အုပ်လိုက်ဆို တစ်သိန်းခုနှစ်သောင်းဈေး။ တစ်ကောင်ချင်းဆို နှစ်သိန်းအထိ ပေါက်နေပြီ” ဟု ဝက်မွေးမြူရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ဝက်သားပေါက်အကောင်ရေ ဆယ်ဂဏန်းအထက်ဆိုပါက တစ်ကောင်လျှင် တစ်သိန်းခုနစ်သောင်းကျပ်ဈေးရှိပြီး တစ်ကောင်ချင်း ဝယ်ယူပါက နှစ်သိန်းကျပ်ဈေး ဖြစ်သည်။ ပြီးခဲ့သည့်နှစ် မေလအတွင်းက ဝက်သားပေါက်တစ်ကောင်လျှင် တစ်သိန်းမှ တစ်သိန်းနှစ်သောင်းကျပ်အထိသာ ဈေးရှိသဖြင့် နှစ်ဆတိုးနီးပါးအထိ ဈေးမြင့်တက်လာကြောင်း ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ “ဈေးများဆို ကုန်ဈေးနှုန်းရော၊ ဝက်စာဈေးလည်း အစစဈေးတက်တော့ ဝက်ဈေးလည်း လိုက်တက်တာပေါ့” ဟု အထက်ပါ ဝက်မွေးမြူရေးလုပ်ကိုင်နေသူက ပြောဆိုသည်။ […]

ကလိန်အောင်၊ ကျောက်ရှပ်ရွာအနီးက စစ်ကောင်စီတပ်ရင်း ပစ်ခတ်တိုက်ခိုက်ခံရ

Dawei Watch

May 29, 2023

ရေဖြူမြို့နယ် ကျောက်ရှပ်ရွာအနီးတွင် ယနေ့(မေ ၂၉)မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ ကျောက်ရှပ်ရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လာရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ နှစ်ဖက်အပြန်အလှန်တိုက်ပွဲမှာ တစ်နာရီနီးပါးကြာမြင့်ခဲ့ကြောင်း ဒေသခံတစ်ဦးကဆိုသည်။ “မနက် ၅ နာရီလောက်ကနေ ၆ နာရီလောက်အထိ လက်နက်ကြီးအသံတွေ ဆက်တိုက်ကြားရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ ကျောက်ရှပ်ရွာသည် ကလိန်အောင်မြို့အနီး ရေး-ထားဝယ်ကားလမ်းမပေါ်တွင် တည်ရှိပြီး စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၄၀၈၊ ၄၀၉၊ ၄၁၀ တို့ အခြေစိုက်သည်။ ယင်းတပ်ရင်းများအနက် မည်သည့်တပ်ရင်းကို လာရောက်တိုက်ခိုက်သည်ကိုမူ အတည်မပြုနိုင်သဖြင့် ဆက်လက်မေးမြန်း စုံစမ်းနေဆဲသာရှိသေးသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက်တွင်မူ မောရဝတီရေတပ်မှ စစ်ကားတစ်စီးနှင့် ကျည်းတပ်မှစစ်ကားတစ်စီး ကလိန်အောင်မြို့ပေါ်တွင် ကင်းလှည့်နေကြောင်း မြိုခံအချိူ့ကပြောသည်။ ကလိန်အောင်-ထားဝယ် ကားလမ်းပိုင်းအသုံးပြုသည့် ယာဥ်များမှာလည်း တိုက်ပွဲကြောင့် ရှေ့ဆက်မရဘဲ လမ်းခတ္တပိတ်သွားခဲ့ပြီး မနက် […]

ကန်ချနဘူရီတွင် အရှိန်ဖြင့်မောင်းပြေးသည့်ကားပေါ်က မြန်မာလုပ်သား ၁၇ ဦး ဖမ်းဆီးခံရ

Dawei Watch

May 29, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အဝေးပြေးလမ်းမပေါ်တွင် အရှိန်ဖြင့်မောင်းပြေးသွားသော ကားပေါ်က တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၇ ဦးကို မေလ ၂၈ ရက်တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထို့ဖာ့ဖမ်း-စိုင်ယွတ် အမြန်လမ်းမပေါ်တွင် SUV အိမ်စီးကားတစ်စီးသည် အစစ်ဆေးမခံဘဲ အရှိန်ဖြင့် မောင်းပြေးခဲ့သဖြင့် ရဲတပ်ဖွဲ့က ၁၀ ကီလိုမီတာခန့်အကွာအထိ လိုက်လံဖမ်းဆီးခဲ့ကြောင်း ရေးသားထားသည်။ ကားတစ်စီးလုံး၏ မှန်များကို အပြင်က မမြင်နိုင်စေရန် အနက်ရောင်အပြားဖြင့် ကာထားပြီး ကားထဲတွင် မြန်မာအလုပ်သမား ၁၇ ဦးနှင့် ကျောပိုးအိတ်များကို တွေ့ရှိခဲ့ရကြောင်း ဆိုသည်။ ထိုင်းနိုင်ငံသား ကားမောင်းသမားကိုပါ ဖမ်းဆီးရမိခဲ့ပြီး ၎င်းသည် ဘတ်ငွေသုံးထောင် ရယူကာ မြန်မာအလုပ်သမားများကို ထို့ဖာ့ဖမ်းဒေသမှတစ်ဆင့် ကန်ချနဘူရီမြို့ထဲသို့ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ကားသမားက ထွက်ဆိုကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားတစ်ဦးကို […]