ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရ

diz_admin

April 27, 2023

တနင်္သာရီမြို့နယ်၊ သဲဖြူကျေးရွာက ပြန်လည်ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ဧပြီလ ၂၆ ရက်တွင် နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်မိုင်းဆွဲခံရကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း၌ရှိသည့် သဲဖြူကျေးရွာကို မတ်လ ၂၈ရက်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်ဝင်ရောက်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းနောက် ဧပြီလ ၂၆ ရက် နံနက်တွင် သိန်းခွန်းကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာလာစဉ် ကြားဖြတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ တိုက်ပွဲဖြစ်ပြီးနောက် ဆက်လက်ဆုတ်ခွာရာ သိန်ခွန်းနှင့် ချောင်းနှစ်ပေါက်ရွာအနီးတွင် မဟာမိတ်တပ်ပေါင်းစုမှ ဗိုလ်စူပါအဖွဲ့က ထပ်မံမိုင်းဆွဲတိုက်ခိုက်မှုကြောင့် အထိအခိုက်သေဆုံးများပြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “မနေ့ကဖြစ်စဉ်တွေကြောင့် ဟိုဘက် (စစ်ကောင်စီဖက်) မှာ အထိအခိုက်အကျဆုံးရှိတယ်လို့ သိရတယ်။ ဘယ်လောက်ဆိုတာတော့ မသိရသေးဘူးပေါ့” ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက […]

ကင်ဂျုံအန်၏ ချစ်လှစွာသော ကလေးကြောင့် မြောက်ကိုးရီးယားတွင် ပြည်သူများ၏ မကျေနပ်မှု မြင့်တက်ဟုဆို

diz_admin

April 27, 2023

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ “အချစ်ဆုံးကလေး” ဂျူအယ်သည် တန်ဖိုးကြီးသော အဝတ်အစားနှင့်အတူ စည်းစိမ်အပြည့်နေထိုင်နေမှုမှာ အငတ်ဘေးကို ဖြတ်သန်းနေကြရသည့် မြောက်ကိုရီးယားပြည်သူများအတွက် မကျေမနပ်ဖြစ်မှုကို မြင့်တက်လာစေသည်ဟု တောင်ကိုရီးယားမှ လွှတ်တော်အမတ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “မြောက်ကိုရီးယားနိုင်ငံသားအများစုဟာ ပြင်းထန်တဲ့ ကန့်သတ်ချုပ်ချယ်မှုအောက်မှာ နေထိုင်နေ ကြရပါတယ်။ ဒါကြောင့် ခေတ်မီအဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ ဂျူအယ် ရဲ့ ပျိုမြစ်မှုပုံရိပ်က ပြည်သူတွေကို စိတ်ပျက်စေတာပါ” ဟု တောင်ကိုရီးယားနိုင်ငံ ၊ အမျိုးသား လွှတ်တော် ဆိုင်ရာ ထောက်လှမ်းရေးကော်မတီ၏ အမှုဆောင်အတွင်းရေးမှူး ယူးဆန်းဘုမ်း  က ပြောကြားခဲ့သည်။ ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး တံခါးပိတ်သတင်းစာရှင်းလင်းပွဲတွင် ယူး၏ပြောကြားမှုအရ လက်ရှိတွင် အသက် ၁၀နှစ်ဟု ယူဆရသည့် ဂျူအယ်သည် နှင်းလျှောစီးခြင်းနှင့် မြင်းစီးခြင်း ကဲ့သို့သော ငွေကုန်ကြေးကျများသည့် ကိစ္စများကို ပိုင်ဆိုင်ထားပြီး ပညာသင်ကြားမှုကိုမူ နေအိမ်မှသာ ဆောင်ရွက်ကြောင်း […]

မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ရောက်ရှိ

diz_admin

April 27, 2023

မိုးလေဝသဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ယခုနှစ် (၂၀၂၃ခုနှစ်) သည် မြန်မာနိုင်ငံတွင် အပူဆုံးနှစ်အဖြစ် စံချိန်တင်နိုင်ဖွယ်ရှိပြီး နိုင်ငံ၏ မြို့ကြီး ၁၀ မြို့ထက်မနည်းတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။ ကလေးဝနှင့် ညောင်ဦးကဲ့သို့ ဒေသများတွင် ဧပြီလ ၁၈ ရက်နေ့က အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ် ကို ကျော်လွန်ခဲ့သည်။ ဆက်လက်ပြီး ကလေး၊ တမူး၊ မင်းပင်၊ မုံရွာ၊ မြင်းမူ၊ မြင်းခြံ၊ ချောက်နှင့် ပခုက္ကူမြို့များတွင် နေ့အပူချိန်သည် အမြင့်ဆုံး ၄၃ မှ ၄၄ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့သည်။ နိုင်ငံ၏ အပူဆုံးဒေသများအနက် အများစုမှာ မြန်မာနိုင်ငံအလယ်ပိုင်းတွင်း ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးကဲ့သို့သော နေရာများတွင် ပျမ်းမျှနေ့အပူချိန်ထက် […]

ပုလောတွင် ခရီးသွားပြည်သူနှစ်ဦးပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

diz_admin

April 26, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ခရီးသွားပြည်သူနှစ်ဦး ပစ်ခတ်ခံရပြီး နောက်ထပ်သားအဖနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများ ထံမှသိရသည်။ ဧပြီလ ၂၅ ရက် ညနေက ခရီးသွားပြည်သူ အမျိုးသားနှစ်ဦး မင်းထိန်ရွာမှ ပုလောမြို့သို့ ပြည်ထောင်စု လမ်းအတိုင်း ခြေလျင်သွားခဲ့ရာ ပဝတ်ကုန်းရွာအနီးတွင် ပစ်ခတ်ခံရပြီး တစ်ဦးမှာသေဆုံးကာ နောက်တစ်ဦးမှာ လက်မောင်းနှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ “ပဝတ်ကုန်းရွာထိပ်မှာ အပစ်ခံရတာ။ တစ်ဦးက မှောက်ပြီး သေနေတယ်။ အလောင်းလည်း ကောက်သူ မရှိဘူး။ သူ့အဖော်က ဒဏ်ရာတွေနဲ့ မင်းထိန်ရွာဖက်ကို ပြန်ပြေးလာတယ်” ဟု မင်းထိန်ရွာ ဒေသခံအမျိုးသားက ဆိုသည်။ အသက် ၃၀ အရွယ် အဆိုပါအဆိုပါအမျိုးသားနှစ်ဦးမှာ ပုလောဒေသခံများမဟုတ်ဘဲ ရခိုင်တိုင်းရင်းသား လေသံမျိုးဖြင့် စကားပြောဆိုကြောင်း ဒေသခံများက ပြောဆိုသည်။ မင်းထိန်ရွာတွင် […]

ဘီးလင်းမြို့နယ် အခွန်ရုံး တိုက်ခိုက်ခံရ

diz_admin

April 26, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့ ကန်သာယာရပ်ကွက်တွင် တည်ရှိသည့် မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနရုံး ယနေ့ ဧပြီလ ၂၆ ရက် နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဘီးလင်း-ဇုတ်သုတ်ကားလမ်းဘေးရှိ အဆိုပါရုံးကို နံနက် ၁ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တို့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ “ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ၊ အိမ်တွေပါ တုန်တယ်။ လူထိခိုက်မှုတော့ မရှိဘူး။ အခွန်ရုံးအဆောက်အအုံ ပျက်ဆီးတာတော့ ရှိတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။ တိုက်ခိုက်ခံရမှုကြောင့် အခွန်ရုံး အရှေ့မျက်နှာစာနှင့် အတွင်းပိုင်းနေရာအချို့ ထိခိုက်ပျက်ဆီးမှုရှိပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတို့၏ ပြောကြားချက်အရ သိရသည်။ ဖေဖော်ဝါရီလအတွင်းကလည်း ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရပြီး […]

တနင်္သာရီတိုင်းအတွင်း နှစ်ရက်ဆက် မိုးရွာနိုင်ဟုဆို

diz_admin

April 26, 2023

တနင်္သာရီတိုင်းအတွင်းတွင် ဧပြီလ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်ဆက်တိုက် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယင်းအပြင် နေ့အပူချိန်များ မြင့်တက်နေသည့် (၂၆ ရက်)ယနေ့တွင် ထားဝယ်မြို့၏ အမြင့်ဆုံးနေ့အပူချိန်မှာ ၃၉ ဒီဂရီစင်တီဂရိတ် (၁၀၂ ဒီဂရီဖာရင်ဟိုက်) အထိရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဧပြီလ ၂၅ ရက် မနေ့ ညနေပိုင်းက ထားဝယ်၊ ရေဖြူ၊ ကလိန်အောင်၊ လောင်းလုံး၊  သရက်ချောင်း၊ မြိတ်စသည့် နေရာတော်တော်များများတွင် မိုးထစ်ချုန်းရွာခဲ့သည်။ မိုးထစ်ချုန်းရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်းတို့ပါ ဖြစ်ပေါ်ခဲ့သည်။

ရွှေဘိုပေါ်ဆန်းစျေး ဆက်တိုက်တက်၊ ဆန်တစ်အိတ် ကျပ်တစ်သောင်းကျော်ထပ်တက်

diz_admin

April 26, 2023

ယခုရက်ပိုင်းအတွင်း ထားဝယ်နှင့် မြိတ်မြို့တို့တွင် ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် တစ်သောင်းကျပ်ကျော်အထိ စျေးထပ်တက်ခဲ့ကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။ ထားဝယ်ဆန်ဈေးကွက်တွင် ပြီးခဲ့သည့်အပတ်က ရွှေဘိုပေါ်ဆန်းအဟောင်း တစ်အိတ်လျှင် ၁၂၃၀၀၀ ကျပ်၊ ဆန်အသစ် ၁၁၂၅၀၀ ကျပ်သာရှိခဲ့ကြောင်း သိရသည်။ ယင်းနောက် ဧပြီလ ၂၅ ရက်နေ့မှစပြီး ဆန်ဟောင်းနဲ့ အသစ်တစ်ဈေးတည်းဖြစ်ခဲ့ပြီး တစ်အိတ်လျှင် ၁၂၃၀၀၀ ကျပ်ဖြစ်နေကြောင်း ထားဝယ်မြို့ရှိ ဆန်အရောင်းဆိုင်တို့မှ သိရသည်။ ဆန်အသစ်တစ်အိတ်လျှင် ၁၀၅၀၀ ကျပ် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြိတ်ဆန်ဈေးကွက်တွင် ဧပြီလ ၂၃ ရက်နေ့မှစပြီး ဆန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာနေကြောင်း ကုန်စုံအရောင်းဆိုင်တချို့က ပြောပြသည်။ “စတက်တုန်းကဆိုရင် ပေါ်ဆန်းမွှေးတွေပဲ ဈေးတက်တာ၊ ဆန်းကြမ်းကမတက်သေးဘူး၊ အခုက ဆန်ကြမ်းပါလိုက်တက်နေပြီ” ဟု ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့်အပတ်က မြိတ်စျေးကွက်တွင် […]

သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာမှ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်

diz_admin

April 26, 2023

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာက အသက် ၂၂ အရွယ် အမျိုးသားတစ်ဦး မနေ့(ဧပြီ ၂၅) ညနေပိုင်းက ဥတ္တူတံတားကို ဖြတ်လျောက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရွာသားအချို့က ပြောသည်။ ဥတ္တူတံတားမှာ ထားဝယ်-မြိတ်ကားလမ်း‌ပေါ်တွင်တည်ရှိပြီး သားကြီး(‌ခ) ကိုဇာနည်ထွေးကို စစ်ကောင်စီတပ်ဖွဲ့က လှမ်းခေါ်ရာ မလာသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ “သေတော့ မသေဘူး၊ ထားဝယ်ဆေးရုံမှာ၊ ခြေထောက်ကို ပစ်ချိုးတာလို့ပြောတယ်” ဟု သရက်နှစ်ခွရွာက အမျိုးသားတစ်ဦးက ပြောသည်။ ပစ်ခတ်ပြီးနောက် စိတ်မနှံ့သူမှန်းသိသဖြင့် မြတ်ပါရမီ အရေးပေါ်လူနာတင်ယာဉ်ကို ဖုန်းဆက်ခေါ်ပေးပြီး ဆေးရုံပို့ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ ပြီးခဲ့သည့် ၄ ရက်ခန့်ကလည်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာအုပ်စု၊ ကျုံးဂဏန်းရွာသား ကိုမျိုးဦးဆိုသူ ပစ်ခတ်ခံရပြီး လက်မောင်းနှင့် ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေသည်ဟု ဒေသခံအချို့က […]