ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်း၊ ကတွဲရွာက အမျိုးသားတစ်ဦးဖမ်းဆီးခံရပြီး နှစ်ရက်ကြာအထိ သတင်းမရ

diz_admin

February 7, 2023

သရက်ချောင်းမြို့နယ်၊ ကတွဲရွာက အမျိုးသားတစ်ဦးကို မျက်နှာဖုံးစွပ်ထားသည့် လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး နှစ်ရက်ကြာသည်အထိ သတင်းမရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၃၀ ကျော်အရွယ် ကိုအာကာ (ခေါ်) ကိုစိုးဝင်းနိုင်ဆိုသူမှာ ဖေဖော်ဝါရီလ ၅ ရက် ည ၈ နာရီခန့်တွင်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ၎င်းသည် ရန်ကုန်တွင် ရှစ်လခန့်သွားရောက်နေထိုင်ကာ ရွာသို့ ပြန်လာပြီး ၂ ရက်အကြာတွင် ဖမ်းဆီးခေါ်ဆောင် ခံရခြင်းဖြစ်ကြောင်း ကတွဲကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ ကိုအာကာကို ပရိုဘောက်ကားဖြင့် ရောက်လာသည့် မျက်နှာဖုံးစွပ်ထားသည့် အမည်မသိလူတစ်စုက ညနေစာထမင်းစားနေချိန် ဖမ်းဆီးခေါ်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သတ်မှန်း မသတ်မှန်းတော့ မသိဘူး။ ဖမ်းခေါ်သွားတာတော့ သိတယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ အဆိုပါအမျိုးသားသည် ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ် […]

ထိုင်းတွင် NGO အလုပ်ရမည်ဟုဆိုကာ မြန်မာလုပ်သားထံမှ ငွေလိမ်မှုများရှိလာ

diz_admin

February 7, 2023

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် NGO တွင် လုပ်အားခကောင်းကောင်းဖြင့် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ မြန်မာ အလုပ်သမားများထံမှ ငွေကြေးလိမ်လည်တောင်းခံမှုများရှိလာကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ ထိုင်းရောက်မြန်မာများစွာ ရှိနေသည့် All About Bangkok Facebook Group ထဲတွင် Lwin Yati Hnin May အမည်သုံးထားသည့် အကောက်တုဖြင့် လိမ်လည်ခြင်းဖြစ်သည်ဟု ဆိုသည်။ လုပ်ခလစာမက်လုံးအပြင် အခြားခံစားခွင့်များဖြင့် ဆွဲဆောင်ထားသော NGO အလုပ်တစ်ခုကို မြန်မာများလာရောက် လျှောက်ထားရန် ဇန်နဝါရီလ လကုန်ရက်များတွင် ယင်းဂရုထဲ အဆိုပါအကောင့်တုဖြင့် ရေးသားလာခဲ့ခြင်း ဖြစ်သည်။ အခြေခံလစာ ဘတ် ၁၇၀၀ဝမှ စတင်ရရှိမည်ဖြစ်ပြီး အသက် ၁၈နှစ်အထက်ရှိသော မြန်မာများကို အလုပ်လျှောက်လွှာ ခေါ်ယူခဲ့ပြီး လျှောက်ထားခအနေဖြင့် ဘတ် ၂၅၀ ကြိုတင်ကာ ကောက်ခံခဲ့ကြောင်း ကိုယ်တိုင်ကြုံရသည့် […]

ပလမြို့အနီး ယနေ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်

diz_admin

February 7, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီးတွင် ယနေ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ပလမြို့၊ အမှတ် (၁) အမှတ် (၂) ရပ်ကွက်ဖြစ်သည့် တိုရွာအနီး ပိကုန်းတောင်ဖက်တွင် ယနေ့ ဖေဖော်ဝါရီလ၇ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၃ နာရီကျော်သည် အထိတိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် ည ၆ နာရီခွဲမှ ၇ နာရီခွဲအထိ တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “မိုင်းတွေ ကွဲတာကလည်း တအုန်းအုန်းနဲ့ တောင်ယာမီးတိုက်နေသလိုပဲ။ မီးခိုးလုံးကြီးတွေ တက်နေတာ။ ပွဲက တော်တော်ကြမ်းတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုကို မသိရသေးသလို လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့်လည်း ထိခိုက်ပျက်စီးမှု […]

ထားဝယ်တွင် မီးသတ်အရေးပေါ်ဖုန်းများ ခေါ်ဆိုမရ၊ နံပါတ်သစ်ထုတ်ပြန်

diz_admin

February 7, 2023

ထားဝယ်မြို့နယ် မီးသတ်စခန်းတွင် တပ်ဆင်ထားသည့် ဖုန်းလိုင်းများပြတ်တောက်နေသည့်အတွက်ထားဝယ်ခရိုင်အတွင်း မီးလောင်ပါက ၀၉ ၆၉၆၁၉၁၁၉၁ သို့‌ အရေးပေါ်ဆက်သွယ်ခေါ်ဆိုရန် ထားဝယ်မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ်များဖြစ်သော ၁၉၁ အပါအဝင် ၀၅၉၂၁၀၁၇နှင့် ၀၅၉ ၂၃၄၄၈ တို့ ဆက်သွယ်ရေးပြတ်တောက်နေသောကြောင့် ခေါ်ဆိုမရဖြစ်နေကြောင်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် ထားဝယ်ခရိုင်အတွင်း မီးလောင်မှုများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဖြစ်ပွားပေါ်ပေါက်လာပါက အထက်ပါအ‌ရေးပေါ် ဖုန်းနံပတ်သစ်သို့ ခေါ်ဆိုအကူညီတောင်းခံရန် ထုတ်ပြန်ထားသည်။ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း မရမ်ကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိမြန်မာဆက်သွယ်ရေးလုပ်ငန်း အိပ်ချိန်းရုံး (MPT Exchange) ရုံး မီးလောင်သဖြင့် တစ်နိုင်ငံလုံးနီးပါးMPT ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေခြင်းဖြစ်သည်။

ကရင်လက်နက်ကိုင်နှစ်ဖွဲ့အကြား ငြိမ်းချမ်းစွာအဖြေရှာကြရန် ကရင်လူထု တောင်းဆို

diz_admin

February 7, 2023

တနင်္သာရီတိုင်းအတွင်းရှိ ကရင်လက်နက်ကိုင်နှစ်ဖွဲ့အကြား ဖြစ်ပွားနေသည့် ပြဿနာများကို ငြိမ်းချမ်းစွာ‌ဆွေးနွေးအဖြေရှာကြရန် တိုင်းအတွင်းနေ ကရင်ပြည်သူလူထုက တောင်းဆိုလိုက်သည်။ လက်ရှိတွင် KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်ကြား စစ်ရေးတင်းမာနေချိန် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်ယင်းကဲ့သို့ သဘောထားထုတ်ပြန်ချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ တပ်မဟာ ၄ မှာ တနင်္သာရီတိုင်းတွင် အခြေစိုက်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU – Karen National Union)၏ တပ်မဟာတစ်ခုဖြစ်ပြီး ကော်သူးလေတပ်မတော် တနင်္သာရီတိုင်းမှာ ဗိုလ်ချုပ်စောနယ်ဒါးမြ ဦးဆောင်မှု အောက်တွင်ရှိသော တပ်ဖွဲ့တစ်ခုဖြစ်သည်။ တနင်္သာရီတိုင်းတွင် ယင်းကရင်လက်နက်ကိုင် နှစ်ဖွဲ့အကြား မကြာခဏတင်းမာမှုများ ဖြစ်ပေါ်လေ့ရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က အထက်ပါကရင်လက်နက်ကိုင် နှစ်ဖွဲ့အကြား တင်းမာမှု အမြင့်ဆုံးဖြစ်ခဲ့သည်။ ထားဝယ်-ထီးခီးလမ်းရှိ ဝါးတောရွာအနီးတွင်း ယင်းအဖွဲ့နှစ်ဖွဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ကော်သူးလေတပ်မတော်ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။ လက်နက်ကိုင်အချင်းချင်း […]

တရားမဝင်ဗီဇာပြုလုပ်ပေးမှုဖြင့် ထိုင်းရဲဗိုလ်ချုပ်ကြီးအပါအဝင် ထိုင်းရဲ ၁၀၀ ကျော်ကို တရားစွဲ

diz_admin

February 7, 2023

တရုတ်လုပ်ငန်းရှင်များအပါအဝင် နိုင်ငံခြားသားများကို တရားမဝင် ဗီဇာပြုလုပ်ပေးမှုဖြင့် ထိုင်းရဲဗိုလ်ချုပ်ကြီး ၃ ဦးအပါအဝင် လဝက(လူဝင်မှုကြီးကြပ်ရေး) ရဲအရာရှိ ၁၁၀ ကို တရားစွဲထားကြောင်း Bangkok Post သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ၎င်းတို့မှာ တရားမဝင် ရရှိလာသော လာဘ်ပေးလာဘ်ယူမှုများနှင့် ဌာနဆိုင်ရာ စည်းကမ်းဖောက်ဖျက်မှုများဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ ဒုရဲဗိုလ်ချုပ်ကြီးဖြစ်သူ Pakphumpipat ကပြော ဆိုလိုက်သည်။ တရားစွဲခံရသူ အယောက် ၁၁၀ တွင် ရဲဗိုလ်ချုပ်ကြီး ၃ ဦးပါဝင်နေပြီး ကျန်အဆင့်အသီးသီးရှိသော ရဲအရာရှိများ ပါဝင်နေခဲ့ကြောင်း ဖော်ပြထားသည်။ လက်ရှိတရားစွဲဆိုထားသော အမှုများအပါအဝင် ဌာနအတွင်း စည်းကမ်းဖောက်ဖျက်မှုများစွာကိုလည်း ထပ်တိုးစုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဒုရဲဗိုလ်ချုပ်ကြီးက ပြောကြားထားသည်။ စုံစမ်းစစ်ဆေးမှုများကို ယခုအပတ်အတွင်း ပြီးမြောက်မည်ဟု မျှော်လင့်ထားပြီး ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ ရဲဗိုလ်ချုပ်ကြီးထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း‌ ဖော်ပြထားသည်။ တရားစွဲခံထားရသော လဝကရဲအရာရှိများသည် နိုင်ငံခြားသားများအတွက် […]

ရေဖြူမြို့နယ် ပညာရေးမှူးနေသည့် ဝန်ထမ်းအိမ်ရာကို မီးရှို့ထားသည့် ဓာတ်ဆီပုလင်းဖြင့်ပစ်

diz_admin

February 7, 2023

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ပညာရေးမှူးနေသည့် ဝန်ထမ်းအိမ်ရာကို ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းက မီးရှို့ထားသည့် ဓာတ်ဆီပုလင်းဖြင့် အပစ်ခံရကြောင်း တိုင်းပညာရေးမှူးရုံးနှင့် ရေဖြူမြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။ ဓာတ်ဆီပုလင်းပစ်ခံရသည့် နေရာမှာ အစိုးရဝန်ထမ်းများ နေထိုင်သည့် စုပေါင်းဝန်ထမ်းအိမ်ရာဖြစ်ပြီး မြို့နယ်ပညာရေးမှူးနေထိုင်သည့် ဝန်ထမ်းအိမ်ရာမှာ မီးလောင်ကျွမ်းမှုကြောင့် အနည်းငယ်ပျက်စီးသွားကြောင်း တိုင်းပညာရေးမှူးရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတို့က ပြောသည်။ “ဆရာကြီးက အဲ့နေ့က အပြင်ထွက်နေတာဆိုတော့ ဝန်ထမ်းအိမ်ရာမှာ မရှိဘူး။ အခန်းတော့ ယူတော့ယူထားတယ်။ အဲ့ဒီမှာ ခဏတဖြုတ်နေတာပဲ ရှိသေးတယ်။ ကျန်တဲ့ အခန်းတွေတော့ သေချာမသိဘူး။ ဆရာကြီးအခန်းမှာ အနည်းအကျဉ်းတော့ မီးလောင်တာရှိတယ်” ဟု မြို့နယ်ပညာရေးမှူးက ဆိုသည်။ အဆိုပါဖြစ်စဉ်တွင် အခြားဝန်ထမ်းအိမ်ရာနှင့် ဝန်ထမ်းများထိခိုက်မှုမရှိကြောင်း မြို့နယ်ပညာရေးမှူးက ပြောသည်။ အဆိုပါ လုပ်ဆောင်ချက်ကို မည်သူတို့က မည်သည့်အကြောင်းကြောင့်လုပ်ဆောင်သည်ကို မသိကြောင်း […]

ရငဲရွာမှ လူငယ်အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

diz_admin

February 7, 2023

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာမှ လူငယ်အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် ပစ်သတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ (ဖေဖော်ဝါရီ ၇) နံနက် ၈ နာရီခန့်က အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ကားလမ်းမဘေးရှိ နေအိမ်တစ်လုံးမှ အသက် ၂၃ နှစ်ခန့်ရှိ ကိုဖြိုးငယ်ဇော်နှင့် အသက် ၃၀ ခန့်ရှိ အိမ်ရှင်ဖြစ်သူ ကိုပိုင်စိုးတို့ကို ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့၏ ဆွေမျိုးနီးစပ်တော်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ အိမ်ရှင်ဖြစ်သူ ကိုပိုင်စိုးကို ဖမ်းဆီးပြီးနောက် နေအိမ်ကို မွှေနှောက်ရှာဖွေရာ အိမ်တွင်လက်လုပ်တူမီးသေနတ် တွေ့ရှိသဖြင့် နှစ်ယောက်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အထက်ပါအမျိုးသမီးက ပြောသည်။ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး မိနစ်အနည်းငယ်အကြာတွင် သေနတ်သံကြားရကြောင်း ၎င်းက ပြောသည်။ ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကြောင်းမှာ ရွာလမ်းအတိုင်း […]