ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်

diz_admin

February 6, 2023

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည်။ ယင်းသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ခဲ့ပြီး ဒေသခံ လူငယ်များနှင့် အမျိုးသမီးများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

မလေးရှားသွားမည့် မြန်မာလုပ်သား ၅ဝနီးပါး ထိုင်းတွင်ဖမ်းဆီးခံရ၊ ကျပ်သိန်းနှစ်ထောင်လည်းအလိမ်ခံရ

diz_admin

February 6, 2023

မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၄၉ ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံ တနင်္သာရီတိုင်းနယ်စပ်ဖြစ်သော ပရာကျွတ်ခီရီခန်ခရိုင် ကောလတ်ဒေသတွင် ဖေဖော်ဝါရီလ ၄ ရက်က တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာစဉ် ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ကြောင်း ရေးသားထားသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၃၅ဦးနှင့် အမျိုးသမီး ၁၄ဦးတို့ပါဝင်နေပြီး နယ်စပ်တောလမ်းကြောင်းတစ်လျှောက် ခြေလျင်လျှောက်လာခဲ့ကာ တောအုပ်ထဲတွင် ပုန်းနေရာမှ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ မလေးရှားသို့သွားရောက်လုပ်ကိုင်ရန် မြန်မာပွဲစားကို တစ်ဦးလျှင် ဘတ် ၄၅၀၀၀ အထိ (သိန်း ၄၀ ခန့်) အကုန် ပေးချေပြီးဖြစ်ရာ မြန်မာအလုပ်သမားအားလုံးအတွက် စုစုပေါင်း ဘတ် ၂၂ သိန်းကျော် (သိန်း ၂၀၀၀ ခန့်) ပေးချေခဲ့ရကြောင်း ဖော်ပြသည်။ မြန်မာပွဲစားနှင့် ချိတ်ဆက်ထားသည့် […]

ဘုတ်ပြင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့ ရဲစခန်းမှူးအငြိမ်းစားနှင့် အမျိုးသားတစ်ဦး အဖမ်းခံရ

diz_admin

February 6, 2023

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရဲစခန်းမှူးအဖြစ်တာဝန်ကျခဲ့ပြီး လက်ရှိတွင်အငြိမ်းစားယူကာ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးမောင်မောင်နှင့် နောက်ထပ်အမျိုးသားတစ်ဦးတို့ ဖမ်းဆီးခံရ ကြောင်း ဒေသခံများထံမှ သိရသည်။ ဦးမောင်မောင်နှင့် ဦးသောင်းညွန့်ဆိုသူတို့ကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖေဖော်ဝါရီလ ၅ရက် မွန်းလွဲပိုင်း တွင် ဘုတ်ပြင်းမြို့နယ်၊ ထင်းမယ်ရွာအနီး၌ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ “ဖမ်းသွားတဲ့ဖြစ်စဉ်က အမှန်ပဲ။ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာပဲ သေချာမသိသေးတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ အသက် ၆၀ ကျော်အရွယ် ဦးမောင်မောင်သည် လက်ရှိတွင် ချောင်းကဖဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ အသက် ၅၀ ဝန်းကျင်အရွယ် ဦးသောင်းညွန့်မှာ ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာတွင် နေထိုင်သူဖြစ်ကာ ယခင်က ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး မီးသွေးရောင်းဝယ်သည့် အလုပ်လုပ်ကိုင်နေကြောင်း ဒေသခံအချို့က ပြောသည်။ […]

တနင်္သာရီမြစ်ကြောင်းတွင် ဘိန်းစာမှုန့်အထုပ်ရေ သုံးသောင်းခွဲကျော်ဖမ်းမိ

diz_admin

February 5, 2023

တနင်္သာရီမြို့နယ်တွင် ဘိန်းစာမှုန့်အထုပ်ရေ သုံးသောင်းခွဲကျော် ဖမ်းမိကြောင်း တနင်္သာရီ ပြည်သူ့ကာကွယ်ရေး အဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်နယ်မြေအတွင်းရှိ တနင်္သာရီမြစ်ကြောင်းအတွင်း ဖေဖော်ဝါရီလ ၄ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ တနင်္သာရီ ပြည်သူ့အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ဘိန်းစားမှုန့် သယ်ဆောင်လာသူများကို မည်သို့အရေးယူဆောင်ရွက်ခဲ့သည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသလို ဘိန်းစာမှုန့် အလေးချိန် မည်မျှရှိသည်ကိုလည်း ဖော်ပြထားခြင်း မရှိပေ။ အဆိုပါ ဘိန်းစာမှုန့်အထုပ်ရေ သုံးသောင်းငါးထောင်တစ်ရာအား တနင်္သာရီမြစ်အတွင်း ရေမျောဖျက်ဆီး လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာထားသည်။ […]

လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်

diz_admin

February 5, 2023

‌ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ယင်းလူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ခဲ့ပြီး “စစ်ကျွန်ဘဝက လွတ်မြောက်ဖို့…. ဖက်ဆစ်ရွေးကောက်ပွဲ တိုက်ဖျက်စို့” ဘန်နာကိုင်စွဲ၍ ဒေသခံပြည်သူများနှင့်အတူ ချီတက်ခဲ့ကြသည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

February 4, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ တိုက်ပွဲကြိမ်ရေ ရှစ်ထောင်ကျော်လာ၊ အာဏာမသိမ်းခင် ၁၀နှစ်တာထက် နှစ်ဆများလာ အာဏာသိမ်းကာလ ၂နှစ်အတွင်း တိုက်ပွဲအကြိမ်ရေ ရှစ်ထောင်ကျော်ရှိလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်သည်။ အာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂ဝရက်အတွင်း တိုက်ပွဲအကြိမ်ရေ ၈၁၀၀ ကျော်ရှိလာကြောင်း ဖော်ပြသည်။ ယင်းပမာဏသည် အာဏာမသိမ်းမီ ၁၀နှစ်တာအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲအရေအတွက်ထက် နှစ်ဆနီးပါးရှိလာ သည်ဟု ဆိုသည်။ အာဏာမသိမ်းမီ ၁၀နှစ်တာကာလအတွင်း တိုက်ပွဲအကြိမ်ရေ ၄၆၀၀ ကျော်သာ ရှိခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ မှ ၂၀၂ဝအထိ […]

ထားဝယ်ခရိုင်တွင် တစ်ရက်တည်း ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

diz_admin

February 4, 2023

တနင်္သာရီတိုင်း ထားဝယ်ခရိုင်ထဲတွင် ဖေဖော်ဝါရီ ၃ ရက်နေ့ က တစ်ရက်တည်း ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါး အလွဲသုံးချမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။ ရေဖြူမြို့နယ် ကလိန်အောင်မြို့ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရေးမြို့ဘက်မှ ထားဝယ်ဘက်သို့လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား တားဆီးစစ်ဆေးရာ ထွန်းရွှေမြင့် တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ ရေခဲ(အိုက်စ်) မူးယစ်ဆေး အလေးချိန် ၄ ဒသမ ၇ ကီလို ကာလပေါက်ဈေးတန်ဖိုး ၁၂၆၉ သိန်းခန့်နှင့် လက်ကိုင်ဖုန်းတစ်လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။ ယင်းနောက်အထက်ပါအမျိုးသားကို ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ဖေဖော်ဝါရီ ၃ ရက် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် ထားဝယ်မြို့၊ ဥဿရံတိုးချဲ့ရပ်ကွက်၊ စမ်းသီတာလမ်းတွင် နေထိုင်သည့် သန်းအေးမောင် ဆိုသူကို ထပ်မံဖမ်းဆီးမိခဲ့သည်။ ထိုသူထံမှ ရေခဲ(အိုက်စ်) မူးယစ်ဆေး […]

လောင်းလုံးတွင် သစ်တောရုံးမီးရှို့ခံရပြီးနောက် အပြန်လှန်ပစ်ခတ်

diz_admin

February 4, 2023

လောင်းလုံးမြို့ပေါ်တွင် မြို့နယ်သစ်တောဦးစီးဌာနရုံး မီးရှို့ခံရပြီးနောက် မိနစ်အနည်းငယ်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၄ရက် နံနက် ၂နာရီခန့်တွင် လက်နက်ကိုင်လူတစ်စုက မြို့နယ်သစ်တောဦးစီးဌာနရုံးကို မီးရှို့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းနောက် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ၁၅ မိနစ်ခန့်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “သေနတ်သံတွေက ဆူနေတာ” ဟု ၎င်းက ဆိုသည်။ မြို့နယ်သစ်တောဦးစီးဌာနရုံးမှာ လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက် ညောင်ပင်လမ်းဆုံ လောင်းလုံးမှ စမ်းလှန်းသို့ သွားသည့် လမ်းပိုင်းတွင်ရှိပြီး ပစ်ခတ်မှုမှာ ယင်းရုံးအနီးတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ သစ်တောရုံးကို မီးရှို့သည်မှာ PDF အဖွဲ့က ဖြစ်နိုင်ဖွယ်ရှိပြီး အပြန်လှန်ပစ်ခတ်မှုမှာလည်း PDF အဖွဲ့နှင့်ပင် ဖြစ်နိုင်ဖွယ်ရှိကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက […]