သရက်ချောင်း၊ ညောင်ဇင်ရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ၊ စာသင်ကျောင်းလည်း မီးလောင်
diz_admin
February 3, 2023သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရပြီး မွန်းလွဲပိုင်းတွင် အထက်တန်းကျောင်း မီးလောင်ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၃ရက် နံနက် ၄ နာရီခွဲခန့်တွင် အသက် ၅၆ နှစ်ခန့်ရှိ ဦးအောင်နိုင်ဦးဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံများက ဆိုသည်။ ညောင်ဇင်မှ ထားဝယ်မြို့သို့ သုံးဘီးဖြင့် ရေခဲတက်ဝယ်စဉ် ညောင်ဇင်ရွာအပြင်ဘက်ရှိ စာသင်ကျောင်းနှင့် ဈေးအနီးရှိ လယ်ကွင်းထဲတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ဘယ်အဖွဲ့က ပစ်မှန်းတော့ မသိဘူး။ သေနတ်သံ တစ်ချက်ကြားလိုက်တယ်။ အလောင်းက အိမ်ကိုရောက်သွားပြီ” ဟု ၎င်းက ပြောဆိုသည်။ ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။ ယင်းနောက် မွန်းလွဲ ၁နာရီခန့်တွင် ကျေးရွာအထက်တန်းကျောင်း မီးလောင်ကြောင်း ဒေသခံအချို့က […]


