ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်ဒေသထွက် ဒူးရင်းစေ့များ ဝယ်နေ၊ ဈေးကောင်းမရ

diz_admin

April 18, 2023

ထားဝယ်ဒေသထွက် ဒူးရင်းစေ့ တစ်ပိဿာကို ၁၅၀ဝကျပ်ဖြင့် ပေးဝယ်နေကြောင်း ထားဝယ်မြို့ပေါ်ရှိ ဒူးရင်းစေ့အဝယ်ဒိုင်အချို့ထံမှ သိရသည်။ ဒူရင်းစေ့များမှာ ပြီးခဲ့သည့်လေးနှစ်အတွင်း တစ်နှစ်ထက် တစ်နှစ်ဈေးနှုန်း ကျဆင်းနေကြောင်းလည်း စုံစမ်းသိရှိရသည်။ လက်ရှိတွင် အစေ့ကြီး အဖြူ လုံးသန့်များကိုသာ ဝယ်ယူနေသည်ဟု ဒူးရင်းသီးအစေ့အဝယ်ဒိုင် ဖွင့်လှစ်ထားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “အစေ့မဲ၊ အကွဲတွေတော့ မယူပါဘူး” ဟု ၎င်းက ဆိုသည်။ စားပြီး နှစ်ရက်သာရှိသေးသည့် ဒူးရင်းစေ့များသာ ရောင်းတန်းဝင်ကြောင်း အထက်ပါအမျိုးသမီးက ပြောဆိုသည်။ “အစေ့က အထားကြာရင် မဲသွားတယ်။ အပင်ပေါက်သွားတယ်ပေါ့၊ အဲဒါလိုမျိုးဆို မဝယ်ဘူး” ဟု ၎င်းက ပြောသည်။ တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ဒူးရင်းသီးထွက်ရှိသည်။ ထားဝယ်ဒေသနှင့် မြိတ်ဒေသမှ ထွက်သည့် ဒူးရင်းစေ့ကို ကော့သောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချကြကြောင်း အဝယ်ဒိုင်များထံမှ […]

သရက်ချောင်းမြို့အဝင်ဆိုင်းဘုတ် အလှပြဒူးရင်းသီးရုပ်တု ဖျက်ဆီးခံရ

diz_admin

April 18, 2023

သရက်ချောင်းမြို့အဝင် မော်ရှည်ကုန်းရွာထိပ်တွင် ပြုလုပ်ထားသော မြို့ဆိုင်းဘုတ်ရှိ ဒူးရင်းသီးပုံရုပ်တု ဖျက်ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။ သရက်ချောင်းမြို့အဝင်တွင် Welcome to Thayet Chaung စာတန်းနှင့် ဒူးရင်းသီးရုပ်တုပုံ သုံးလုံး ထုလုပ်ထားခြင်းဖြစ်သည်။ ယင်းအနက် ဒူးရင်းသီးရုပ်တုတစ်လုံးကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။ ယင်းရုပ်တုမှာ ကွဲအက်ကြွေမွနေသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အဲဒီနေရာက လူလည်း နည်းနည်းပြတ်တော့ သတိမထားမိလိုက်ဘူး” ဟု မော်ရှည်ကုန်းရွာခံတစ်ဦးက ပြောဆိုသည်။ အဆိုပါရုပ်တုအား မည်သူတို့ကက မည်သည့်အကြောင်းအရင်းကြောင့် ဖျက်ဆီးခဲ့သည်ကိုမူ မသိရသေးပေ။ အဆိုပါရုပ်တုမှာ လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင်က စတင်တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။ ဒေသတွင် ပေါများစွာထွက်ရှိသည့် ဥယျာဉ်ခြံထွက် အသီးကို အထိန်းအမှတ်ရုပ်တုလုပ်ပြီး မြို့အဝင်တွင် အလှ ထုလုပ်ထားခြင်း ဖြစ်သည်။

ဘန်ကောက်တွင် တိုက်ခန်းထဲ မြန်မာလုပ်သားတစ်ဦး ကိုဗစ်ရောဂါဖြင့်သေဆုံး

diz_admin

April 18, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တိုက်ခန်းအတွင်း ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသော မြန်မာအလုပ်သမား၏ ရုပ်အလောင်းတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အသက် ၃၄ နှစ်အရွယ် မြန်မာအလုပ်သမားသည် ငါးထပ်အဆောက်အအုံရှိ ငှားထားသော တိုက်ခန်းအတွင်း သေဆုံးနေသည်ကို ဧပြီလ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် တွေ့ရှိခဲ့ရကြောင်း ဆိုသည်။ အလောင်းတွင် ပြင်ပဒဏ်ရာများ မတွေ့ရှိရသလို အခန်းအတွင်းတွင်လည်း ခိုက်ရန်ဖြစ်ပွားထားခြင်း၊ ပစ္စည်းများကို ရှာဖွေထားသည့် ပုံစံများလည်း မတွေ့ရှိရကြောင်း သတင်းများတွင် ရေးသားထားသည်။ နှာခေါင်းတို့ဖတ်ကို ATK Test Kit ဖြင့် စစ်ဆေးရာတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရကြောင်း ဖော်ပြသည်။ အဆောက်အအုံတွင် နေထိုင်သူများ၏ ပြောကြားချက်အရ သေဆုံးသူ မြန်မာအလုပ်သမားသည် နေ့စဉ် အလုပ်သွား အလုပ်ပြန်လုပ်နေကာ ယခုအချိန် […]

မွန်အကျဉ်းထောင်များက အကျဉ်သားနှစ်ရာကျော်ပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသားမပါဟုဆို

diz_admin

April 17, 2023

မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ နှစ်ရာကျော် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့ ဧပြီလ ၁၇ရက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း အကျဉ်းထောင်က ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။ ပြန်လွတ်လာသူများအနက် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ ၂၁ ဦး၊ မော်လမြိုင်အကျဉ်းထောင်မှ ၁၇ ဦး၊ သထုံအကျဉ်းထောင်မှ ၂၅ ဦးအပါအဝင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၂၂၄ ဦး ပါဝင်သည်ဟု အကျဉ်းထောင်များထံမှ သိရသည်။ မွန်ပြည်နယ်အတွင်းက လွတ်မြောက်လာသည့် အကျဉ်းသား၊ အကျဉ်းသူများထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိကြောင်း နိုင်ငံရေးအကျဉ်သားများအရေး ကူညီလုပ်ဆောင်နေသူတို့က ဆိုသည်။ “ဒီနေ့ လွတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးလို့တော့ သိထားတယ်” ဟု နိုင်ငံရေးအကျဉ်သားများအရေး ကူညီလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။ ဧပြီလ ၁၇ ရက်နေ့တွင် ကျရောက်သည့် မြန်မာနှစ်ဆန်း ၁ […]

သထုံ သိမ်ဆိပ်နယ်မြေရဲစခန်း တိုက်ခိုက်ခံရ

diz_admin

April 17, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ် သိမ်ဆိပ်နယ်မြေရဲစခန်း ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ သိမ်ဆိပ်နယ်မြေရဲစခန်းကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ခွဲ ၃ နှင့် HRS ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားတို့နှင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ငါးမိနစ်ခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ရဲစခန်း ဝင်ပစ်ခံရပြီးတော့ အပြန်အလှန် ပစ်ခတ်ကြသေးတယ်။ အထိအခိုက်တော့ မသိဘူး” ဟု သထုံဒေသခံတစ်ဦးက ပြောသည်။ ရဲစခန်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စခန်းမှူး ပြင်းထန်ဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်သား သုံးဦး သေဆုံးသွားခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ စခန်းမှူး ပြင်းထန်ဒဏ်ရာရရှိမှု၊ စစ်ကောင်စီတပ်သားသေဆုံးမှုတို့နှင့် […]

ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရားဝင်း နှစ်ဆန်းတစ်ရက်နေ့ မြင်ကွင်းများ

diz_admin

April 17, 2023

ထားဝယ်မြို့ရှိ ရွှေတောင်စားစေတီတည်ရှိရာ လောကမာရဇိန်ဘုရားဝင်းအတွင်း ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့ ဘုရားဖူးလာသူများကို တွေ့ရသည့်မြင်ကွင်းဖြစ်သည်။

နှစ်ဆန်းတစ်ရက်နေ့ ထားဝယ်ရှင်ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းအတွင်း မြင်ကွင်း

diz_admin

April 17, 2023

နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာရှိ ရှင်ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းအတွင်း ဘုရားဖူးလာသူများကို တွေ့ရသည့် မြင်ကွင်းဖြစ်သည်။

တနင်္သာရီမြို့နယ်တွင် တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်

diz_admin

April 17, 2023

တနင်္သာရီမြို့နယ်တွင် ဧပြီလ ၁၄ ရက်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧပြီလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။ ဧပြီလ ၁၄ ရက် နေ့လယ် ၁၂ နာရီခန့်က လယ်တောင်ယာရွာ ရေသန့်စက်ရုံအနီးသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီကာကွယ်ရေးပျောက်ကျားအဖွဲ့၊ တောင်ပံနီကာကွယ်ရေးပျောက်ကျားအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဆိုသည်။ ယင်းနောက် မွန်းလွဲ ၁နာရီခွဲမှ သုံးနာရီအချိန်ထိ ဒုတိယအကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရပြီး ပြည်သူ့ကာကွယ်ရေးတပ်များ ဘက်ကမူ အထိအခိုက်မရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ “လယ်တောင်ယာရွာဘက်က လက်နက်ကြီးပစ်သံတွေ ကြားရတာပဲ။ ရွာသားတွေရဲ့ အခြေအနေ ဘယ်လိုရှိမလဲ မသိဘူး။ တိုက်ပွဲတွေ […]