ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်းမြို့နယ် စော်ဖျားတွင် တိုက်ပွဲပြင်းထန်

diz_admin

April 9, 2023

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် ယနေ့ (ဧပြီ ၉) နံနက် ၅ နာရီခန့်မှစပြီး တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံအချို့က ပြောသည်။ ကနဦးသိရသည့် အချက်အလက်များအရ နံနက် ၁၀ နာရီခွဲခန့်အထိ ပစ်ခတ်မှုများ ကြားနေရဟုဆိုသည်။ စော်ဖျားကျေးရွာ ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “ပစ်ခတ်သံတွေ အခုလေးတင် စဲသွားတာ၊ ကျွန်မတို့လည်း ရှောင်နေရတယ်။ စကားကို ကျယ်ကျယ်မပြောရဲဘူး။ နောက်မှမေးပါ” ဟု စော်ဖျားရွာက ဒေသခံအမျိုးသမီးက ဆိုသည်။ စော်ဖျားရွာတိုက်ပွဲဖြစ်ပွားနေစဉ် လက်နက်ကြီး လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် စော်ဖျားရွာအပါအဝင် အနီးအနားကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ “ကျွန်မတို့လည်း ရွာမှာ မနေရဲလို့အခြားနေရာကို ပြေးလာရတယ်။ […]

တနင်္သာရီတိုင်းက စစ်အုပ်ချုပ်ရေးဒေသတွင် သင်္ကြန်ရေကစား မဏ္ဍပ်များ ဆောက်လုပ်ခြင်းမရှိ

diz_admin

April 9, 2023

တနင်္သာရီတိုင်းရှိ မြို့ကြီးသုံးမြို့တွင် စစ်ကောင်းစီကသင်္ကြန်မဏ္ဍပ်များ ဆောက်နေသော်လည်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နှစ်မြို့တွင်မူ မဏ္ဍပ်များမရှိကြောင်း မြို့ခံအချို့ကပြောသည်။ စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နှင့် ပုလောမြို့ခံများကို ဧပြီလ ၇ ရက်က ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းတို့မြို့တွင် သင်္ကြန်မဏ္ဍပ်များမရှိသလို၊ ‌သင်္ကြန်ရေသေနတ် ရောင်းသူပင်မရှိကြောင်း ပြောဆိုကြသည်။ “သင်္ကြန်နဲ့ပတ်သက်ပြီး ဘာမှကိုမရှိဘူး။ မဏ္ဍပ်လည်းမရှိဘူး။ ရေသေနတ်တောင် ရောင်းဖို့ကြောက်နေကြတာ” ဟု ပုလောမြို့ခံတစ်ဦးကဆိုသည်။ တနင်္သာရီမြို့တွင်လည်း အလားတူပင် သင်္ကြန်မဏ္ဍပ်များမရှိဟုဆိုသည်။ သင်္ကြန်ပစ္စည်းရောင်းသူမှာမူ တစ်ဦးစ၊ နှစ်ဦးစရှိကြောင်း မြို့ခံအချို့ကပြောသည်။ “သင်္ကြန်ပစ္စည်းတွေကလည်း ဝယ်တဲ့သူသိပ်မရှိဘူး။ ကလေးပစ္စည်းတွေလောက်ပဲ နဲနဲပါးပါးဝယ်‌နေတာ တွေ့တယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။ တနင်္သာရီတိုင်း စစ်ကောင်စီကမူ ယခုနှစ်သင်္ကြန်ကို စည်စည်ကားကား ကျင်းပမည်ဟုပြောဆိုထားပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်မြို့ကြီးများတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များဆောက်လုပ်နေသည်။ အလားတူ လောင်းလုံး၊ သရက်ချောင်းမြို့တို့တွင်လည်း သင်္ကြန်မဏ္ဍပ်ဆောက်ရန် […]

ချင်းမိုင်တွင် လေထုညစ်ညမ်းမှု ပိုမိုပြင်းထန်လာသောကြောင့် နေအိမ်မှာသာ အလုပ်လုပ်ကြရန် တိုက်တွန်း

diz_admin

April 9, 2023

ဒေသတွင်း လေထုညစ်ညမ်းမှုသည် အန္တရာယ်အဆင့်အထိ မြင့်တက်နေခြင်းကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ဒေသတွင်း နေထိုင်သူများကို အိမ်ထဲမှာသာ နေထိုင်ပြီး အလုပ်လုပ်ကြရန် ဒေသန္တရ အာဏာပိုင်များက ဧပြီ ၇ ရက်နေ့တွင် တိုက်တွန်းကြေညာခဲ့သည်။ ဒေသအတွင်းရှိ ပုဂ္ဂလိကနှင့် အစိုးရ ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း နေအိမ်မှ အလုပ်လုပ်၍ရသော ဝန်ထမ်းများအား အိမ်မှ အလုပ်လုပ်ခွင့်ပြုရန် တောင်းဆိုထားသည်။ ထိုင်းနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာ နေရာတစ်ခုဖြစ်သည့် ယင်းဒေသသည် တောမီးနှင့် ရိတ်သိမ်းပြီးနောက် စိုက်ခင်းအမှိုက် မီးရှို့ခြင်း တို့ကြောင့် မကြာသေးမီ ရက်သတ္တပတ်များအတွင်း မီးခိုးမြူများ ဖုံးလွှမ်းခဲ့သည်။ ပြီးခဲ့သည့် သောကြာနေ့နံနက်တွင် လေကြောင်းစောင့်ကြည့်ရေးဝက်ဘ်ဆိုဒ် IQAir သည် ချင်းမိုင်ကို ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုအရှိဆုံးမြို့အဖြစ် အဆင့်သတ်မှတ်ခဲ့ပြီး အဆိုပါ အနေအထားသည် ပုံမှန် လေထုညစ်ညမ်းမှု အမြင့်ဆုံးမြို့များအဖြစ် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

April 8, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီလ ၂ ရက်နေ့ မှ ၈ ရက်နေ့အထိ ရွှေကုက္ကိုအနီးတိုက်ပွဲကြောင့် မြန်မာရှစ်ထောင်ကျော် ထိုင်းဘက်သို့ ထွက်ပြေးရ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်အနီးမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံရှစ်ထောင်ကျော်ဟာ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ထွက်ပြေးကြရသူတွေထဲမှာ ကလေးငယ်လည်း ရှစ်ရာကျော် ပါဝင်နေပါတယ်။ ရွှေကုက္ကိုမြို့သစ်အနီးက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းနှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအပါအဝင် မဟာမိတ်တပ်တွေက ဧပြီလ ၅ ရက် နံနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။ အဲဒီနောက် စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းကပါ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာပါတယ်။ တရုတ်ကာစီနိုလောင်းကစားရုံတွေနဲ့ နာမည်ကြီးနေတဲ့ ရွှေကုက္ကိုမြို့သစ်မှာပါ […]

လောင်းလုံး ကရင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

April 8, 2023

လောင်းလုံးမြို့နယ် ကရင်ကြီးရွာက ဒေသခံရွာသားတစ်ဦး ဧပြီ ၆ ရက်နေ့ ညနေပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၅၀ ကျော်အရွယ်ရှိ ဦးခင်မောင်ဝင်းဆိုသူဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ယင်းနေ့ ညနေ ၆နာရီဝန်းကျင်က နေအိမ်တွင်ရှိနေစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သေနတ်သံက တစ်ချက်ပဲကြားရတယ်” ဟု ၎င်းက ပြောသည်။ ဦးခင်မောင်ဝင်းအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကို မသိရသေးပေ။ ၎င်း၏ ရုပ်အလောင်းကို ဧပြီ ၇ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် အရေးပေါ်ကားဖြင့် ထားဝယ်သို့ သယ်ဆောင် သွားပြီးနောက် ယင်းနေ့ မွန်းလွဲပိုင်းတွင် ကရင်ကြီးရွာသို့ ပြန်လည်သယ်ဆောင်လာကာ သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

မြန်မာလုပ်သားများလိုက်ပါလာသည့်ကား ကုန်ကားကို ဝင်တိုက်၊ အနည်းဆုံး လေးဦးသေဆုံး

diz_admin

April 8, 2023

ထိုင်းတွင် ဘတ်ဟုခေါ်သည့် နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းသွားတိုးသော မြန်မာနှင့် ကမ္ဘောဒီးယားအလုပ်သမားများလိုက်ပါသော ဗန်ကားသည် ကုန်ကားကို ဝင်တိုက်မိသဖြင့် အနည်းဆုံး လူလေးဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ ဧပြီလ ၈ရက် နံနက် ၅နာရီခွဲက ဘတ်သက်တမ်းတိုးရန် ဘန်ကောက်မှ ကျန်ထဘူရီခရိုင်သို့ သွားရောက်ရစဉ် ချွန်ဘူရီခရိုင် အမြန်လမ်းပေါ်တွင် ကားတိုက်မှုဖြစ်ခြင်းဖြစ်သည်ဟုဆိုသည်။ ဗန်ကားသည် ၁၈ ဘီးတပ်ကုန်တင်ကားကို အနောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ဗန်ကားမောင်းသူက အိပ်ပျော်သွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ကုန်တင်ကားမောင်းသမား၏ ဖြေကြားချက်ကို သတင်းများတွင် ဖော်ပြထားသည်။ ကားပေါ်တွင် မြန်မာအလုပ်သမားများနှင့် ကမ္ဘောဒီးယားအလုပ်သမား စုစုပေါင်း ၁၂ ဦးလိုက်ပါလာခဲ့ကြောင်း ရေးသသားထားသည်။ ကားတိုက်မှုကြောင့် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး၊ ကားမောင်းသူ အပါအဝင် အနည်းဆုံး လေးဦး သေဆုံးခဲ့သည်ဟုဆိုသည်။ သေဆုံးသူများထဲတွင် မြန်မာအလုပ်သမား ပါဝင်ခြင်းရှိမရှိကိုမူ သတင်းများတွင် […]

တိုက်ပွဲများကြောင့် မြိတ်-ဘုတ်ပြင်း ခရီးသွားများ ရေလမ်းကို အားကိုးနေရ

diz_admin

April 8, 2023

မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ကားလမ်းတစ်လျှောက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် မြိတ်-ဘုတ်ပြင်း ခရီးသွားများသည် ရေကြောင်းလမ်းကို အားကိုးနေရကြောင်း မြိတ်-ဘုတ်ပြင်း ခရီးသည်တင် စက်လှေချို့ထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လအကုန်ခန့်က ‌တနင်္သာမြို့နယ်အတွင်း တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပေါ်ခြင်း၊ ဧပြီလ ၄ ရက်နေ့နှင့် ၅ ရက်တို့တွင် မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမရှိ တနင်္သာရီမြို့နယ် ဘန်းလမွှတ်ရွာအနီးနှင့် ရမ်းဖိုရွာတံတားတို့တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရခြင်း စသဖြင့် ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။ ယင်းအခြေအနေများကြောင့် မြိတ်-ဘုတ်ပြင်း ခရီးသွားများအနေဖြင့် ပြည်ထောင်စုလမ်းမကို ဖြတ်သန်း၍ ခရီးသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်များက ကြေညာထားသည်။ ယင်းကဲ့သို့ ကားလမ်းခရီးတွက် အခက်အခဲများဖြစ်ပေါ်နေသဖြင့် ခရီးသွားများအနေဖြင့် မြိတ်-ဘုတ်ပြင်း ခရီးသည်တင်စက်လှေတို့အား စီးနင်းသူများလာခြင်းဖြစ်ကြောင်း သိရသည်။ “ညတုန်းက အယောက်ပေါင်း လေးရာလောက်ရှိတယ်။ လှေမှာ ပါတာက နှစ်ရာနီးနီးပဲပါတယ်” ဟု မြိတ်-ဘုတ်ပြင်း […]

မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းနေဟု အင်ဒိုနိုင်ငံခြားရေးဝန်ကြီးပြော

diz_admin

April 8, 2023

အင်ဒိုနီးရှားနိုင်ငံမှ အရာရှိများသည် မြန်မာနိုင်ငံ၏ နယ်ပယ်အစုံမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ကြပြီး ယင်းအစည်းအဝေးမှတစ်ဆင့် မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် အခြေအနေကို ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ က ပြောကြားခဲ့သည်။ ယင်းဆွေးနွေးပွဲများကို ချမှတ်ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးအတွင်း တက်ရောက်သူများနှင့် ပတ်သက်ပြီး မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ယခင်က မပါဝင်ခဲ့သည့် ကဏ္ဍများမှ တာဝန်ရှိသူများပါ ပါဝင်ခဲ့ကြောင်း ဧပြီလ ၅ရက်နေ့မှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရတ်နိုက ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ဖြစ်လာသည့် အင်ဒိုနီးရှားနိုင်ငံအနေနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ကမောက်ကမဖြစ်နေသော မြန်မာနိုင်ငံတွင်း အခြေအနေများကို တိုးတက်ကောင်းမွန်လာစေရန် အစွမ်းကုန် လုပ်ဆောင်သွားမည်ဟု ကတိပြုထားသည်။ ၂၀၂၁ […]