ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

January 13, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ ၇ ရက်နေ့မှ ဇန်နဝါရီ ၁၃ ရက်နေ့အထိ အိန္ဒိယလေကြောင်းလိုင်းတစ်ခု ခရီးသည် ၅၅ ဦးကိုချန်၍ လေယာဉ်ထွက်ခွာ အိန္ဒိယနိုင်ငံ Kempegowda ပြည်နယ် လေဆိပ်မှာ ဇန်နဝါရီ ၉ ရက်နေ့က ခရီးသည် ၅၅ ဦးကို လေယာဉ်ကွင်းထဲမှာရှိတဲ့ ဘတ်စ်ကားပေါ် ချန်ထားခဲ့ကာ လေယာဉ်ကို ပျံတက်ထွက်ခွာခဲ့ခြင်းတစ်ခု ဖြစ်ပွားခဲပါတယ်။ Bengaluru ကနေ နယူးဒေလီကို ဒေသစံတော်ချိန် နံနက် ၆ နာရီခွဲမှာ ထွက်ခွာမယ့် Go First လေကြောင်းရဲ့ ခရီးစဉ်အမှတ် G8-116 လေယာဉ်ဟာ လိုက်ပါမယ့် ခရီးသည်တွေထဲက ၅၅ ဦးကို ဘတ်စ်ကားပေါ် ချန်ခဲ့တာပါ။ […]

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အား ကန့်ကွက်သည့် မြိတ်ဆန္ဒပြပွဲ မြို့ခံအချို့ဝေဖန်

diz_admin

January 13, 2023

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အား ကန့်ကွက်သည့် ဆန္ဒပြပွဲတစ်ခုကို ဇန်နဝါရီလ ၁၂ ရက်နေ့က မြိတ်မြို့တွင် ပြုလုပ်ခဲ့ရာ မြို့ခံအချို့က ဝေဖန်ပြောဆိုနေကြသည်။ အဆိုပါ ကန့်ကွက်ဆန္ဒပြပွဲကို မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စုရုံးအနီးရှိ အရှေ့သိမ်ဘောလုံးကွင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆန္ဒပြပွဲကို နှာခေါင်းစည်းတပ်ဆင်ထားသည့် လူတစ်စုကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြံ့ခိုင်ရေးပါတီနှင့် စစ်ကောင်စီ ‌ထောက်ခံသူများပါဝင်ကြောင်း  မြို့ခံများက ဆိုသည်။ ဆန္ဒပြသူများမှာ အင်အားတစ်ရာဝန်းကျင်ခန့်သာရှိကြောင်း ဆန္ဒပြပွဲကျင်းပသည့်နေရာကို ပျူစောထီးအဖွဲ့ဝင်များက လုံခြုံရေးပေးထားကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများကဆိုသည်။ ယခုအချိန်တွင် ဆန္ဒပြမှုကိုပေါ်ပေါ်ထင်ထင် လုပ်ခွင့်ရသူများမှာ စစ်တပ်ထောက်ခံသူများသာရှိကြောင်း ယုံကြည်ချက်ကြောင့် လုပ်ခြင်းမဟုတ်ဘဲ အကျိုးအမြတ်ရှိ၍သာ ဆန္ဒပြရာတွင် ပါဝင်ကြခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “ဒီလောက်ဒုက္ခရောက်နေကြတာ အခုအထိလည်း ရှိနေတုန်းပဲ ငါး‌‌ထောင်စားတွေလေ” ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ဆန္ဒပြပွဲတွင် ကုလသမဂ္ဂလုံ ခြုံရေးကောင်စီ၏ တစ်ဖက်သတ် ဆုံးဖြတ်ချက်များအား ဆန့်ကျင်ကြ၊ မြန်မာ့အရေးကို မြန်မာနိုင်ငံကသာ ဖြေရှင်းရေး ၊ အကြမ်းဖက် အားပေး ပြည်ပနိုင်ငံများ အလိုမရှိ၊ မြန်မာ့ဒီမိုကရေစီအရေး နှောက်နှေးမည့်အရေး ဒို့လက်မခံ စသည့် ဆိုင်းဘုတ်များနှင့် ကြွေးကြော်သံများဖြင့် […]

လောင်းလုံးမှာ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး စည်းရုံးလှုံ့ဆော်

diz_admin

January 13, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီက ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ယနေ့မနက်ပိုင်းက စစ်တပ်ထုတ်ကုန်မသုံးစွဲရေး စည်းရုံးလှုံ့ဆော်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

မြိတ်တွင် ခြိမ်းခြောက်လုယက်မှု ခပ်စိပ်စိပ်ဖြစ်လာ

diz_admin

January 13, 2023

မြိတ်မြို့ရှိ အင်းလေးမြိုင်စက်မှုဇုန်လမ်းတွင် ခြိမ်းခြောက်လုယက်မှုများ ခပ်စိပ်စိပ်ဖြစ်လာကြောင်း ရပ်ကွက်နေထိုင်သူအချို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှစကာ လုယက်မှုများ တကျော့ပြန် ဖြစ်ပွားနေသည်ဟု ဆိုသည်။ ရေထွက်ကုန်လုပ်ငန်းလုပ်ကိုင်နေသည့် ဗင်န်းတေ့ချ်ကုမ္ပဏီ၊ ရေနန်းသူဇာကုမ္ပဏီနှင့် ဘိလပ်မြေစက်ရုံ စသည့်စက်ရုံများတည်ရှိရာ အနောက်ဘက်လမ်းတွင် လုယက်မှုများ အဖြစ်များကြောင်း ရပ်ကွက်နေသူများနှင့် ကုမ္ပဏီဝန်ထမ်းများက ပြောသည်။ ဇန်နဝါရီ ပထမပတ်ကလည်း  ညဘက်အလုပ်မှပြန်လာသည့်  အလုပ်သမားများကို လူနှစ်ဦးက ဓါးရှည်ဖြင့်ခြိမ်းခြောက်ကာ ဖုန်းနှင့်ပိုက်ဆံအိတ်များ လုယူသွားကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “ငါးယောက်(လုယက်ခံရသူ) မှာ တစ်ယောက်က ဒီဘက်ပြန်ပြေးလာတယ်။ ကျန်ရစ်တဲ့ ကောင်လေးတွေမှာ ဖုန်းတွေ ပိုက်ဆံအိတ်တွေ အလုခံလိုက်ရတယ်”ဟု ၎င်းက ပြောသည်။ လုယက်သူများက လက်ကိုင်ဖုန်းနှင့်ပိုက်ဆံအိတ်ကို အဓိကထားလုယက်ကြပြီး ညနေဘက်အလုပ်ပြန်ချိန်တွင်လည်း ဆိုင်ကယ်ဖြင့်လာကာ လုပြေးတတ်ကြောင်း ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးကဆိုသည်။ “အလုပ်ပြန်ချိန်ဆို ကောင်မလေးတွေကသိတဲ့အတိုင်း ဖုန်းပွတ်ပြီး လမ်းလျှောက်အိမ်ပြန်တတ်ကြတယ်။အဲဒီမှာ ဆိုင်ကယ်နဲ့လာလုပြီး မောင်းပြေးကြတာ ခဏခဏ ကြားရတယ်”ဟု ၎င်းကပြောသည်။ အဆိုပါလမ်းတွင် ယခင်ကတည်းက လုယက်ခံရမှုများရှိသော်လည်း လက်ရှိအချိန်တွင် ပိုအဖြစ်များလာကြောင်း ကုမ္ပဏီဝန်ထမ်း အချို့က ဆိုသည်။ အဆိုပါလမ်းတွင် လူနေအိမ်မရှိဘဲ လူပြတ်သည့်နေရာဖြစ်နေခြင်းက လုယက်ရန် အခွင့်အလမ်းဖြစ်နေသည်ဟု ရပ်ကွက်နေသူများက ပြောသည်။ ကုမ္ပဏီများနှင့် လူနေရပ်ကွက်များသို့ သွားလာနိုင်သည့် လမ်းသုံးလမ်းရှိသည့်အနက် အလုပ်သမားများနှင့် ငါးဖမ်းလှေသားများက အထက်ပါလမ်းကိုသာ ပိုမိုအသုံးပြုသွားလာကြသည်။ ဒီဇင်ဘာ ၂၇ ရက်ညကလည်း အဆိုပါလမ်းအနီးရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခံရကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

ကံပေါက်ဒေသ ဟိန္ဒူမီးနင်းပွဲ ယခုနှစ်တွင်လည်းကျင်းပခြင်းမရှိဘဲ ပူဇော်ပွဲသာကျင်းပ

diz_admin

January 13, 2023

ကံပေါက်ဒေသ၏ နာမည်ကျော်ပွဲတော်တစ်ခုဖြစ်သော ဆရီကာလီယမ္မားမယ်တော်ကြီး ဘုရားကျောင်းက ဦးဆောင် ကျင်းပသည့် မီးနင်းပွဲနှင့် ဓားတက်ပွဲတော်ကြီးကို ယခုနှစ်တွင်လည်း မကျင်းပဖြစ်ဘဲ ကျောင်းတွင်းပူဇော်ပွဲသာ ကျင်းပပြုလုပ်ခဲ့သည်။ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်ပြီး ၁၉၉၄ ခုနှစ်မှစကာ နှစ်စဉ်ဇန်နဝါရီလတိုင်း ကျင်းပ‌လေ့ရှိသော်လည်း ယခုမကျင်းပဖြစ်သည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်သည်။ ယခုနှစ်ပူဇော်ပွဲကို ဇန်နဝါရီလ ၈ ရက်မှ ၁၂ ရက်နေ့အထိကျင်းပခဲ့ပြီး သက်သက်လွတ် စတုဒီသာကျွေးခြင်း၊ နေ့ပူဇော်ပွဲ၊ ညပူဇော်ပွဲများပြုလုပ်ခြင်းနှင့် မီးဟုမ်းပူဇော်ခြင်းများကိုသာ ပြုလုပ်ခဲ့ကြောင်း ဘုရားကျောင်းပူဂျာရီအဖွဲ့က ပြောဆိုသည်။ ယခုနှစ်တွင် ဘုရားကျောင်း ပြန်လည်ပြုပြင်မွမ်းမံပြီးစီးခဲ့သည့်အတွက် မန္တလေးမြို့မှ ပုရောဟိတ် ပုဏ္ဏားများ ပင့်ဖိတ်ပြီး ဘုရားကျောင်းထီးတင်ပွဲကိုပါ ကျင်းပပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။ ကံပေါက်ဒေသမှ အဆိုပါဟိန္ဒူဘုရားကျောင်းသည် နှစ် ၃၀ ကျော်သက်တမ်းရှိပြီး ၂၀၀၄ ခုနှစ်တွင်တစ်ကြိမ် […]

ပရဟိတအဖွဲ့ဝင်များကို လူဦးရေစာရင်းကောက်ရာတွင် အဓမ္မထည့်သွင်းမှုရှိနေ

diz_admin

January 12, 2023

တနင်္သာရီတိုင်းရှိ လူဦးရေစာရင်းကောက်ယူရေးအဖွဲ့တွင် ပရဟိအဖွဲ့ဝင်များကို ကာယကံရှင်ဆန္ဒမပါဘဲ အဓမ္မထည့်သွင်းထားမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ လူဦးရေစာရင်းကောက်အဖွဲ့ လုံခြုံရေးခေါင်းစဉ်ဖြင့် နာရေးကူညီမှု၊ အရေးပေါ်ကားအသင်း စသည်တို့မှ ပရဟိတအဖွဲ့ဝင်များကို ကာယကံရှင်များ၏ သဘောထားမေးမြန်းမှုမရှိဘဲ ထည့်သွင်းထားခြင်းဖြစ်သည်။ သို့သော်ကျေးရွာ၊ ရပ်ကွက်တိုင်းတွင် ထိုကဲ့သို့ထည့်သွင်းထားခြင်းမျိုး မဟုတ်ဘဲ  အချို့ကျေးရွာများတွင်သာ ထည့်သွင်းထားခြင်းဖြစ်သည်။ “ကျွန်တော်တို့အဖွဲ့မှာဆို ငါးယောက်စာရင်းပါနေတယ်။ ကျွန်ဝောာ်တို့ဆန္ဒမပါဘဲ စာရင်းထည့်လိုက်တာ” ဟု ထားဝယ်ခရိုင်ရှိ ကျေးရွာတစ်ရွာမှ ပရဟိတအဖွဲ့ဝင်တစ်ဦးကဆိုသည်။ အချို့ကျေးရွာများတွင်မူ ကိုယ်တိုင်ဆန္ဒမပါသော်လည်း မိသားစုလုံခြုံရေးကဲ့သို့သော ငြင်းမရသည့် အနေအထားမျိုးကြောင့် မဲစာရင်းကောက်အဖွဲ့တွင် ပါဝင်နေရသူများလည်းရှိကြောင်း ပြောဆိုကြသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့တို့ ထိန်းချုပ်ထားသည့် ကျေးရွာများတွင် ယင်းကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ “စာရင်းထဲထည့်ထားတဲ့ ပုံစံမျိုးတော့မဟုတ်ဘူး။ လိုအပ်လာရင် အဲဒီအဖွဲ့မှာ ပါပေးဖို့ဆိုပြီး အုပ်ချုပ်ရေးမှူးက လိုက်‌ပြောထားတာရှိတယ်လို့ ကြားရတယ်။ ကျွန်တော်တို့မှာက သူတို့လက်ထဲမှာရှိနေတော့ […]

နတ်တွင်းရွာ မင်္ဂလာဆောင်တွင် ဗုံးပေါက်

diz_admin

January 12, 2023

ရေဖြူမြို့နယ်၊ နတ်တွင်းရွာ မင်္ဂလာဆောင်တစ်ခုတွင် ယနေ့(ဇန်နဝါရီ ၁၂ )မနက် ၉နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ မင်္ဂလာ ဘိသိက်သွန်းအပြီး ကျွေးမွေးဧည့်ခံနေစဉ် မဏ္ဍပ်အဝင်ဝရှိ မင်္ဂလာလက်ဖွဲ့ စာရင်းရေးသည့် စားပွဲအနီး ပေါက်ကွဲခြင်းဖြစ်သည်ဟု မျက်မျက်တွေ့ရှိသူ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ “အသံကြားတာပဲ သိလိုက်တယ်။ လူက ထုံသွားပြီး သတိဝင်လာချိန် ဖုံတွေတစ်လိမ့်လိမ့်တက်လာတာ‌ တွေ့တယ်။ ယမ်းနံလည်းရတယ်”ဟု ထိုအမျိုးသမီးကပြောသည်။ ဗုံးပေါက်ကွဲသည့်အိမ်မှာ နတ်တွင်းရွာသားများဖြစ်သည့် ဦးကျော်အောင် ဒေါ်ချိုမာအေးတို့ မင်္ဂလာနေအိမ်ဖြစ်သည်။ အဆိုပါပေါက်ကွဲမှုကြောင့် အမျိုးသား၊အမျိုးသမီး ခြောက်ဦးခန့် မှာ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်ဟုသိရပြီး ထိတ်လန့်ပြီး ထွက်ပြေးကြသည့်အတွက်ကြောင့် ချော်လဲကာ ဒဏ်ရာရရှိသူများလည်းရှိသည်ဟု အထက်ပါအမျိုးသမီးကပြောသည်။ “ခြေထောက်တွေ လက်တွေမှာ ပွန်းပဲ့ကြတာပဲရှိတယ်”ဟု ၎င်းကပြောသည်။ အသံကြယ်လောက်စွာကြားရပြီး ထိခိုက်မှုနည်းသည့်အတွက် အသံဗုံးဟု ဒေသခံအများစုက ခန်မှန်းပြောဆိုလျက်ရှိသည်။ နတ်တွင်းရွာတွင် ယခုလ ၁ ရက်နေ့က […]

ကော့သောင်းတွင် ဓာတ်ဆီဆိုင် မီးလောင်

diz_admin

January 12, 2023

ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက် လမ်းမခြံဈေးအနီးရှိ ဓာတ်ဆီအရောင်းဆိုင်တစ်ဆိုင် ယနေ့ မွန်းလွဲ ၁ နာရီခန့်က မီးလောင်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ မီးလောင်မှုအား မီးတပ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ၊ ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ပရဟိတ အသင်းဝင်တစ်ဦးက ပြောသည်။ မီးလောင်ရာတွင် ဆီဆိုင်တစ်ဆိုင်သာ လောင်ကျွမ်းခဲ့ပြီး ဆီဆိုင်နှင့်ကပ်လျက် နေအိမ်တစ်ဆောင်ရှိ တံခါးဘောင်များ မီးဟပ်ခံရကြောင်း ၎င်းက ပြောဆိုသည်။ မီးလောင်သည့် အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးတို့အား မသိရသေးကြောင်း ၎င်းက ဆိုသည်။ ယင်းမီးလောင်မှုတွင် လူထိခိုက်မှုမရှိကြောင်း ပါဝင်ကူညီခဲ့သူအချို့ထံမှ သိရသည်။