ကလိန်အောင်၊ ရာဖူးရွာတွင် ပစ်ခတ်မှုထပ်ဖြစ်ပြီး ဒေသခံများ တိမ်းရှောင်
Dawei Watch
January 24, 2026ရေဖြူမြို့နယ်၊ ကလိန်အောင်-မလွှဲတောင် လမ်းပိုင်းရှိ ရာဖူးရွာသစ်တွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားသဖြင့် ရွာသားအချို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ ခြေလျင်လာသော စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ရာဖူးရွာသစ် ဘုန်းကြီးကျောင်းတွင် ဇန်နဝါရီလ ၂၂ ရက် ညနေပိုင်းက စခန်းချရပ်နားနေစဉ် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက လာရောက်ပစ်ခတ်သဖြင့် နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှု မရှိသော်လည်း ရာဖူးရွာသစ် ဘုန်းကြီးကျောင်းတွင် ပန်းရံလုပ်ကိုင်နေသည့် အမျိုးသားနှစ်ဦး၏ ခြေထောက်တွင် ကျည်ရှပ်ထိဒဏ်ရာများ ရရှိခဲ့ကြောင်း ရွာသားများထံမှ သိရသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ရာဖူးရွာဝန်းကျင်၌ ဇန်နဝါရီလ ၂၄ ရက်အထိ ဆက်လက်ရှိနေပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် သာယာမွန်ရွာနှင့် ရာဖူးရွာတို့မှ ရွာသားအချို့ ကြိုတင်တိမ်းရှောင်နေကြခြင်း ဖြစ်သည်။ “သက်ကြီးပိုင်းအချို့ပဲ ရွာမှာကျန်တယ်။ ကျန်တဲ့သူတွေက ရှောင်နေတယ်။ […]


