လေးမိုင်ရွာတွင် မြေမြှုပ်မိုင်းကို တုတ်ဖြင့်ထိုးသဖြင့် ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရ
Dawei Watch
January 22, 2026တနင်္သာရီမြို့နယ်၊ ဒူကြိုး-လေးမိုင်ရွာတွင် စစ်အာဏာရှင်တပ်စွဲခဲ့သည့် လူနေအိမ်ဝန်းကျင်တွင်တွေ့သည့် မြေမြှုပ်မိုင်းကို ကလေးငယ်တစ်ဦးက တုတ်ဖြင့်ထိုးရာမှ ပေါက်ကွဲသောကြောင့် ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ဇန်နဝါရီလ ၂၁ရက် ညနေ ၅နာရီခန့်တွင် လေးမိုင်ရွာတွင် အိမ်အနီးဝန်းကျင်တွင် တွေ့ရှိသည့် မြေမြှုပ်မိုင်းကို အသက် ၁၀နှစ်ကျော်အရွယ် ကလေးတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “မိုင်းကို တုတ်နဲ့ သွားထိုးလိုက်တော့ ပေါက်ပြီး (ခန္ဓာကိုယ်) အောက်ပိုင်းတစ်ပိုင်းလုံး ထိသွားတယ်။ ထိသွားက ယောင်္ကျေားလေးပဲ” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။ ဒဏ်ရာရသွားသည့် ကလေးကို မြိတ်ဆေးရုံကို ပို့လိုက်ပြီး နောက်ဆက်တွဲခြေနေကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ လကုန်ပိုင်းတွင် စစ်အာဏာရှင်တပ်သားများသည် လေးမိုင်ရွာကို စစ်ကြောင်းထိုးလာပြီး ယခု မိုင်းပေါက်ကွဲသည့် လူနေအိမ်များဝန်းကျင်တွင် […]


