ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော ကျောက္ကာအုပ်စုတွင် မဲလာထည့်ရန် ရွေးကောက်ပွဲနေ့ စစ်အာဏာရှင်တပ် တစ်အိမ်တက်ဆင်း အဓမ္မလိုက်ခေါ်

Dawei Watch

January 26, 2026

ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စုတွင် မဲလာထည့်ရန် ရွေးကောက်ပွဲနေ့ဖြစ်သည့် ဇန်နဝါရီလ ၂၅ ရက်တွင် စစ်အာဏာရှင်တပ်က တစ်အိမ်တက်ဆင်း အဓမ္မလိုက်လံခေါ်ဆောင်ပြီး မဲထည့်ခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက္ကာရွာတွင် မဲလာထည့်သူနည်းသဖြင့် စစ်အာဏာရှင်တပ်သားများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် နေအိမ်များသို့ လာရောက်ခေါ်ဆောင်ကြောင်း ဒေသခံများက ပြောသည်။ “တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ခေါ်ပြီး ထည့်ခိုင်းတယ်။ လိုက်ခေါ်နေလို့ ကြိုသိသူတွေကလည်း ထွက်ပြေးကြတယ်။ ပိတ်မိသူကလည်း သွားထည့်ရတယ်။ မထည့်ရင် ပင်လယ်ပြင် ထွက်ခွင့်မပြုဘူးလို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ကျောက္ကာကျေးရွာအုပ်စုတွင် မဲရုံနှစ်ရုံရှိပြီး ကျောက္ကာရွာတွင် တစ်ရုံ၊ သကျက်ကမ်းတွင် တစ်ရုံရှိကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက္ကာရွာတစ်ဖက်ကမ်းရှိ သကျက်ကမ်းရွာနှင့် ရာဇဂြိုလ်ရွာနှစ်ရွာသည် သကျက်ကမ်းစာသင်ကျောင်း မဲရုံတွင် မဲထည့်ရပြီး မဲထည့်သူနည်းသဖြင့် စစ်အာဏာရှင်တပ်သားများ အဓမ္မခေါ်ခဲ့ကြောင်း ဒေသခံတစ်ဦးက […]

မောင်းမကန်မဲရုံကို ဒရုန်းဖြင့်ဗုံးချ

Dawei Watch

January 26, 2026

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ မဲရုံတွင် မဲပေးသူများ မရှိတော့သည့် ညနေ ၄နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးချသဖြင့် မဲရုံဖွင့်ထားသည့် ကျောင်းခြံဝင်းအပြင်ဘက်တွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံးမြို့နယ်သည် ဇန်နဝါရီလ ၂၅ ရက်က ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည်။ မဲပေးသူများ မရှိတော့ဘဲ စစ်အာဏာရှင်တပ် တပ်ဖွဲ့ဝင်များ၊ မဲရုံဝန်ထမ်းများ ရှိနေချိန်တွင် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဗုံးချခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “တစ်ချက်တည်းပါပဲ။ မဲရုံအနီးကို ကျတာ။ ရွာသူရွာသားတွေရော မဲရုံအဖွဲ့တွေရော အထိအခိုက်မရှိဘူး။ စစ်တပ်က ပြန်လည်း မပစ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အထက်ပါ တိုက်ခိုက်မှုကို မည်သည့်တော်လှန်ရေးတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။ စစ်ကော်မရှင်သည် လောင်းလုံးမြို့နယ်၌ ကျေးရွာ ၃ ရွာတွင် […]

ထိုင်းတွင် လုပ်ငန်းခွင်ထဲ လက်ချောင်းများဆုံးရှုံးသော မြန်မာတစ်ဦး နစ်နာကြေးရရှိရန် အလုပ်ရှင်က တာဝန်မယူ

Dawei Watch

January 26, 2026

ထိုင်းနိုင်ငံ လယွန်ခရိုင်ရှိ စက်ရုံတွင် အလုပ်လုပ်နေစဉ် မတော်တဆမှုကြောင့် လက်ချောင်းများပြတ်သွားသော မြန်မာအလုပ်သမားအတွက် အလုပ်ရှင်က တာဝန်မယူသဖြင့် ခြောက်လကျော်ကြာသည်အထိ နစ်နာကြေး မရသေးကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်က ကိုမျိုးသန့်သည် လေယာဉ်အပိုပစ္စည်းစက်ရုံထဲ ကော်ကြိတ်နေစဉ် လက်အိတ်အစသည် စက်နှင့် ငြိပါသွားသဖြင့် ဘယ်ဘယ်လက်လည်း စက်ထဲ ဝင်ပါခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ မတော်တဆမှုဖြင့်ပြီးနောက် ဆေးရုံ သုံးရုံတွင် အသီးသီးလွှဲပြောင်း၍ ၂၈ ရက်အကြာ ဆေးကုသမှုခံယူခဲ့ရပြီး ဘယ်ဘက်လက်တွင် လက်ချောင်း လေးချောင်းကို ဖြတ်တောက်လိုက်ရကြောင်း WAG အဖွဲ့ထံမှ သိရသည်။ ကိုမျိုးသန့်၏ ဆေးကုသမှုစရိတ်များကို အလုပ်ရှင်နှင့် လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) များက ကျခံပေးခဲ့ပြီး အလုပ် နားနေသည့်အချိန်တွင်လည်း […]

သားဖြစ်သူအား ရိုက်နှက်ကန်ကျောက်သည့် စင်္ကာပူအမျိုးသမီး ထောင်ဒဏ်ချမှတ်ခံရ

Dawei Watch

January 26, 2026

စင်္ကာပူနိုင်ငံတွင် အသက် ၇ နှစ်အရွယ် သားဖြစ်သူအား ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်း၊ ခြေထောက်ဖြင့် တက်နင်းခြင်း ပြုလုပ်သည့် မိခင်ဖြစ်သူကို ယနေ့ ဇန်နဝါရီလ ၂၆ ရက်တွင် တရားရုံးက ထောင်ဒဏ် ၉ လ ချမှတ်လိုက်သည်။ သားသမီးများ၏ ကိုယ်ရေးအချက်အလက်ကို ကာကွယ်ရန်အတွက် အသက် ၃၁ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီး၏ အမည်ကို သတင်းတွင် ဖော်ပြထားခြင်း မရှိပေ။ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းတွင် ထင်ထင်ရှားရှား မှတ်တမ်းတင်ဖမ်းယူထားနိုင်ခဲ့သည့် အဆိုပါ အမှုမှာ ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးအား ခင်ပွန်းဖြစ်သူကိုယ်တိုင် ရဲစခန်း၌ တိုင်ချက်ဖွင့်ခဲ့သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါအမျိုးသမီးသည် ၇ နှစ်အရွယ် သားဖြစ်သူအပေါ် ရိုင်းစိုင်းသော စကားလုံးများဖြင့် […]

ကမ္ဘောဒီယားမှ ပြန်ပို့သည့် အွန်လိုင်းလောင်းကစားတွင်ပါဝင်သူ မြန်မာလေးရာနီးပါး မြိတ်မြို့သို့ရောက်လာ

Dawei Watch

January 26, 2026

ကမ္ဘောဒီးယားနိုင်ငံမှ လွှဲပြောင်းပေးလိုက်သည့် အွန်လိုင်းလိမ်လည် လောင်းကစားတွင် ပါဝင်သူ မြန်မာနိုင်ငံသား ၃၈၀ ဦး ယနေ့ ဇန်နဝါရီ ၂၆ ရက်တွင် မြိတ်မြို့သို့ ရောက်ရှိကြောင်း စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ထားသည်။ အွန်လိုင်းလိမ်လည်လောင်းကစားမှုဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများကို ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာသံရုံးသို့ လွှဲပြောင်းပေးပြီးနောက် ယခုကဲ့သို့ မြိတ်မြို့သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းတွင်ပါဝင်သည့် မြန်မာနိုင်ငံသား ၅၅၆ ဦး ကမ္ဘောဒီးနိုင်ငံက လွှဲပြောင်းပေးခဲ့သည့်အနက် မြိတ်မြို့သို့ ၃၈၀ ဦး ရောက်ရှိလာခြင်းဖြစ်သည်။ ပထမအသုတ် ၁၃၆ ဦးကို မန္တလေးမြို့သို့ ဇန်နဝါရီလ ၂၃ ရက်က ပို့ဆောင်ပေးခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက်တွက်မူ နောက်ထပ် မြန်မာနိုင်ငံသား ၅၀ ဦးကို မန္တလေးမြို့သို့ပင် ပို့ဆောင်ခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။ ကျန်ရှိသည့် […]

လက်နက်ကြီးကြောင့် လောင်းလုံးမြို့ခံ အသက်ကြီးပိုင်းတစ်ဦးသေဆုံး

Dawei Watch

January 25, 2026

ရွေးကောက်ပွဲနေ့ လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်တပ်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသော အသံကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး ရုတ်တရက်သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့တွင် တော်လှန်ရေးတပ်တို့က လောင်းလုံးမြို့ပေါ်ရှိ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း မြို့ခံများက ပြောသည်။ ယင်းသို့ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းကြောင့် ရဲစခန်းနှင့် ထွေအုပ်ဝန်းကျင်တွင် မီးခိုလုံးများထွက်ပေါ်လာသည်ကို တွေ့ရကြောင်း ၎င်းတို့က ဆိုသည်။ စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူတို့၏ အဆိုအရလည်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တို့က လောင်းလုံးမြို့ပေါ်ရှိ စစ်အာဏာရှင်တပ် တပ်စွဲထားသည့်နေရာတို့ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပြောဆိုသည်။ ၎င်းတို့အဆိုအရ ရဲစခန်းနှင့် ထွေအုပ်ရုံးရှိ ‌အဆောက်အအုံအချို့ မီးလောင်ကျွမ်းနေကြောင်း သိရသည်။ ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ကျည်တစ်လုံးမှာ လောင်းလုံးမြို့ပြင်‌ရှိ […]

ရွေးကောက်ပွဲကျင်းပနေသည့် သရက်ချောင်း၊ ပိန်းတောရွာတွင် ပေါက်ကွဲသံများထွက်ပေါ်

Dawei Watch

January 25, 2026

ရွေးကောက်ပွဲကျင်းပနေသည့် သရက်ချောင်းမြို့နယ် ပိန်းတောရွာတွင် ဗုံးပေါက်ကွဲသံများ ကြားနေရပြီး ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောသည်။ သရက်ချောင်းမြို့နယ်သည် ရွေးကောက်ပွဲ အပိုင်း ၃ တွင်ပါဝင်ပြီး မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် အိမ်ရှေ့ပြင်၊ တီတွတ်ပြင်၊ ပိန်းတော၊ ပန်းပြင်၊ ကဇိတံတားဦးကျေးရွာများတွင် ရွေးကောက်ပွဲ ကျင်းပလျက်ရှိသည်။ ယနေ့(ဇန်နဝါရီ ၂၅) မနက် ၁၀ နာရီခန့်တွင် ပိန်းတောရွာ အထက်တန်းကျောင်းခွဲ၏ မဲရုံပရဝဏ်အနီးတွင် ဒရုန်းဗုံးသီးတစ်လုံး၊ လယ်ကွင်းထဲတွင် တစ်လုံးကျရောက်ပေါက်ကွဲသည်ဟု ဒေသခံအချို့က ပြောသည်။ “ငါလည်း မနက်စောစောတည်းက မဲထည့်ပြီးပြန်လာတာဆိုတော့ ပေါက်ကွဲသံပဲကြားတယ်။ မဲရုံနဲ့အဝေးကြီးမှာကျတယ်ပြောတယ်။ မနက်ကတော့ မဲထည့်သူတွေရှိနေတယ်။ ဗုံးသံကြားတော့ လူတွေလည်း အထဲဝင်ပြေးကုန်တယ်တဲ့” ဟု ပိန်းတောရွာက အမျိုးသားတစ်ဦးက ပြောသည်။ ယနေ့ရွေးကောက်ပွဲတွင် မဲလာထည့်သူနည်းသည်ဟု ၎င်းက ဆိုသည်။ […]

လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦးဒဏ်ရာရ

Dawei Watch

January 24, 2026

ရွေးကောက်ပွဲ အပိုင်း ၃ အကြိုနေ့ဖြစ်သည့် ယနေ့ ဇန်နဝါရီလ ၂၄ရက်တွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်စထိမှန်သဖြင့် မြို့ပေါ်က ကလေးငယ်နှစ်ဦး ဒဏ်ရာရကြောင်း မြို့ခံများက ပြောသည်။ လောင်းလုံးမြို့ အထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က မြို့အနီးဝန်းကျင်ပတ်ပတ်လည်သို့ လက်နက်ကြီးဖြင့် တောက်လျှောက်ပစ်ခတ်လျက်ရှိကြောင်း မြို့ခံများက ဆိုသည်။ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများအနက် လက်နက်ကြီးကျည်နှစ်လုံးမှာ လောင်းလုံးမြို့၊ စောင်ကြိုးလမ်းထဲရှိ နေအိမ်ခြံဝင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ စောင်းကြိုးလမ်းသည် မြို့ပြင်ရပ်ကွက်တစ်နေရာဖြစ်ပြီး ထိုနေရာမှတစ်ဆင့် စစ်ပြဲကျေးရွာသို့ သွားရောက်နိုင်သည်။ ခြံဝင်းထဲတွင် ဆော့ကစားနေသော အသက် ၉ နှစ်ဝန်းကျင်အရွယ် ကလေးငယ်နှင့် အသက် ၆ နှစ်ဝန်းကျင်အရွယ် ကလေးငယ်တို့အား လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “ခပ်ကြီးကြီး ကလေးမှာက […]