စစ်အာဏာရှင်တပ်က ပလမြို့ အမှတ် ၄ ရပ်ကွက်ရှိ နေအိမ် ၇၀ ကျော်ကို မီးရှို့
Dawei Watch
January 27, 2026ပုလောမြို့နယ်၊ ပလမြို့၊ အမှတ် ၄ ရပ်ကွက်ကို စစ်အာဏာရှင်တပ်က ယနေ့ (ဇန်နဝါရီ ၂၇) နေ့လယ်ပိုင်းတွင် မီးရှို့ခဲ့သဖြင့် နေအိမ် ၇၀ ကျော်မီးလောင်သွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ပလမြို့ရဲစခန်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက ပြည်သူအချို့သာ နေထိုင်သည့် အမှတ် ၄ ရပ်ကွက် (ဒေသအခေါ် ဆားဖိုဆိပ်ရပ်ကွက်) ရှိ နေအိမ် ၇၀ ကျော်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “စစ်သားတွေက ဟိုနားငါးအိမ်၊ ဒီနားငါးအိမ် တစ်ကွက်စီ ကွက်ကြား၊ ကွက်ကြား မီးလာရှို့ပြီး ပြန်ထွက်သွားတယ်။ တော်လှန်ရေးတပ်က မီးလာငြိမ်းပေးလိုက်တယ်။ ရွာထဲမှာက လူသိပ်မနေကြဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၄ ရက်မှ စကာ […]


