ကော့ဖငန်းကျွန်းတွင် ထိုင်းအမည်ခံ လုပ်ငန်းများကို အရေးယူ၊ မြန်မာ ၁၀ကျော်လည်း ဖမ်းဆီးခံရ
Dawei Watch
January 22, 2026ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် ထိုင်းအမည်ခံထားသည့် စီးပွားရေးလုပ်ငန်းများကို ဝင်ရောက်စစ်ဆေး အရေးယူခဲ့ပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၂ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၂၁ ရက်တွင် ကော့ဖငန်းပေါ်က စားသောက်ဆိုင် ၂၂ ဆိုင်၊ အဝတ်အစားနှင့် လက်ဆောင်ပစ္စည်းဆိုင် တစ်ဆိုင်နှင့် ဟိုတယ် နှစ်လုံးတို့ကို စူရတ်ဌာနီခရိုင် ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၁၇၀ ခန့်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့သည်။ ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံသား အမည်ခံပြီး စီးပွားရေးလုပ်ကိုင်မှုဖြင့် လုပ်ငန်း ငါးခုကို အရေးယူခဲ့သလို နိုင်ငံခြားသားများက ၎င်းတို့၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေသော လုပ်ငန်း သုံးခုကိုလည်း အရေးယူခဲ့ကြောင်း ဖော်ပြသည်။ နောက်ထပ် ဟိုတယ်ဥပဒေအောက်က ဟိုတယ်နှစ်လုံးကိုလည်း အရေးယူခဲ့ကြောင်း ဖော်ပြသည်။ နိုင်ငံခြားသားများကို တားမြစ်ထားသော […]


