ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး စခန်းကြီးကျေးရွာအုပ်စုသို့ မဲပုံးလာပို့သည့် ကားများကို အပြန်တွင် မိုင်းဆွဲတိုက်ခိုက်

Dawei Watch

January 20, 2026

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုသို့ မဲပေးစက်နှင့် မဲပုံးများ လာရောက်ပို့ဆောင်သည့် ကားများကို အပြန်တွင် တော်လှန်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည့် စခန်းကြီးကျေးရွာအုပ်စုသို့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်အချို့ လုံခြုံရေးလိုက်ပါလာပြီး ပစ်ကပ်ကားနှစ်စီးအပါအဝင် ကားလေးစီးဖြင့် ယနေ့ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မဲပုံးနှင့် မဲပေးစက်များ လာရောက်ပို့ဆောင်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယင်းနောက် စခန်းကြီးကျေးရွာမှ ပြန်လည်ထွက်ခွာချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “မဲအုံနှောက် (ရွာ) နဲ့ ခမောင်းတောင်းရွာ ကြားမှာဖြစ်တာ။ မိုင်းပေါက်ပြီးနောက်မှာ သူတို့လည်း သေနတ်ပစ်ခတ်ပြီး ကားအမြန်မောင်းပြီး ထွက်ပြေးသွားတာတွေ့လိုက်တယ်” ဟု ၎င်းဒေသခံက ပြောသည်။ အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုကို မည်သည့်တော်လှန်ရေးအဖွဲ့က […]

တနင်္သာရီတိုင်းတွင် စစ်အုပ်စုပါတီက သုံးဦးထပ်အနိုင်ရ

Dawei Watch

January 20, 2026

ရွေးကောက်ပွဲအပိုင်း (၂) ပြုလုပ်ခဲ့သည့် ရေဖြူ၊ ကျွန်းစု၊ တနင်္သာရီသုံးမြို့နယ်ထဲတွင် စစ်အုပ်စု ကျောထောက်နောက်ခံ ဖြစ်သည့် ကြံ့ခိုင်ရေးပါတီက သုံးဦး ထပ်မံအနိုင်ရကြောင်း စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်တို့တွင် ပြည်သူ့လွှတ်တော် နှစ်နေရာနှင့် ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့ကို ပေါင်းထားသည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) တို့တွင် အနိုင်ရခြင်းဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း (၂) တွင်ပါဝင်သည့် တိုင်းဒေသကြီးလွှတ်တော်နေရာအတွက်မူ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းအထိ ထုတ်ပြန်ခြင်း မရှိသေးပေ။ ရွေးကောက်ပွဲအပိုင်း (၁) ဖြစ်သည့် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းတို့တွင်မူ ကြံ့ခိုင်ရေးပါတီက လွှတ်တော်သုံးရပ်ပေါင်း ကိုယ်စားလှယ် ၁၃ ဦး အနိုင်ရထားပြီး ပြည်သူ့ပါတီက တိုင်းလွှတ်တော်ကိုယ်စားလှယ် တစ်ဦး […]

ထားဝယ် ရှမ္မတွင်းကျေးရွာအုပ်စုဘက်သို့ စစ်အာဏာရှင်တပ် ညဘက် လက်နက်ကြီးဖြင့်ပစ်ခတ်

Dawei Watch

January 20, 2026

ထားဝယ်မြို့နယ်၊ ရှမ္မတွင်းကျေးရွာအုပ်စုဘက်သို့ ဇန်နဝါရီလ ၁၉ ရက် ည ၁၀ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် သုံးကြိမ်ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ ထားဝယ် အရှေ့တောဒေသသို့ သွားသည့် လမ်းပိုင်းရှိ ဗျောတောဝစစ်ဆေးရေးဂိတ်အနီး တောင်ကုန်း၌ ပြင်ဆင်ထားသည့် လက်နက်ကြီးကုန်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရှမ္မတွင်းကျေးရွာအုပ်စု ပုလွေရှောင်ရွာအနီးဝန်းကျင်တွင် ကျည်များ ကျရောက် ပေါက်ကွဲကြောင်း ဒေသခံများက ဆိုသည်။ ယခုရက်ပိုင်းအတွင်း ရှမ္မတွင်းကျေးရွာအုပ်စုတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေခြင်းလည်းမရှိသလို တော်လှန်ရေး အင်အားစုများနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်း မရှိကြောင်း ဒေသခံများက ပြောဆိုသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိသော်လည်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညဘက်နေအိမ်၌ အိပ်ရန်အတွက် စိုးရိမ်နေရကြောင်း ပုလွေရှောင်ရွာခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ညက တော်တော်ကြမ်းတယ်။ သုံးချက် […]

သရက်ချောင်းမြို့အနီး ပစ်ခတ်မှုများဖြစ်၊ ရပ်ဝေးက ကျောင်းသားများကို အိမ်ပြန်လွှတ်

Dawei Watch

January 20, 2026

သရက်ချောင်းမြို့ပေါ်က အခြေခံပညာစာသင်ကျောင်းများတွင် ပညာသင်ယူနေသည့် ရပ်ဝေးက ကျောင်းသူ၊ ကျောင်းသား များကို အခြေအနေ မအေးသဖြင့် ဆရာ၊ ဆရာမများကို အိမ်ပြန်လွှတ်ကြောင်း ကျောင်းသားမိဘအချို့နှင့် ဒေသခံအချို့က ပြောသည်။ ဇန်နဝါရီလ ၁၉ရက် ညပိုင်းတွင် သရက်ချောင်းမြို့အထွက် ပန်းတောစစ်ဆေးရေးဂိတ်နှင့် ဆင်ကူးရွာ၊ ဆင်ဖြူပြင်ရွာဘက်က လက်နက်ငယ်၊ လက်နက်ကြီး ပစ်ခတ်သံများကို ဆူညံစွာ ကြားရကြောင်း ၎င်းတို့က ဆိုသည်။ “ဒီနေ့ မနက် သမီးကို ကျောင်းသွားပို့တော့ နယ်ဝေး၊ ရွာဝေးက ကျောင်းသူကျောင်းသားလေးတွေ အကုန်လုံးကို ပြန်လွှတ် လိုက်တယ်။ ဆရာမတစ်ယောက်ပြောတာက အခြေအနေမကောင်းလို့တဲ့ ရွေးကောက်ပွဲပြီးမှပဲ ကျောင်းပြန်လာတော့ဆိုပြီး ကျောင်းကားပို့တဲ့ ကားသမားကိုပြောလိုက်တယ်တဲ့” ဟု ပိတိုင်ကျေးရွာက ကျောင်းသား မိဘတစ်ဦးက ပြောဆိုသည်။ စာသင်ကျောင်းကို လုံးဝ ပိတ်လိုက်ခြင်းမျိုး မဟုတ်ဘဲ သရက်ချောင်းမြို့ပေါ်ရပ်ကွက်တွင် […]

ဖလန်ဆောင်တံတား ပြိုကျသောနေရာတွင် မီးလောင်မှုထပ်ဖြစ်

Dawei Watch

January 20, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် စမွတ်စခွန်ကို ဆက်သွယ်ထားသော ဖလန်ဆောင် (ရာမ ၂) မိုးပျံတံတားဆောက်လုပ်ရေး လုပ်ငန်းခွင် ကရိန်းပြိုကျသောနေရာတွင် အပျက်အစီးများကြား မီးလောင်မှုထပ်ဖြစ်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၂၀ ရက် နံနက် ၁၁ နာရီတွင် တံတားပြိုကျသော အပျက်အစီးများကြားက မီးလောင်ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မီးသတ်သမားများက မီးကို ထိန်းချုပ်နိုင်ရန် ငြှိမ်းသတ်နေဆဲဖြစ်ပြီး မီးလောင်ရသည့် အကြောင်းအရင်းကိုလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြသည်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဆိုသည်။ ဇန်နဝါရီလ ၁၅ ရက်က ယင်းတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ကရိန်း သွားလာနေသည့် ကားများပေါ် ပြိုကျမှုကြောင့် လူ နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။ Ref: Khaosod, Matichon

ဂရင်းလန်းကျွန်းအရေး နိုဘယ်ဆု မရခြင်းနှင့် ထရမ့် ဆက်စပ်ပြော

Dawei Watch

January 20, 2026

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရေး ၎င်း၏ ကြိုးပမ်းမှုကို ငြိမ်းချမ်းရေးနိုဘယ်ဆုအား ၎င်း မရရှိမှုနှင့် ဆက်စပ်ကာ ပြောဆိုလိုက်သည်။ ဂရင်းလန်းကျွန်းအရေး အငြင်းပွားမှုကြောင့် အမေရိကန်နှင့် ဥရောပအကြား ကုန်သွယ်ရေးစစ်ပွဲ တစ်ကျော့ပြန်ဖြစ်လာနိုင်ခြေ ရှိနေချိန်တွင် ထရမ့်က ၎င်းအနေဖြင့် ငြိမ်းချမ်းရေးသက်သက်ကိုသာ ရှေးရှုစဉ်းစားတော့မည် မဟုတ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ တနင်္ဂနွေနေ့က နော်ဝေဝန်ကြီးချုပ်ထံ ပေးပို့သည့်စာတွင် ထရမ့်က “ကျွန်တော် စစ်ပွဲပေါင်း ၈ ခုမက ရပ်တန့်ပေးခဲ့ တာတောင် ခင်ဗျားတို့နိုင်ငံက ကျွန်တော့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆု မပေးခဲ့ဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးကိုပဲ အမြဲရှေးရှု ရမယ်ဆိုတဲ့ တာဝန်မျိုး ကျွန်တော့်မှာ မရှိတော့ဘူး။ အခုတော့ အမေရိကန်အတွက် ဘာက အသင့်တော်ဆုံးလဲဆိုတာကိုပဲ စဉ်းစားတော့မယ်” ဟု ရေးသားထားသည်။ ထရမ့် ပေးပို့သည့် စာကို […]

ထိုင်းတွင် ဖမ်းဆီးခံရသော မြန်မာများက ဖမ်းဆီးသည့်အဖွဲ့ခေါင်းဆောင် ရဲတပ်ကြပ်ကို မွေးနေ့သီချင်းဆိုဂုဏ်ပြုပေး

Dawei Watch

January 20, 2026

ထိုင်းနိုင်ငံ အန်ထောင်းခရိုင်တွင် တရားမဝင် ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများက အဖွဲ့ခေါင်းဆောင်ရဲတပ်ကြပ်ကြီး၏ မွေးနေ့အတွက် လက်ခုပ်တီး သီချင်းဆို ဂုဏ်ပြုပေးခဲ့ကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၉ ရက် ည ၁၁ နာရီခွဲက အန်ထောင်းခရိုင် ချိုင်းယိုးဒေသ အမှတ် ၃၂ အမြန်လမ်းမကြီးပေါ်တွင် ပစ်ကပ်ကားနှစ်စီး အရှိန်မြှင့်မောင်းလာပြီး ကားပြတင်းပေါက်များကို ကာထားကာ ကားအနောက်ကို ဖုံးထားဖြင့် မသင်္ကာဖြစ်၍ ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ကြောင်း ဆိုသည်။ ကားနှစ်စီးတွင် မြန်မာနိုင်ငံသား ၂၂ ဦး လိုက်ပါလာပြီး ၎င်းတို့တွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် တရားဝင် နေထိုင်ခွင့် အထောက်အထားများကို မတွေ့ရကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် ချင်းရိုင် မယ်ဆိုင်ဒေသသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး ထိုင်းနိုင်ငံထဲ အလုပ်ရရှိရန် ဘတ် ၁၃၀၀၀ […]

တောမီး မောတောင်မြို့အနီးကူးစက်လာပြီး နေအိမ်တစ်လုံးပျက်စီး

Dawei Watch

January 20, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် မြို့အနောက်ဘက်စတင်လောင်ကျွမ်းနေသည့် တောမီးသည် မြို့အနီးသို့ ကူးစက်နေပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၉ရက် မွန်းလွဲ ၁နာရီခွဲခန့်တွင် မောတောင်မြို့၊ အောင်ဇေယျရပ်ကွက် အနောက်ဘက်မှ တောမီး စတင်လောင်ပြီး အောင်ဇေယျရပ်ကွက် အနီးထိ မီးများလောင်ကျွမ်းလာကာ လူနေအိမ်အချို့ ပျက်စီးကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “လောင်တာကတော့ ရပ်ကွက်အနောက်ဘက်ကနေ စလောင်လာတယ်။ ရှို့မီးလား၊ တောမီးလောင်တာလား မသိရသေးဘူး” ဟု အထက်ပါမြို့ခံက ပြောသည်။ တောမီးများမှာ မြို့နှင့်နီးသည့် နေရာများတွင်သာ ငြှိမ်းသတ်နိုင်သေးပြီး တောများနှင့် လူနေအိမ်မရှိသည့်နေရာများတွင်မူ မငြှိမ်းသတ်နိုင်သေးကြောင်း မြို့ခံအခြားတစ်ဦးက ပြောဆိုသည်။ “မီးကတော့ လေတိုက်တဲ့အတိုင်း‌ လောင်သွားပြီ။ နေအိမ်တစ်ဆောင်တော့ မီးစကူးလို့ ငြိမ်းလိုက်တယ်။ ဘယ်နှစ်အိမ်လောင်သွားလဲ အတိအကျ မသိရသေးဘူး” ဟု အထက်ပါမြို့ခံက ပြောသည်။ […]