ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျောက်နီမော်ရွာ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်

Dawei Watch

October 4, 2023

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ (အောက်တိုဘာ ၄) မနက် ၅ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ကျောက်နီမော်ရွာရှိ စက်ရုံအဟောင်းတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီ နှင့် ပျူစောထီး ပူးပေါင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “လက်နက်ကြီးတွေရောပါပဲ စစ်တပ်က လူနေအိမ်တွေဘက်ကို ဆုတ်လာတော့ ရွာထဲက နေအိမ်တွေနား လက်နက်ကြီးကျတာ တွေရှိတယ်။ အိမ်တွေထိခိုက်တာတော့ ကြီးကြီးမားမားမတွေ့ရဘူး”ဟု ၎င်းဒေသခံကပြောသည်။ ယနေ့မနက် ၅ နာရီကျော် ကစပြီး ၈နာရီကျော်အထိ သုံးနာရီနီးပါးကြာ နှစ်ဖက်ပစ်ခတ်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာထွက်ပြေးခဲ့ကြရသည်ဟု နောက်ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ “အခုထိကျွန်မ ဘာမှမပြောထွက်ဘူး။ ပြေးဖို့တောင် ပြေးမထွက်ဘဲဖြစ်ရတယ်။ ဝပ်ဝပ် ဆိုတာနဲ့ နီးစပ်ရာ ဝပ်နေရတယ် ခုထိပဲ”ဟု […]

ဖမ်းဆီးခံရသည့် ပေါင်ဒေသခံအချို့ အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ခံရ

Dawei Watch

October 4, 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာက ဖမ်းဆီးခံထားရသည့် ဒေသခံများအနက် ခြောက်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း အမှုဖွင့်ခံရသူတို့နှင့် နီးစပ်သူတို့ထံမှ သိရသည်။ ပေါင်မြို့နယ် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ရဲစခန်း၊ ထွေအုပ်ရုံးတိုက်ခိုက်ခံရသည့် ဖြစ်စဉ်တို့ ဖြစ်ပွားပြီးနောက် စက်တင်ဘာလ ပထမအပတ်အတွင်းက ဒေသခံ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းအနက် ဥတ္တံတားကျေးရွာနေ ဒေါ်ခင်သန်းနု၊ ဒေါ်ဇင်မာထွန်းနှင့် ဒေါ်စန္ဒာလင်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ ၅၀ (ည) တို့ဖြင့် စက်တင်ဘာလနောက်ဆုံးအပတ်က အမှုဖွင့်ခဲ့ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ယင်းအပြင် ဥတ္တံတားကျေးရွာနေ ဒေါ်ချိုဝင်း၊ ဒေါ်ခင်သီတာကျော်နှင့် ကိုဖိုးချိုတို့ သုံး ဦးကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်က […]

ဘန်ကောက်ရှိ ဈေးဝယ်စင်တာတွင် ပစ်ခတ်မှုကြောင့် သေဆုံးသူနှစ်ဦးတွင် မြန်မာအမျိုးသမီးတစ်ဦးပါဝင်

Dawei Watch

October 3, 2023

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့လယ်ရှိ Siam Paragon ဈေးဝယ်စင်တာတွင် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ နှစ်ဦးတွင် မြန်မာအမျိုးသမီးတစ်ဦးပါဝင်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပစ်ခတ်မှုသည် ဈေးဝယ်စင်တာအတွင်း ယနေ့ အောက်တိုဘာလ ၃ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် အသက် ၃၄ နှစ်အရွယ် တရုတ်နိုင်ငံသူတစ်ဦး နေရာတွင် သေဆုံးခဲ့ပြီး မြန်မာအမျိုးသမီးတစ်ဦးက ဒဏ်ရာအပြင်းအထန်ဖြင့် ရဲဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဆေးရုံတွင် သေဆုံးသွားကြောင်း ဖော်ပြထားသည်။ သေဆုံးသူ မြန်မာအမျိုးသမီး၏ အမည်နှင့် ကိုယ်ရေးအချက်အလက်များကို ရဲတပ်ဖွဲ့များက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ပစ်ခတ်မှုကြောင့် နောက်ထပ် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရအခြေအနေတွင် ရှိနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ သေနတ်သမားသည် အသက် […]

ထားဝယ်မြို့ အရှေ့မြောက်ဘက်ကို စစ်ကြောင်းဝင်သဖြင့် ကျေးရွာ‌ ခြောက်ရွာက ဒေသခံများတိမ်းရှောင်

Dawei Watch

October 3, 2023

ထားဝယ်မြို့၏ အရှေ့မြောက်ဘက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ကျေးရွာခြောက်ရွာက ဒေသခံများ တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။ ပဒိုင်ချောင်း၊ ခေါင်တိုင်ပြင်၊ မြင်းမတပ်၊ ပခပ်အင်း၊ ကင်းကုန်း၊ ရေဝိုင်း စသောကျေးရွာများသို့ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းဝင်ရောက်လာကြောင်း ဒေသခံများက ဆိုသည်။ “ဝင်လာတဲ့နေ့ကတော့ ရေဝိုင်းရွာအနီးမှာ ပစ်ခတ်မှုဖြစ်ကြတယ်။ ဒီနေ့ကတော့ ရေဝိုင်းရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ လူတွေကတော့ ထွက်ပြေးလို့ (ရွာမှာမရှိတော့ဘူး) ကုန်ပြီ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဇီးကျရွာအနီးရှိ ထားဝယ်အကျဉ်းထောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်ရန်လာသည့် အကျဉ်းဦးစီးဌာနက ဝန်ထမ်းနှစ်ဦးသတ်ဖြတ်ခံရပြီး အကျဉ်းသားငါးဦး လွတ်မြောက်သွား ခဲ့သည်။ အဆိုပါ အကျဉ်းထောင်ဝန်ထမ်းနှစ်ဦးကို DGRF အဖွဲ့က သတ်ဖြတ်ခဲ့ကြောင်း DGRF […]

ဘန်ကောက်မြို့လယ် Siam Paragon ရှောပင်းစင်တာတွင်ပစ်ခတ်မှုဖြစ်၊ ၁၄နှစ်အရွယ် သေနတ်သမားကိုဖမ်းမိ

Dawei Watch

October 3, 2023

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့လယ်ရှိ Siam Paragon ရှောပင်းစင်တာတွင် ယနေ့ အောက်တိုဘာလ ၃ရက် ညနေ ၄ နာရီ ၅၀ မိနစ်တွင် ပစ်ခတ်မှုဖြစ်ပွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပစ်ခတ်သံ လေးချက် ကြားရကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ သေနတ်သမားမှာ အသက် ၁၄နှစ်အရွယ်သာရှိသေးပြီး ၎င်းကို ရှောပင်းစင်တာအထဲတွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ ပစ်ခတ်မှုကြောင့် လုံခြုံရေးဝန်ထမ်းတစ်ဦး အပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သတင်းများတွင် ဖော်ပြသည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စင်တာအတွင်းမှ လူအများ ပြေးထွက်လာခဲ့ပြီး ရှောပင်းစင်တာနှင့် Siam ဘူတာကိုလည်း ပိတ်ချထားခဲ့သည်။ ပစ်ခတ်မှုအခြေအနေနှင့် သေနတ်သမား၏ အသေးစိတ်အချက်အလက်များအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သတင်းများက ဆိုသည်။ Ref: Khaosod English, […]

ကလိန်အောင်အနီးတွင် PDF နှစ်ဦးကျဆုံး၊ ဒလန်ဆိုသူတစ်ဦးလည်း အသတ်ခံရ

Dawei Watch

October 3, 2023

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးတွင် Spring Dhamma PDF အဖွဲ့က နှစ်ဦးကျဆုံးကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။ စက်တင်ဘာလ ၃၀ ရက်က ကျောက်ရှပ်ရွာနှင့် ရေပုံးရွာအကြား နွယ်လီချောင်းအဖျားရှိ ဥယျာဉ်ခြံတစ်ခုတွင် Spring Dhamma PDF အဖွဲ့ရှိနေချိန် စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပစ်ခတ်မှုအတွင်း Spring Dhamma PDF အဖွဲ့က အသက် ၂၅ နှစ်ဝန်းကျင်အရွယ်ရှိ ဗိုလ်လင်းယုန်နှင့် ဗိုလ်မီးပွားတို့ ကျဆုံးပြီး လက်နက်ခဲယမ်းအချို့လည်းဆုံးရှုံးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ “ခြံတဲ (ဥယျာဉ်ခြံစောင့်တဲ) တစ်ခုမှာ ခဏနားနေကြတုန်း သတင်းပေးတဲ့လူရှိလို့ ဝင်ဝိုင်းခံရတာ။ ကျွန်တော်တို့ ဘက်ကတော့ ၅ယောက်ပေါ့။ အင်အားကလည်း မမျှဘူး။ ပြန်ခံပစ်ကြသေးတယ်။ ၃ယောက်ကတော့ လွတ်လာ တယ်။ […]

မလေးရှားတွင် မြန်မာတစ်ရာကျော်စစ်ဆေးခံရပြီး ၁၆ ဦး ဖမ်းဆီးခံရ

Dawei Watch

October 3, 2023

မလေးရှားနိုင်ငံ မလက္ကာပြည်နယ်တွင် မြန်မာအလုပ်သမား ၁၀၀ ကျော် စစ်ဆေးခံရပြီး အထောက်အထားမရှိဘဲ လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၆ ဦးကို ဖမ်းဆီးခံရကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြသည်။ မလေးရှား လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့များသည် အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲမှ ၅ နာရီအထိ Melaka Sentral အနီး ဈေးဆိုင်များရှိ နိုင်ငံခြားသား ၂၀၀ နီးပါးကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ စစ်ဆေးခံရသူများတွင် မြန်မာနိုင်ငံသား ၁၀၂ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆၈ ဦး၊ နီပေါနိုင်ငံသား ၁၇ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ကိုးဦးနှင့် ပါကစ္စတန်နိုင်ငံသား သုံးဦးတို့ ပါဝင်ကြောင်း ဖော်ပြသည်။ ၎င်းတို့အနက် အထောက်အထား မရှိဘဲ လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၆ […]

မိုင်းရှင်းစဉ် မတော်တဆပေါက်ကွဲမှုကြောင့် ပုလော PDF သုံးဦးဒဏ်ရာရ၊ တစ်ဦးလက်တစ်ဖက်ဆုံးရှုံး

Dawei Watch

October 3, 2023

ပုလောမြို့နယ်၊ မြဒေါင်ရွာတွင် မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်သုံးဦး ထိခိုက် ဒဏ်ရာရပြီး တစ်ဦးမှာ လက်တစ်ဖက်ဆုံးရှုံးသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှသိရသည်။ အောက်တိုဘာ ၂ ရက် နံနက်က မြဒေါင်ရွာအနီး မိုင်းရှင်းလင်းရေး လာရောက်လုပ်ဆောင်နေစဉ် မတော်တဆ ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “တစ်ယောက်ကတော့ လက်တစ်ဖက်ပြတ်သွားတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ နည်းနည်းပါးပါး ထိခိုက်သွား တယ်။ မစိုးရိမ်ရဘူးလို့ ပြောတယ်” ဟု မိုင်းထိသူမိသားစုနှင့် ရင်းနှီးသူ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ထိခိုက်ဒဏ်ရာရသူသုံးဦးမှာ ပုလောအခြေစိုက် တောကြီးမြွှေဟောက်တပ်ဖွဲ့မှ ရဲဘော်များဖြစ်ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်အချို့က ပြောဆိုသည်။ တောကြီးမြွှေဟောက်အဖွဲ့က အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ လတ်တလောတွင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။ မိုင်းပေါက်ကွဲသံကြားပြီးနောက် နာရီပိုင်းအတွင်း မြဒေါင်ရွာအနီး တာဝါတိုင်ရှိသည့် တောင်ပေါ်သို့ စစ်ကောင်စီတပ် […]