ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူ ဇီးကျတိုးဂိတ်နှင့် ထောင်သစ် မီးရှို့ခံရပြီးနောက် ရွာသားများ ရိုက်နှက်စစ်ဆေးခံရ

Dawei Watch

December 7, 2023

ရေဖြူမြို့နယ် ဇီးကျရွာတွင်ရှိသည့် လမ်းအသုံးပြုခ ကောက်ခံသည့်ဂိတ်နှင့် ထောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင် မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်က ရွာသားများကို ခေါ်ယူကာရိုက်နှက် စစ်ဆေးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ဒီဇင်ဘာလ ၃ ရက်နေ့က ထားဝယ်အကျဉ်းထောင်သစ် တည်ဆောင်ရေး လုပ်ငန်းခွင့်နှင့် ဒီဇင်ဘာလ ၄ ရက်နေ့တွင် လမ်းအသုံးပြုခကောက်ခံသည့်ဂိတ်(တိုးဂိတ်)ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ခုက ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၆ ရက်နေ့မနက်စောစောပိုင်းက ညင်းထွေးရွာဘက်မှ ဇီးကျရွာအထက်ပိုင်းသို့ရောက်လာခြင်းဖြစ်သည်။ ယင်းနောက် ဇီးကျရွာမှ အမျိုးသား၊အမျိုးသမီး၊ လူငယ်၊သက်ကြီးရွယ်အိုများပါမကျန် ခေါ်ယူကာ ကားလမ်းမကြီးရှိ တိုးဂိတ်အနီးတွင် ထိုင်စေကာ တစ်ဦးချင်းကို စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။ လက်ကိုင်ဖုန်းတွင် PDF နှင့် ဆက်သွယ်ပြောဆိုရေးသားခြင်း၊ တော်လှန်ရေး ပိုစ့်များကို မျှဝေထားခြင်း ပြုထားသူများကို ရိုက်နှိက်စစ်ဆေးခဲ့သည်ဟု သိရသည်။ လူငယ်ပိုင်း အရွယ် အမျိုးသားများမှာ အများဆုံးရိုက်နှက်စစ်ဆေးခံရခြင်းဖြစ်ကြောင်း […]

ပထုံဌာနီတွင် ယာဉ်တိုက်မှုကြောင့် မြန်မာလုပ်သား ၁၅ ဦးဒဏ်ရာရ

Dawei Watch

December 7, 2023

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် အလုပ်မှ ပြန်လာသော မြန်မာအလုပ်သမားများပါလာသည့် ပစ်ကပ်ကားတစ်စီးသည် ယနေ့ (ဒီဇင်ဘာ ၇) နံနက်ပိုင်းတွင် မတော်တဆမှုဖြစ်ပွားခဲ့ရာ မြန်မာအလုပ်သမား ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြထားသည်။ ခလောလွမ်ဒေသ ဖဟိုယိုထင်လမ်းတွင် နံနက် ၆ နာရီအချိန်ခန့်က ပစ်ကပ်ကားသည် ပစ္စည်းပို့သော ကွန်တိန်နာ ကုန်တင်ကားတစ်စီးကို အနောက်က ဝင်တိုက်ခဲ့ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ပစ်ကပ်ကားကို မြန်မာနိုင်ငံသား စောရန်နိုင်အမည်ရှိသူက မောင်းနှင်လာပြီး မြန်မာအလုပ်သမား ၂၀ ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသောအခါ ဘေးစောင်းတိမ်းမှောက်နေသော ပစ်ကပ်ကားပေါ်က မြန်မာအလုပ်သမားများကို ကယ်ထုတ်ခဲ့ပြီး ဒဏ်ရာရရှိထားသော ၁၅ ဦးကို ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။  ပစ်ကပ်ကားအနီးတွင် ကွန်တိန်နာကားတစ်စီးကို တွေ့ရပြီး […]

ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန်မြင့်မည်ဟု ပကဖ ထုတ်ပြန်

Dawei Watch

December 7, 2023

ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန်မြင့်သွားမည်ဟု ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတစ်ဝန်း စစ်ရေးအရှိန်မြှင့် လှုပ်ရှားနေသော အချိန်အခါဖြစ်သည့်အတွက် မိမိတို့ ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်း စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်တော့မည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ ယင်းကြောင့် ကော့သောင်းခရိုင်၊ကော့သောင်းမြို့နယ်နှင့် ခမောက်ကြီးမြို့နယ်များအတွင်း သွားလာကြနေသည့် ပြည်သူများ၊ မော်တော်ယာဥ်များအနေဖြင့် စစ်ကောင်စီယာဥ်တန်းများနှင့် နီးကပ်စွာ သွားလာခြင်းမပြုရန် တစ်စုံတစ်ရာ ဖုံးအုပ်ပြီး မသွားကြရန် အလေးအနက် တိုက်တွန်းကြောင်း သတိပေးထုတ်ပြန်ထားသည်။ “စစ်ရေးအရှိန်မြင့်တော့မယ်ဆိုတော့ ပိုပြီးသတိထားသွားလာရဖို့ရှိတယ်။ရှေ့နားမှာ ပြဿနာတက်နေတယ်လို့ ပြောသံကြားရင် ဆက်မသွားတော့ဘူး။ အားလုံးငြိမ်သက် အေးဆေးသွားပြီဆိုမှ ဆက်သွားရတာပေါ့။ခရီးသည်တွေလည်း ပုံမှန်သွားလာနေပါတယ်”ဟု မြိတ်-ကော့သောင်း ခရီးသည်ယာဥ်မောင်း တစ်ဦးကပြောသည်။ ယခုသတင်းတစ်ပတ်အတွင်း မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းပေါ်ရှိ တုံးဗျော၊ကမ်းတို၊ချောင်းမွန်ငါးရွာနှင့် တနင်္သာရီ-ဘုတ်ပြင်းနယ်စပ်ဖြစ်သည့် ဝမ်းဇီးရိုးတူးဇီးရိုးတောင်တွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးခဲ့သေးကြောင်း ယာဥ်မောင်းများနှင့် တော်လှန်ရေးအဖွဲ့များ ထံမှသိရသည်။ မြိတ်-ကော့သောင်းသို့သွားသည့် ကားများမှာ မိုးမချုပ်မီနေ့ပိုင်းတွင် […]

ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်စခန်းလေးခုသာကျန်တော့သည်ဟု MNDAA ပြော

Dawei Watch

December 7, 2023

ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်စခန်း လေးခုသာ ကျန်ရှိတော့ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အာဘော် ကိုးကန့်မီဒီယာက ဖော်ပြသည်။ လောက်ကိုင်မြို့တောင်ဘက်ရှိ မြို့ကို အပေါ်စီးက မြင်ရသည့် တာရင်တောာင်ပေါ်က စစ်ကောင်စီတစ်ခန်းကို သိမ်းယူနိုင်ခဲ့ပြီးနောက် လောင်ကိုင်မြို့တောင်ဘက်တွင် စစ်ကောင်စီတပ်စွဲထားသည့် အရေးကြီးသည့် High Point နေရာများ မရှိတော့ကြောင်းလည်း ဖော်ပြသည်။ လက်ရှိ ကိုးကန့်ဒေသတွင်း မီရှင့်ကုတ် ၊ နန်ထင်မိန် ၊ ရန်လုံကျိုင့်နှင့် တာရွှေထန်တို့တွင်သာ စစ်ကောင်စီ တပ်စခန်းများ ကျန်ရှိတော့ကြောင်း ရေးသားထားသည်။ ထို့ကြောင့် MNDAA ၏ ကိုးကန့်ဒေသပြန်လည်ထူထောင်ရေး အောင်မြင်တော့မည်ဖြစ်ကြောင်းလည်း ကိုးကန့်မီဒီယာက ဖော်ပြသည်။ တာရင်တောင်သည် စစ်ကောင်စီ လောက်ကိုင်မီရှင့်ကုတ် ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစ နှင့် ၂မိုင်သာ ကွာဝေးကြောင်း ဆိုသည်။ စစ်ကောင်စီက […]

ထိုင်းဆုန်ခရမ်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်

Dawei Watch

December 6, 2023

ထိုင်းနိုင်ငံ၏ နှစ်သစ်ကူး ရေကစားပွဲတော်ဖြစ်သော ဆုန်ခရမ်ပွဲတော် (Songkran) အား ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတ်မှတ် ကြေညာလိုက်သည်။ ထိုဆုံးဖြတ်ချက်ကို ထိုင်းစံတော်ချိန် ယနေ့မွန်းလွဲပိုင်းတွင် UNESCO က ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုင်းရိုးရာနှစ်သစ်ကူးပွဲတော်အဖြစ် ဆုန်ခရမ်ရေကစားပွဲတော်ကို နှစ်စဉ် ဧပြီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသည်။ ရေကစားပွဲတော်ဟု လူသိများသော ဆုန်ခရမ်ပွဲတော်သည် သန့်ရှင်းစင်ကြယ်ခြင်းနှင့် ‌ဆေးကြောခြင်း၏ အထိမ်းအမှတ်တစ်ခုဖြစ်သည်။ ဆုန်ခရမ်ပွဲတော်နေ့တွင် ရေကစားခြင်းအပြင် သက်ကြီးပူဇော်ခြင်း၊ သံဃာများကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ထိုင်းရိုးရာ အစားအစာများ နှင့် ရိုးရာသီချင်းများဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းများလည်း ပါဝင်သည်။ ဆုန်ခရမ်ပွဲတော်သည် ရှေးခေတ်ဟိန္ဒူရိုးရာ ကောက်ရိတ်သိမ်းပွဲနှင့် နှစ်သစ်ရောက်ရှိလာမှုကို ကိုယ်စားပြုရာမှ ဆင်းသက်လာသည်ဟု […]

လောက်ကိုင်မြို့ကိုအပေါ်စီးက မြင်ရသည့်တောင်ရှိ စစ်ကောင်စီစခန်းကို သိမ်းယူလိုက်ကြောင်း MNDAA ပြော

Dawei Watch

December 6, 2023

လောက်ကိုင်မြို့ကို အပေါ်စီးက မြင်ရသည့်တောင်ပေါ်ရှိ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို သိမ်းယူလိုက်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်သည်။  လောက်ကိုင် တုန်ချိန်ရပ်ကွက်အပြင်ဝန်းရှိ တာရင်တောင်၊ ရှောက်ရင်တောင် (လေးမျက်နှာစေတီကုန်း) နေရာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာလ ၅ရက်က သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။  တာရင်တောင်ပေါ်မှ လောက်ကိုင်မြို့ကို အပေါ်စီးက ကြည့်ရှုနိုင်ကြောင်း ရုပ်သံမှတ်တမ်းဖြင့်တကွ MNDAA အာဘော် ကိုးကန့်မီဒီယာတွင် ဖော်ပြသည်။  လေးမျက်နှာစေတီကုန်းရှိ စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ ၃ရက် နံနက်ပိုင်းမှစတင်ကာ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ ညနေပိုင်းတွင် ခေတ္တရပ်ဆိုင်းခဲ့ကြောင်း ဖော်ပြသည်။  ယင်းနောက် ဒီဇင်ဘာလ ၄ရက် နံနက်ပိုင်းတွင် ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စခန်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။  ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်စခန်းများ၊ တောင်ကုန်းများကို သိမ်းယူနိုင်ခဲ့ပြီဖြစ်သဖြင့် စစ်ဆင်ရေးကို လောက်ကိုင်မြို့သို့ ဦးတည်နေပြီဖြစ်ကြောင်း MNDAA က နိုဝင်ဘာလ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။  ယင်းနောက် […]

ထားဝယ်တွင် စက်သုံးဆီပြတ်လပ်

Dawei Watch

December 6, 2023

ထားဝယ်မြို့သို့ တင်သွင်းသည့် စက်သုံးဆီခွဲတမ်းအရနည်းလာသဖြင့် စက်သုံးဆီပြတ်လပ်နေကြောင်း စက်သုံးဆီဆိုင်အချို့ထံမှ သိရသည်။ ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်ကြီးအချို့သည် ရန်ကုန်မြို့မှတစ်ဆင့် စက်သုံးဆီများ သယ်ယူပြီး ဒေသတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။ “အရင်ပြီးခဲ့တဲ့ သုံးလေးပတ်လောက်အထိ သုံးရက်ကိုတစ်ခါ လီတာ ၅၀၀၀ ရတယ်။ အခုက ၁၈၀၀ (လီတာ) ကျော်ကျော်ပဲ ရတော့တာ။ ခွဲတမ်းက နည်းသွားတော့ ဘာမှလုပ်မရဘူး” ဟု ထားဝယ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ထားဝယ်မြို့ထဲ စက်သုံးဆီဆိုင်ကြီးအချို့ပင် အရောင်းရပ်နားထားကြကြောင်း စုံစမ်းသိရသည်။ ရောင်းချပေးနေသည့် စက်သုံးဆီဆိုင်အချို့ကလည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးကြောင်း မြို့ခံအချို့က ဆိုသည်။ ဆိုင်ကယ်တစ်စီးလျှင် ၃၀၀၀ ကျပ်၊ သုံးဘီးတစ်စီးလျှင် ၅၀၀၀ ကျပ်၊ ကားတစ်စီးလျှင် ၂၀၀၀၀ ကျပ် နှုန်းဖြင့်သာ ကန့်သတ်ရောင်းချနေခြင်းဖြစ်ကြောင်း ၎င်းတို့က […]

လောင်းလုံး စရဖရုံး တိုက်ခိုက်ခံရ

Dawei Watch

December 6, 2023

လောင်းလုံးမြို့ပေါ် ရှိ စစ်ဘက်‌ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်စောစောပိုင်းတွင် တိုက်ခိုက်ခံရကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့ နံနက် ၅ နာရီဝန်းကျင်တွင် PDF တပ်ဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ခန့် ဖြစ်ပွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “ကျွန်တော်တို့က ဝပ်နေရတယ်။ (လက်နက်) အကြီးရော အသေးတွေရောပဲ (ပစ်တာ)” ဟု ၎င်းက ပြောဆိုသည်။ အပြန်အလှန်ပစ်ခတ်မှုကြောင့် နှစ်ဘက်ထိခိုက်မှု အခြေအနေကို အသေးစိတ်မသိရသေးပေ။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ပူးပေါင်းစစ်ဆေးသည့် စစ်ဆေးရေးဂိတ်တွင် မိနစ်နည်းငယ် စစ်ဆေးတင်းကျပ်ခဲ့ပြီး ယနေ့ နံနက် ၆ နာရီခန့်ကစ၍ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနေကြပြီဖြစ်ကြောင်း မြို့ခံများထံမှသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ […]