ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူတွင် စစ်ရှောင်ပြည်သူများ ဖမ်းဆီးခံထားရ

Dawei Watch

September 23, 2023

ရေဖြူမြို့နယ် ခမောင်းချောင်းရွာက စစ်ရှောင်ပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှသိရသည်။ ရွာအတွင်း စစ်ကြောင်းဝင်ရောက်လာသည့်အတွက် ဥယျာဉ်ခြံတွင် ပြောင်းရွှေနေထိုင်သည့် ခမောင်းချောင်းဒေသခံ မိသားစုလေးစုမှ စုစုပေါင်းလူဆယ်ဦးကို စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းက ဖမ်းဆီးသွားခြင်းဖြစ်သည်။ အဆိုပါမိသားစုဝင်များ ထွက်ပြေးတိမ်းရှောင်နေသည့်နေရာသည် စစ်ကြောင်းဝင်‌ ရောက်သည့် လမ်းကြောင်းပေါ်တွင် ရှိနေခြင်းကြောင့် ဖမ်းဆီးထိန်သိမ်း ခံထားရခြင်းဖြစ်ကြောင်းသိရသည်။ “အမျိုးသမီးတွေ ရော ဖမ်းထားတယ်။ စစ်ကြောင်းက တောထဲကလာတယ်ဆိုတော့ ဘယ်နေရာ ဘယ်ရောက်နေတယ်ဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ဘူး”ဟု ခမောင်းချောင်းရွာသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် ထားဝယ်ရေနက်ဆိပ်ကမ်းဒေသတွင် စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းကတည်းကစပြီး စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဝက်ချောင်း၊ခမောင်းချောင်း၊ဧကနိ၊ ဝဇွမ်းတော၊ရငဲ စသည့် ကျေးရွာများမှ ဒေသခံများမှာလည်း နီးစပ်ရာထွက်ပြေးနေကြရသည်။ “ရွာထဲမှာတော့ တစ်ယောက်မှမရှိတော့ဘူး အကုန်ထွက်ပြေးကုန်ပြီ”ဟု ဧကနိရွာသားတစ်ဦးက ပြောသည်။ […]

ပလတွင် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

Dawei Watch

September 23, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင်နေထိုင်သည့် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၂၂ ရက် ညဦးပိုင်းက ၎င်းတို့၏ နေအိမ်အသီးသီးတွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “ဘာကြောင့်လာဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး။ အဖမ်းခံရသူတွေက သာမန်အရပ်သားတွေချည်းပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ အဖမ်းခံရသူများတွင် အသက် ၅၀ အရွယ် ဦးနောင်မဲ၊ အသက် ၅၅နှစ်အရွယ် ဦးထွေးသိမ်း၊ အသက် ၂၀ ကျော်အရွယ် ကိုနိုင်မင်းနှင့် ကိုလတ် အပြင် အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း ဒေသခံများက ဆိုသည်။ လက္ကူးကျေးရွာအုပ်စုကို စစ်ကြောင်းထိုးချိန် စက်တင်ဘာလ ၁၅ရက်နေ့က ပိတပ်ရွာသား ကိုးဦးကို ဖမ်းဆီးကာ တစ်ဦးလျှင် ငွေငါးသိန်းတောင်းယူပြီး လွှတ်ပေးခဲ့ရာတွင် အဓိက […]

လောင်းလုံးတွင် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

Dawei Watch

September 23, 2023

လောင်းလုံးမြို့တွင် အစစ်ဆေးကြမ်းသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် အသက်၂၀ ကျော်အရွယ် မြို့ခံလူငယ်အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံးမြို့ (ဂ) ရပ်ကွက်တွင် နေထေိုင်သော ကိုအောင်ကိုဝင်းနှင့် ကိုကျော်စိုးနိုင်တို့နှစ်ဦးကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် နေအိမ်များကို စီးနင်း ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ လူငယ်တစ်ဦးကို စရဖ ရုံးတွင် စစ်ဆေးနေသည်ဟု ကြားသိရပြီး ကျန်တစ်ဦးကို ရဲစခန်းတွင် စစ်ဆေးနေသည်ဟု သိရကြောင်း ၎င်းက ပြောဆိုသည်။ အဆိုပါလူငယ်အမျိုးသားနှစ်ဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ လောင်းလုံးမြို့ (ဃ) ရပ်ကွက် အခြေခံပညာအတန်းကျောင်းရှေ့တွင်ရှိသော စစ်ဆေးရေးဂိတ်ကို စက်တင်ဘာလ ၂၁ ရက်နေ့က PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့သည်။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

September 22, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဘရာဇီးမှာ လေယာဉ်မတော်တဆမှုကြောင့် လူ ၁၄ ဦး သေဆုံး ဘရာဇီးနိုင်ငံ အမေဇုန်းနားပြည်နယ်က ခရီးသွားတွေများတဲ့ ဘားစလိုမြို့မှာ စက်တင်ဘာ ၁၆ ရက်နေ့က လေယာဉ်ငယ်တစ်စီး မတော်တဆဖြစ်ခဲ့ပါတယ်။ မတော်တဆမှုကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ ခရီးသည် ၁၂ ဦးနဲ့ လေယာဉ်အမှုထမ်း ၂ ဦးစလုံး သေဆုံးခဲ့ပါတယ်။ ဒီလေယာဉ်ငယ်ဟာ မြို့အနီးကို ချဉ်းကပ်လာချိန် မိုးသည်းထန်နေတာပါ။ ဒါကြောင့် မြင်ကွင်းမကြည်မလင်ဖြစ်ခဲ့ပြီး လေယာဉ်ပြေးလမ်းတစ်ဝက်မှာမှ စတင်ဆင်းသက်ခဲ့တဲ့အတွက် လမ်းကြောင်းကိုလွန်ကာ တိုက်မိခဲ့တာဖြစ်ပါတယ်။ Ref: The Guardian ……………………………….. အမေရိကန်နဲ့ အီရန် အကျဉ်းသားလဲလှယ် အမေရိကန်ပြည်ထောင်စုနဲ့ […]

ပြင်ဝန်းရွာပေါ် လက်နက်ကြီးကျသဖြင့် ဒေသခံများ ထွက်ပြေးနေရ

Dawei Watch

September 22, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့အနီးရှိ ဇဝဲတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြင်ဝန်းကျေးရွာပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ်အချို့ပျက်စီးကာ ဒေသခံများလည်း ထွက်ပြေးထိမ်းရှောင်နေရကြောင်း တွဲလက်ညီညီစစ်ဘေးရှောင်များ ကူညီရေးအဖွဲ့ ထံမှသိရသည်။ ယနေ့(စက်တင်ဘာ ၂၂) နံနက် ၁၀ နာရီခွဲခန့်က တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် ၅၅၆ ခြေမြန်တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်ဆန်သုံးလုံး ပြင်ဝန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း တွဲလက်ညီညီစစ်ရှောင်ကူညီရေးအဖွဲမှ တာဝန်ရှိသူကပြောသည်။ “ဒေသခံတွေကတော့ နီးစပ်ရာကို ထွက်ပြေးနေကြတယ်။ လက်ရှိ ကျွန်တော်တို့ဆီ ရောက်လာတာကတော့ လူဦးရေငါးဆယ်လောက်ရှိတယ်”ဟု ၎င်းကပြောသည်။ ပြင်ဝန်းရွာသည် တနင်္သာရီမြစ်အနောက်ဖက်ကမ်းတွင် တည်ရှိပြီး ကျွန်းစုမြို့နယ်အပိုင် ကျေးရွာဖြစ်သည်။ ပြင်ဝန်းရွာနှင့် ဇဝဲတပ်ရင်းကြားတွင် တနင်္သာရီမြစ်ခြားထားပြီး ယင်းရွာသို့ လက်နက်ကြီးတစ်ကြိမ်မှ မကျရောက်ဖူးသေးဟု ဒေသခံတချို့ကပြောသည်။ “တော်တော်များများ ကကြောက်ပြီး ပြေးကုန်ကြပြီ။ ရွာမှာ အနည်းအကျဥ်းပဲကျန်ပြီ”ဟု ဒေသခံအမျိုးသား […]

မြိတ် ကျေးရွာ ၁ဝရွာက စပါးခင်းတို့တွင် ဖြုတ်ပိုးများကျ

Dawei Watch

September 22, 2023

မြိတ်မြို့နယ်အတွင်း ကျေးရွာဆယ်ရွာထက်မနည်း၌ မိုးစပါးခင်းတို့တွင် ဖြုတ်ပိုးများကျရောက်နေကြောင်း စပါးစိုက်တောင်သူတို့က ပြောသည်။ မိုးစပါးစိုက်ပျိုးပြီး လေးလအကြာ စက်တင်ဘာလတွင် ဖြုတ်ပိုးအကောင်အရေ အများအပြား ကျရောက်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ကျောက်ဖျာ၊ ကဘင်း၊ ဝန်ဖို့၊ ဝန်မယ်၊ သဘွတ်၊ တညက်၊ ပလုံး၊ သစ်ယာဝ၊ တောင်ရှည်၊ ပသောင်း စသည့် ကျေးရွာတို့ရှိ မိုးစပါးခင်းတို့တွင် ဖြုတ်ပိုးများကျရောက်နေကြောင်း ယင်းကျေးရွာတို့ရှိ တောင်သူတို့က ပြောဆိုသည်။ ဖြုတ်ပိုးတို့သည် စပါးခင်းများတွင် အကွက်လိုက်၊ ကွက်ကြားပုံစံဖြင့် ကျရောက်နေကြောင်း တောင်သူတို့ထံမှသိရသည်။ “ကွက်ကြား ကွက်ကြားနဲ့ ပိုး‌တွေကျနေတာ။ အရင်က ဒီပိုးမျိုး မကျဖူးဘူး” ဟု တောင်ရှည်ရွာရှိ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ဖြုတ်ပိုးအကောင်အရေ အများအပြား ကျသဖြင့် စပါးပင်များ နီဝါရောင်သန်းပြီး နွမ်းကျနေကြကြောင်း စပါးစိုက်တောင်သူတစ်ဦးက […]

ပုလောတွင် တံငါသည်များ လဝက်နီးပါးကြာ ငါးမဖမ်းရသောကြောင့် စားဝတ်နေရေးအခက်ကြုံ

Dawei Watch

September 22, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ကမ်းနီးတံငါသည်များ ပင်လယ်ပြင်ထွက်ပြီး ငါးမဖမ်းရသည်မှာ လဝက်နီးပါး ရှိလာသောကြောင့် စားဝတ်နေရေးအခက်အခဲကြုံနေကြောင်း တံငါသည်များက ပြောသည်။ စက်တင်ဘာလ ၉ ရက်နေ့ကတည်းက ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများမှ တံငါသည်များကို ငါးထွက်မဖမ်းရန် စစ်ကောင်စီရေတပ်က ပြောဆိုသတိပေးခဲ့ပြီးနောက် ငါးမဖမ်းရဲတော့ခြင်းဖြစ်ကြောင်း တံငါသည်များက ဆိုသည်။ “ငါးဖမ်းမထွက်ရလို့ (တံငါသည်တွေ) ထမင်းငတ်နေကုန်ပြီ။ မလိငါးကျွန်းမှာဆို အကြီးအကျယ် ခိုးတာတွေ ဖြစ်နေကုန်ပြီ။ အိမ်ထက်တက်ပြီး ဆန်တွေ ငရုတ်သီးကြက်သွန်တွေ အဲဒါတွေ ခိုးတာ၊ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှအခိုးမခံရဖူးတာတွေပါ” ဟု မလိငါးကျွန်းရွာ၏ အခြေအနေကို ပုလောဒေသခံ တံငါသည်တဦးက ပြောသည်။ မလိငါးကျွန်းသည် ပုလောမြို့နယ်အတွင်းရှိ ကျွန်းငယ်တစ်ကျွန်းဖြစ်ပြီး ကျွန်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းပေါင်းလျှင် အိမ်ခြေတစ်ရာ့ငါးဆယ်ခန့်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မလိငါးကျွန်း၊ မလိလေးကျွန်း၊ ကျွန်းကြီး၊ ဇရပ်ဆိပ်ကျွန်း […]

ခမောက်ကြီးတွင် စစ်ကြောင်းထိုးသဖြင့် ရွာသားရာချီ ထိုင်းဘက်ထွက်ပြေး၊ ကျည်စထိမှန်ပြီးရွာသားတစ်ဦးသေဆုံး

Dawei Watch

September 22, 2023

ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်လာသဖြင့် ရွာသားရာနှင့်ချီကာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးကြရကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၂၀ ရက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပစ်ခတ်မှုများလုပ်ဆောင်နေသဖြင့် မလိဝမ်း၊ ချောင်းဝနှင့် ခမောက်ငယ်ရွာတို့ရှိ ရွာသားများ ထိုင်းဘက်သို့ ထွက်ပြေးလာကြောင်း စစ်ဘေးရှောင်တို့အား ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးက ပြောသည်။ ပစ်ခတ်မှုကြောင့် စက်တင်ဘာလ ၂၁ရက်က လက်နက်ကြီးကျည်စထိန်မှန်ကာ ချောင်းဝရွာနေ အသက် ၆၀ နှစ်ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ “မိုင်းဆွဲတာတို့ လက်နက်ကြီးကျတဲ့အသံတွေကြားရတယ်။ တစ်‌ယောက်တော့ သေသွားတယ်။ ဒီမနက်ပိုင်းမှာ ထိုင်းဘက်ကို ပြေးလာသူတွေလည်း ရှိနေတယ်” ဟု စစ်ဘေးရှောင်တို့အား ကူညီစောင့်ရှောက်ပေးနေသူက ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြောသည်။ စက်တင်ဘာလ ၂၀ နှင့် […]