ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရဟတ်ယာဉ်ကွင်းနှစ်ခုပါသည့် ထရွန်အိုင်ဗျူဟာစခန်းကုန်းကို သိမ်းယူနိုင်ပြီဟု AA ထုတ်ပြန်

Dawei Watch

December 6, 2023

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ရဟတ်ယာဉ်ကွင်းနှစ်ကွင်းပါသည့် ထရွန်အိုင်ဗျူဟာ စခန်းကုန်းကြီးကို ၂၁ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ယနေ့ ဒီဇင်ဘာလ ၅ရက်တွင် ထုတ်ပြန်သည်။ ထိုးစစ်ဆင်တိုက်ခိုက်မှု ၂၁ ရက်ကြာ ဒီဇင်ဘာလ ၄ ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ထိုးစစ်ကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသောဗုံးများဖြင့် နေ့၊ ည ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း AA က ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၃ရက်နေ့မှာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်များဖြင့် လေကြောင်းပစ်ကူ အကြိမ် ၃၀ ကျော် အထိရှိခဲ့ကြောင်း ဖော်ပြသည်။ ယင်းအပြင် ဓာတုဓာတ်ငွေ့ပါသော […]

ပျောက်ဆုံးနေသည့် သဘော့ဆိပ်ပြင်ကြီးရွာသား အလောင်းသာပြန်တွေ့

Dawei Watch

December 5, 2023

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာသား ဦးမြင့်ဦးကို လက်နက်ကိုင်လူတစ်စုက ခေါ်ဆောင်သွားပြီးနောက် ခြောက်ရက်မြောက်နေ့တွင်အလောင်းသာ ပြန်လည်တွေ့ရှိကြောင်း ဒေသခံများထံမှသိရသည်။ ကျောက်ဆင်ရွာသင်္ချိုင်းတွင် မြှုပ်နှံထားသည့် ဦးမြင့်ဦး၏ အလောင်းမှာ ပုပ်ပွလာသည့်အတွက် သင်္ချိုင်းအနီး ဖြတ်သွားသူတစ်ဦးက ဒီဇင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စတင်တွေ့ရှိကြောင်း ၎င်းတို့က ဆိုသည်။ “တွင်းက တိမ်နေတော့ အလောင်းကပုပ်ပွပြီး လက်တစ်ဖက်ပေါ်လာလို့ လူတွေ စတင်သိရှိတာ။ အလောင်းက ရုပ်ပျက်ဆင်းပျက်တောင်ဖြစ်နေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့နောက် အလောင်းကို မိသားစုဝင်များနှင့် ဒေသခံများက ယင်းကျေးရွာသင်္ချိုင်းကုန်း၌ပင် ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင်ပင် မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးမြင့်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့က လက်နက်ကိုင်လူတစ်စုက ၎င်း၏ နေအိမ်၌ပင် စစ်ဆေးရန် ရှိသည်ဟုဆိုကာ ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း […]

ဘုတ်ပြင်းတွင် KNLA ရဲဘော်တစ်ဦးနှင့် အရပ်သားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

December 5, 2023

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က ရဲဘော်တစ်ဦးနှင့် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီဝန်းကျင်က ပြည်ကြီးမဏ္ဍိုင်မြို့၊ ရတနာပုံလမ်း ၃ မိုင်တွင် အရပ်သားတစ်ဦး မောင်းပြီး KNLA ရဲဘော်နှစ်ဦး စီးလာသည့် ဆိုင်ကယ်သည် မိုက်ခရိုဝေ့တာဝါတိုင်သို့ လာသည့် စစ်ကောင်စီတပ်နှင့်တွေ့ကာ ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံများ က ဆိုသည်။ “ရှေ့ကမောင်းလာတဲ့ အရပ်သားတစ်ဦးနဲ့ နောက်ကထိုင်လာတဲ့ KNU ရဲဘော်တစ်ဦးသေတယ်။ အလယ်မှာထိုင်လာတဲ့ ရဲဘော်က လွတ်သွားတယ်လို့ ကြားရတယ်” ဟု ပြည်ကြီးမဏ္ဍိုင်မြို့ခံတစ်ဦးက ပြောသည်။ သေဆုံးသည့် KNU/KNLA ရဲဘော်မှာ တပ်ရင်း ၂၀၃ က ရဲဘော်ဖြစ်သည်ဟု […]

ထိုင်းစက်ရုံတွင် မြန်မာလုပ်သားတစ်ဦး စက်ကြိတ်မိပြီး သေဆုံး

Dawei Watch

December 5, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ သံသတ္တုဟောင်း ရွေးထုတ်သော စက်ရုံတွင် မြန်မာအလုပ်သမားတစ်ဦးသည် ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက စက်ကိုစစ်ဆေးနေစဉ် မတော်တဆ စက်ကြိတ်မိပြီး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများကဆိုသည်။  သေဆုံးသူသည် အသက် ၂၀ နှစ်အရွယ် မောင်ဖြိုးသန့်ကျော် အမည်ရှိသူဖြစ်ပြီး မနက်တိုင်း စက်ခန်းကို ပုံမှန် စစ်ဆေးရကြောင်း ကြိတ်စက်လည်ပတ်မှု ရှိမရှိ စစ်ဆေးနေစဉ်တွင် စက်လည်သွားပြီး ကြိတ်မိသွားခြင်းဖြစ်ကြောင်း စစ်ဆေးမှုရလဒ်တွင် ဖော်ပြထားသည်။  စက်ဖြင့်အကြိတ်ခံရမှုကြောင့် အရိုးများကျိုးကာ သွေးထွက်လွန်၍ သေဆုံးခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များက ဖြတ်စက်များ အသုံးပြုကာ အလောင်းကို အပြင်ထုတ်ခဲ့ရသည်။ စက်ခန်းအတွင်း လူရှိမရှိကို မသိဘဲ တစ်စုံတစ်ယောက်က စက်ခလုပ်ကို ဖွင့်မိသလား ဆိုသည်ကိုမူ တိတိကျကျမသိရကြောင်း စုံစမ်းမှုရလဒ်ကို ဖော်ပြထားသည်။  ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်မချသေးဘဲ CCTV မှတ်တမ်းများကို စစ်ဆေး၍ […]

ထိုင်းတွင် MoU မြန်မာလုပ်သားများ အလှည့်ကျ အလုပ်ဆင်းနေရသဖြင့် အခက်အခဲဖြစ်

Dawei Watch

December 5, 2023

ထိုင်နိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်ရှိ နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ သည် လုပ်ငန်းခွင်အတွင်း အလှည့်ကျအလုပ်ဆင်းနေရပြီး အလုပ်ပုံမှန် မလုပ်ရသဖြင့် အခက်အခဲဖြစ်နေကြောင်း ကူညီ ဆောင်ရွက်ပေးနေသော WAG အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၁၇ ဦးကို CTJ International Group တွင် လုပ်ကိုင်ရန် မြန်မာအေဂျင်စီ Carrier Worker ကုမ္ပဏီက ၂နှစ် စာချုပ်ချုပ်ဆို၍ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စေလွှတ်ခဲ့ကြောင်း WAG ထံမှ သိရသည်။ မြန်မာအလုပ်သမားများသည် တရားဝင် ဝင်ရောက်လာနိုင်ရန်အတွက် ပွဲစားနှင့် အေဂျင်စီများကို ပုံမှန်ကုန်ကျ စရိတ်ထက် ၄ ဆခန့် ပိုမိုသော ငွေကျပ် ၂၈ သိန်းကို ပုံအောပေးခဲ့ရကြောင်း WAG တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။  နိုဝင်ဘာ ၂၅ ရက်နေ့တွင် လုပ်ငန်းခွင်သို့ ရောက်သောအခါ အလုပ်ပုံမှန်မဆင်းရဘဲ အလုပ်သမားများကို […]

ကလိန်အောင်ဒေသခံ ကရင်လူငယ်တစ်ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ချ

Dawei Watch

December 5, 2023

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ၊ မိကျောင်းလှောင်ရွာတွင် နေထိုင်သည့် အသက် ၂၈ နှစ်အရွယ်ရှိ ကရင်လူမျိုး စောဆောင်းနှင်းထူးဖောကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ် ချလိုက်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတို့ဖြင့် နိုဝင်ဘာလ ၃၀ ရက်တွင် ထားဝယ်အကျဉ်းထောင်တွင်း တရားရုံးက ပြစ်ဒဏ်ချခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “အမိန့်ချလိုက်ပြီ ။ မိသားစုနဲ့လည်းတွေ့ရတယ်လို့ပြောပါတယ်။ စဖမ်းခံရတုန်းကတော့ သတင်းအစအနတောင် မရဘူး။ ရွာလူကြီးလာပြောမှ ဖမ်းခံထားရတာသိရတယ်” ဟု စောဆောင်းနှင်းထူးဖော၏ မိတ်ဆွေတစ်ဦးက ပြောသည်။ စောဆောင်းနှင်းထူးဖောသည် ဇူလိုင်လ ၂၅ ရက်က ဆေးစစ်ချက်တစ်ခုယူရန် ထားဝယ်မြို့သို့ လာရောက်စဥ် ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ယင်းနောက် လေးလကျော်အကြာတွင် အမိန့်ချခံရခြင်းဖြစ်သည်။ လက်ကိုင်ဖုန်းအတွင်း […]

မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း KNLA နှင့် ပူးပေါင်းတပ်များကြေညာ

Dawei Watch

December 5, 2023

နေပြည်တော်နှင့် မိုင်တစ်ရာကျော်သာဝေးသည့် မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဒီဇင်ဘာလ ၄ရက် ညနေပိုင်းတွင် တိုက်ခိုက်သိမ်းယူနိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက မုန်းမြို့ရှိ စစ်ကောင်စီတပ် ခမရ ၅၉၉၊ ခမရ ၅၉၀၊ မုန်းမြို့မရဲစခန်းနှင့် တံတားထိပ် ဂိတ်စခန်းတို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က အင်အား ၁၅၀၀ ကျော်ဖြင့် ဒီဇင်ဘာလ ၂ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့သည်။ သုံးရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာလ ၄ရက် ညနေ ၅နာရီခွဲတွင် အထက်ပါစခန်းအားလုံးကို သိမ်းယူနိုင်ခဲ့ပြီးနောက် ပူးပေါင်းတပ်တို့က ဆက်လက်နယ်မြေရှင်းလင်းနေကြောင်း KNU က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းယူ နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး စစ်ကောင်စီတပ်က တပ်ရင်းမှူး အဆင့်အပါအဝင် အများအပြား […]

လက်နက်ကိုင်တစ်စု ဖမ်းသွားသည့် အမျိုးသား ၆ ရက်ကြာအထိပြန်မလွတ်သေး

Dawei Watch

December 5, 2023

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်၊ ပြင်ကြီးရွာသားတစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့က လက်နက်ကိုင် လူတစ်စုက ဖမ်းသွားရာ ၆ ရက်ကြာသည်အထိ ပြန်လွတ်လာခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းခံရသူမှာ အသက် ၅၀ ကျော်အရွယ်ရှိ ဦးမြင့်ဦး ဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ညက နေအိမ်တွင် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ဖမ်းသွားတယ် ဘာကြောင့်ဖမ်းသွားတယ်ဆိုတာတော့ မသိရသေးဘူး လွတ်မလာသေးဘူး” ဟု ၎င်းကပြောသည်။ အဖမ်းခံရသူမိသားစုမှာ ကား၊သုံးဘီး၊ထော်လာဂျီများ အငှားလိုက်နေသူများဖြစ်ကြောင်း သိရသည်။ ထိုအမျိုးသား အဖမ်းခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး Dawei Defense Team-DDT (တပ်ခွဲ-၃) ထားဝယ် -ပကဖ ကမူ ၎င်းတို့နှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ဦးမြင့်ဦးကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် ဖမ်းသွားသည်ဆိုသည်ကို […]