ထားဝယ်-ထီးခီးလမ်းပိုင်း ညပိုင်းမသွားလာကြရန် ကော်သူးလေ ထုတ်ပြန်
Dawei Watch
December 3, 2023ထားဝယ်-ထီးခီးလမ်းပိုင်းကို ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း အသုံးပြုသွားခြင်း မပြုလုပ်ကြရန် ကော်သူးလေတပ်မတော်က ယနေ့ ဒီဇင်ဘာလ ၃ ရက်တွင် သတိချက် ထုတ်ပြန်သည်။ အဆိုပါလမ်းပိုင်းကို ဒီဇင်ဘာ ၃ ရက်မှ ဒီဇင်ဘာလ ၉ ရက်နေ့အထိ ညပိုင်း မသွားလာကြရန် ထုတ်ပြန်ထားသည်။ သို့သော်လည်း မည်သည့်အကြောင်းအရင်းကြောင့် ညပိုင်းမသွားလာရန် တားမြစ်သည်ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ သတ်မှတ်ထားသည့် အချိန်အတွင်း ဖြတ်သန်းသွားလာသည့် မသင်္ကာဖွယ်အားလုံးကို ပစ်ခတ်ရှင်းလင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သတ်မှတ်ထားသည့် ရက်အတွင်း ညပိုင်းဖြတ်သန်းသွားလာစဉ် စစ်ကောင်စီနှင့် ပက်သက်မှုတစ်စုံတစ်ရာရှိသည်ကိုတွေ့ရှိခြင်း၊ ကော်သူးလေအာမီ၏ စစ်ဆေးခြင်းနှင့် ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိခြင်းတို့ကိုတွေ့ရှိပါက ထိခိုက်မှုအတွက် တစ်စုံတစ်ရာတာဝန်ယူမည်မဟုတ်ဟုလည်း ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၂၃ ရက်က ကျောက်မဲတောင်ရဲစခန်းကို […]


