KNU တပ်မဟာ-၄ က ကော်သူးလေတပ်၏ စခန်းငယ်တစ်ခုကို သိမ်းပိုက်
Dawei Watch
October 6, 2023ထိုင်း-မြန်မာနယ်စပ် ထီးခီးနယ်စပ်အနီးက ကော်သူးလေအာမီ-KTLA တပ်စခန်းငယ်တစ်ခုကို KNU တပ်မဟာ-၄ ၏ KNLA တပ်ရင်းက အောက်တိုဘာ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း နှစ်ဖက်အဖွဲ့၏ အတည်ပြုချက်အရ သိရသည်။ ယင်းစခန်းမှာ ကော်သူးလေအာမီ၏ ယာယီကင်းစခန်းတစ်ခုသာဖြစ်ပြီး ကော်သူးလေအာမီတပ်ဖွဲ့ဝင် အနည်းငယ်သာ နေထိုင်သည့်နေရာလည်းဖြစ်ကြောင်း ကော်သူးလေတပ်မတော်၊ ဆာကဆောတပ်မ၏ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းက ပြောသည်။ အဆိုပါစခန်းတွင် ကော်သူးလေတပ်ဖွဲ့ဝင်များ အမြဲတမ်းနေထိုင်ခြင်းမရှိသလို ထားဝယ်ဒေသက တော်လှန်ရေးခရီးသွားရဲဘော်များ ခရီးတစ်ထောက်လာနားသည့် စခန်းလည်းဖြစ်သည်ဟု ကိုချမ်းက ပြောသည်။ “ဘာကြောင့်မပစ်ခတ်တာလဲဆိုတော့ ကျွန်တော်တို့က သူတို့လာနေတာသိတဲ့အတွက် ရှောင်ပြီးနေကြပါတယ်။ ခရီးသွားတဲ့စခန်းပေါ့။ ကျွန်တော်တို့အဖွဲ့ကလူတွေရော ဒေသခံ Local PDF တွေရောရှိတယ်။ လက်နက်တွေ အီကွစ်မန့်(အသုံးအဆောင်)တွေ၊ ရိက္ခာတွေလာစုတဲ့ နေရာဖြစ်တဲ့အတွက် သူတို့တွေမှာလည်း လက်နက်တွေ ပြည့်ပြည့်စုံစုံမရှိဘူး။ မရှိတဲ့အတွက် မလိုလားအပ်တဲ့ […]


