ရနောင်းတွင် မြန်မာလုပ်သားကိုသတ်ကာ အလောင်းစွန့်ပစ်ခဲ့ကြောင်း ဇနီးဖြစ်သူဝန်ခံဟုဆို
Dawei Watch
December 12, 2023ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ရှိ တံတားအောက်တွင် သေဆုံးလျက်တွေ့ရှိသည့် မြန်မာအလုပ်သမားမှာ ဇနီးဖြစ်သူက သတ်ကာ အလောင်းစွန့်ပစ်ထားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံတွင် ဝန်ခံခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ အခင်းဖြစ်သောညက နေထိုင်ရာအခန်းတွင် အချင်းချင်းစကားများ ရန်ဖြစ်ခဲ့ကြပြီး ခင်ပွန်းဖြစ်သူက ကိုယ်ထိလက်ရောက် ရန်လိုပြုမူရန် ကြိုးစားသဖြင့် မရည်ရွယ်ဘဲ သတ်ဖြတ်မိခဲ့ခြင်းဖြစ်ကြောင်း ဇနီးသည်ဟု ရေးသားထားသည်။ ယင်းနောက် တံတားအောက် မြောင်းထဲတွင် သွားရောက်စွန့်ပစ်ထားခဲ့ကြောင်း ဆိုသည်။ လည်ပင်းတွင် ထိုးသွင်းပြတ်ရှ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် မြန်မာအလုပ်သမား၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ငါးရှာထွက်လာသူတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကနဦးတွင် ဇနီးဖြစ်သူက မသေဆုံးမီ ဒီဇင်ဘာလ ၉ရက် ည ၉နာရီခန့်တွင် ခင်ပွန်းဖြစ်သူ အရက်မူး၍ အိမ်ပြန်လာပြီး ည ၁၁ နာရီခန့်တွင် ဘတ် တစ်ထောင်ယူကာ […]


