တော်လှန်ရေးရဲဘော်နှစ်ဦးကို လောင်းလုံးပကဖက ဖမ်းဆီးထား၍ တင်းမာမှုဖြစ်နေ
Dawei Watch
December 15, 2023PDF ရဲဘော်နှစ်ဦးကို လောင်းလုံးမြို့နယ် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဖမ်းဆီးထားသဖြင့် တင်းမာမှုများဖြစ်ပေါ်နေကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။ လောင်းလုံးမြို့နယ်ပကဖ တပ်ဖွဲ့တစ်ခုဖြစ်သည့် ဝံပုလွေတပ်စုမှ အသက် ၂၄ နှစ်အရွယ် ရဲဘော်ရေခဲ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်းမှ အသက် ၂၆ နှစ်ခန့်ရှိ ရဲဘော်သားကြီးတို့ကို လောင်းလုံးမြို့နယ်(ပကဖ) တာဝန်ခံများက ဖမ်းဆီးထားခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီခွဲခန့်က လောင်းလုံးမြို့အဝင် အုန်းသီးရုပ်အနီးတွင် လောင်းလုံးမြို့နယ်ပကဖ တာဝန်ခံများဖြစ်သော နဂါးမင်းနှင့် မမကြီးတို့ ဦးဆောင်သည့်အဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ကဆိုသည်။ ယင်းဖမ်းဆီးမှုများနှင့် ပတ်သက်၍ လောင်းလုံးပကဖအဖွဲ့များအကြားတွင် တင်းမာမှုများ ဖြစ်နေခြင်းဖြစ်သည်။ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် ဖမ်းဆီးရသည့်အကြောင်းရင်းကို မေးမြန်းသော်လည်း နဂါးမင်းနှင့် မမကြီးဘက်က […]


