ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းသံအမတ်ဟောင်းအသတ်ခံရမှု သံသယရှိသူမြန်မာလူငယ်အား ဖမ်းဆီးပေးရန် မြန်မာရဲကို ထိုင်းရဲတောင်းဆို

Dawei Watch

October 12, 2023

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတစ်ဦးကို သတ်ဖြတ်သည်ဟု သံသယရှိသည့် မြန်မာလူငယ်မှာ မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသဖြင့် ဖမ်းဆီးပေးရန် ထိုင်းရဲတပ်ဖွဲ့က မြန်မာစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကို အကြောင်းကြား တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြား ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အသက် ၁၉ နှစ်အရွယ် မောင်စိုင်းမြတ်မိုးအမည်ရှိ မြန်မာလူငယ်သည် ဘန်ကောက်မြို့တွင် သံအမတ်ဟောင်း Vichit Chitvimarn ကို စက်တင်ဘာ ၂၇ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု သံသယဖြင့် မှုခင်းတရားရုံးက ဝရမ်းထုတ်၍ ရှာဖွေနေခြင်းဖြစ်သည်။ စက္ကူပုံးများဖြင့် ဖုံးထားသော သံအမတ်၏ အလောင်းကို ချာတူးချတ်ဒေသရှိ သုံးထပ်အဆောက်အအုံ၏ အိမ်သာထဲတွင် အောက်တိုဘာလ ၈ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့သည်။ CCTV မှတ်တမ်းများအရ မောင်စိုင်းမြတ်မိုးသည် သံအမတ်ကို […]

ဦးနိုင်မျိုးသွင် ဇမ္ဗူသီရိအဖွဲ့ကို ပြန်လည်ဦးဆောင်မည်ဟုဆို

Dawei Watch

October 12, 2023

အလုပ်တာဝန်များမှ အနားယူပြီဟု ကြေညာထားသော ဦးနိုင်မျိုးသွင်မှာ ယနေ့(အောက်တိုဘာ ၁၂)မှစ၍ ဇမ္ဗူသီရိအဖွဲ့ကို ပြန်လည်ဦးဆောင်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ ဒေသခံပြည်သူအချို့က ဇမ္ဗူသီရိအဖွဲ့အား ပြန်လည်ဦး‌ဆောင်ပေးရန် တိုက်တွန်းသည်အတွက် နုတ်ထွက်သည်ဟု ကြေညာအပြီး ၁၁ ရက်အကြာတွင် ပြန်လည်ဦးဆောင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ဟု ဦးနိုင်မျိုးသွင်က ရှင်းပြသည်။ “ကျွန်တော် ကျန်းမာရေးလည်း ပြန်လည်ကောင်းမွန်လာတာရယ်။ ကျွန်တော်ကို ပရဟိတလုပ်ငန်းများ မူလအတိုင်းပြန်လုပ်ရန် တွန်းအားပေးတာတွေရယ်ကြောင့်လည်း မူလအတိုင်းအဖွဲ့ကို ပြန်လည်ဦးဆောင်သွားမယ်” ဟု၎င်းကပြောသည်။ ဦးနိုင်မျိုးသွင်သည် အရေးပေါ်ကယ်ဆယ်ရေးလုပ်ရာမှအပြန် စက်တင်ဘာလ ၁၆ ရက်နေ့က လောင်းလုံးမြို့နယ်ရှိ လမ်းပိုင်းတစ်နေရာတွင် ထားဝယ်မြို့ပြပြောက်ကျား တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဆယ်ရက်အကြာဖမ်းဆီး စစ်ဆေးပြီးနောက် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ ပြန်လွတ်လာပြီး အောက်တိုဘာလ ၁ ရက်နေ့တွင် ဆေးကုသမှုခံယူရန်ရှိသည့်အတွက် အဖွဲ့၏ လုပ်ငန်းတာဝန်များမှ အနားယူခဲ့ခြင်းဖြစ်ဟု […]

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ရင်း ဒရုန်းဖြင့်နှစ်ကြိမ်တိုက်ခိုက်ခံရ

Dawei Watch

October 11, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ထံမှ သိရသည်။ ကမ္မလိုင်းရွာအခြေစိုက် စစ်ကောင်စီ၏ (၅၅၈) ခြေမြန်တပ်ရင်းသို့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီနှင့် ညနေ ၃ နာရီခွဲတို့တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်များ အထိအခိုက်ရှိနိုင်ပြီး အသေးစိတ်ကိုမူ စုံစမ်းနေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၁) ၊ တနင်္သာရီတိုင်းစစ်ဌာန လက်ရုံးတပ်ဖွဲ့ (လေ့ကျင့်ရေးနှင့် နည်းပညာဌာန မောင်းသူမဲ့ဒရုန်းတပ်ဖွဲ့ (Dragon […]

ကံပေါက်တွင် ပုဂ္ဂလိကဘဏ်လုပ်ငန်းအားလုံး ရပ်နားလိုက်၍ ဒေသခံများအခက်အခဲဖြစ်

Dawei Watch

October 11, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘာ့ရတနာဘဏ် (ကံပေါက်ဘဏ်ခွဲ)ကို အောက်တိုဘာလ ၇ ရက်နေ့ကစပြီး ရပ်နားထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ “လုံခြုံရေးအခြေအနေအရ နားထားဦးမယ်ပြောပါတယ်။ ဘယ်ချိန်ပြန်ဖွင့်မလဲတော့မသိသေးဘူး“ ဟု အောက်တိုဘာလ ၇ ရက်က ကမ္ဘာရတနာဘဏ်ခွဲတွင် ငွေသွားလွှဲခဲ့သည့် ကံပေါက်ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။ အောက်တိုဘာလ ၁၁ ရက်နေ့အထိ ကံပေါက် ကမ္ဘာ့ရတနာဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးဘဲ ဝန်ထမ်းများလည်း ကလိန်အောင်ဘဏ်ခွဲတွင် အလုပ်ဆင်းနေကြကြောင်း ဘဏ်ဝန်ထမ်းများနှင့် နီးစပ်သူများထံကသိရသည်။ ကံပေါက်ဒေသတွင် ကမ္ဘာရတနာဘဏ်(ကံပေါက်ဘဏ်ခွဲ) အပြင် သမဝါမယဘဏ်(ရေဖြူဘဏ်ခွဲ)လည်း ရှိပြီး သမဝါယမဘဏ်မှာမူ စစ်အာဏာသိမ်းပြီးနောက်လပိုင်းအကြာ ဘဏ်အဆောက်အအုံတွင် စစ်ကောင်စီတပ်သားများ လာရောက်တပ်စွဲပြီးကတည်းက ရပ်နားထားသည်မှာ ၂ နှစ်ကျော်ကြာမြင့်ပြီဖြစ်သည်။ လက်တလောအခြေအနေတွင် ကံပေါက်ဒေသရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်းများအားလုံး ရပ်နားထားသည့် အခြေအနေရောက်ရှိနေပြီး […]

တနင်္သာရီတိုင်းအတွင်း မိုးထစ်ချုန်းရွာနိုင်

Dawei Watch

October 11, 2023

မုတ်သုန်ဆုတ်ခွာမည့်ကာလတွင် တနင်္သာရီတိုင်း၌ မိုးထစ်ချုန်းရွာနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ အောက်တိုဘာလ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။ အောက်တိုဘာ ဒုတိယ ၁၀ ရက်အပတ်ထဲတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြသည်။ အောက်တိုဘာလ ၁၁ ရက်မှ ၁၃ ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသနှင့် အောက်တိုဘာ ၁၄ ရက်မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံတဝှမ်းလုံးမှ မုတ်သုန်ဆုတ်ခွာဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းကာလအတွင်း တနင်္သာရီတိုင်းတွင် မိုးရွာရက် ၇ ရက်မှ ၉ ရက်အထိ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ယင်းအပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ […]

ရေဖြူတွင် စစ်ကောင်စီတပ်က ယာဉ်များနှင့် လုပ်ငန်းများကို ဝင်စစ်ပြီး ဒဏ်ကြေးဟုဆိုကာ ငွေတောင်း

Dawei Watch

October 11, 2023

စစ်ကောင်စီတပ် အင်အား ၄၀ ခန့်ဖြင့် ရေဖြူမြို့နယ်၊ ဇီးကျရွာသို့ ရောက်လာပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် ယာဉ်များကို စစ်ဆေး၍ ဒဏ်ကြေးဟုဆိုကာ ငွေတောင်းခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ မနေ့(အောက်တိုဘာ ၁၀) မနက်ပိုင်းက ဇီးကျရွာရှိ လူနေအိမ်များကိုဝင်ရောက် စစ်ဆေးမေးမြန်းပြီး လိုင်စင်သက်တမ်းလွန်နေသည့် မော်တော်ဆိုင်ကယ်၊သစ်စက်၊ အိမ်သုံးမီးသွေးဖုတ်လုပ်ငန်းလုပ်သူများကို ဒဏ်ကြေးတောင်းသွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “မနက်စောစော မူးရူးပြီး လာကြတာ၊ ဆိုင်ကယ်တွေကို အိမ်အထဲထိဝင်စစ်တယ်၊ စိတ်ကောင်းရှိတဲ့ စစ်သားတွေ နဲ့တွေ့တဲ့အိမ်ဆိုရင်လည်း ဘာမှမပြောဘူး”ဟု ၎င်းကပြောသည်။ ဇီးကျရွာဒေသခံများမှာ စုစုပေါင်း ကျပ်သိန်းနှစ်ဆယ်ကျော် ဒဏ်ကြေးပေးလိုက်ရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အိပ်ကပ်ထဲ ထည့်ထားတဲ့ ကိုးထောင်တောင် မချန်ဘူး ပေးလိုက်ရတာ “ဟု ၎င်းကပြောသည်။ စစ်ကောင်စီတပ်သည် ယင်းကဲသို့စစ်ဆေးပြီးနောက် ညနေ ၃ နာရီဝန်းကျင်ခန့်တွင် သေနတ် ပစ်ဖောက်ပြီး […]

တနင်္သာရီမြို့နယ်တွင် လူငယ်တစ်ရာကျော်ကို အခြေခံစစ်ပညာနှင့် ဆေးပညာသင်တန်းပေး

Dawei Watch

October 11, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်တွင် လူငယ်တစ်ရာကျော်ကို အခြေခံစစ်ပညာနှင့် ဆေးပညာသင်တန်းပေးခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှကြီးမှူး ပြုလုပ်သည့် အခြေခံစစ်ပညာသင်တန်းကို လူငယ်ရှစ်ဆယ်ဦး တက်ရောက်သင်ကြားနေသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ အခြေခံစစ်ပညာသင်တန်းတွင် စစ်ရေးပြခြင်း၊ လက်နက်ငယ်ဖြုတ်တပ် ပစ်ခတ်ခြင်းအပါအဝင် နိုင်ငံရေးဘာသာရပ်ကိုလည်း သင်ကြားပေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သင်တန်းအတွင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတာဝန်ခံမှ ပြည်သူ့ကာကွယ်ရေးတပ်များ လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်နှင့်စည်းကမ်းများကိုလည်း ပို့ချပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။ တစ်ဆက်တည်း မြိတ်ခရိုင်တပ်ရင်းမှ ရဲဘော် ၂၂ ဦးကိုလည်း အခြေခံဆေးပညာသင်တန်း တက်ရောက်ကာ လက်တွေ့နှင့် စာတွေ့(စာမေးပွဲ)ကိုလည်း ပြီးဆုံးအောင် တက်ရောက်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သင်တန်းအတွင်း လူငယ်များ စိတ်အားထက်သန်စွါ တက်ရောက်သင်ကြားနေသည်ကိုတွေ့ရကြောင်း တနင်္သာရီမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။ တနင်္သာရီမြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲများ မကြာခဏဖြစ်လျက်ရှိနေသည်။

ထိုင်းနိုင်ငံထုတ် စားအုန်းဆီများ စစ်ဆေးဖမ်းဆီးနေ၍ ပစ္စည်းပြတ်ပြီးဈေးတက်

Dawei Watch

October 11, 2023

မြိတ်မြို့တွင် ထိုင်းနိုင်ငံထုတ် စားအုန်းဆီများကို စစ်ကောင်စီက စစ်ဆေးဖမ်းဆီးနေသဖြင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်သွားပြီး ဈေးနှုန်းများ မြင့်တက်လာနေသည်။ စစ်ကောင်စီလက်အောက်ခံ စားသုံးသူရေးရာဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် စည်ပင်ဝန်ထမ်းအချို့တို့က အောက်တိုဘာလ ပထမပတ်မှစပြီး ဈေးအချို့ကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ကုန်စုံအရောင်းဆိုင်အချို့က ပြောပြသည်။ “ဆီတွေအားလုံးက ထိုင်းကလာတာချည်းပဲ၊ တံဆိပ်အစုံရှိတယ်၊ အားလုံးကိုစစ်တယ်၊ မီစု (meesook) တံဆိပ်ကိုတော့ FDA စစ်ဆေးချက်မရှိလို့ဆိုပြီး သိမ်းသွားတာမျိုးရှိတယ်” ဟု ကုန်စုံအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။ တစ်လီတာ၊ နှစ်လီတာဆံ့ ထိုင်းနိုင်ငံထုတ် မီစု(meesook သခွားမွှေးသီး)နှင့် အခြားတံဆိပ်အချို့အား သိမ်းခြင်း၊ ခံဝန်လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း ကုန်စုံဆိုင်ရှင်က ပြောပြသည်။ “ပဲလုံးဆီကျ‌တော့ မဖမ်းဘူး၊ သူလည်း ထိုင်းကလာတာပဲ၊ ဒါပေမဲ့ လူတန်းစားမရွေး မစားနိုင်ဘူး၊ ဈေးကြီးတာဆိုတော့လေ” ဟု ၎င်းက ပြောသည်။ မီစုတံဆိပ်နှင့် အခြားတံဆိပ် စားအုန်းဆီများမှာ […]