ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီနှင့် ဆွေးနွေးသောကြောင့် ကုလ၏ကမ်းလှမ်းချက်ကို တနင်္သာရီတိုင်းအရပ်ဖက်အဖွဲ့ငြင်း

Dawei Watch

October 16, 2023

လူသားချင်းစာနာထောက်ထားမှုအစီအစဉ်တစ်ခုတွင်ပါဝင်ရန် ကုလသမဂ္ဂ၏ ကမ်းလှမ်းချက်ကို တနင်္သာရီတိုင်း အရပ်ဖက်လူထုအဖွဲ့အစည်းက ငြင်းဆိုလိုက်ကြောင်း အဆိုပါအဖွဲ့အစည်းက ထုတ်ပြန်လိုက်သည်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဦးဆောင်ပြီး လုပ်မည့် AHCT (Area of Humanitarian Country Team) တွင် ကိုယ်စားလှယ်အဖြစ်ပါဝင်ရန် ဖိတ်ခေါ်ချက်ကို တနင်္သာရီတိုင်း အရပ်ဖက် လူထု အဖွဲ့အစည်းများက ပါဝင်မည်မဟုတ်ကြောင်း အောက်တိုဘာလ ၅ ရက်နေ့က သဘောထားပေးပို့ခဲ့ ခြင်းဖြစ်သည်။ ထိုကဲ့သို့ ငြင်းဆိုခြင်းနှင့် ပတ်သက်၍ CNC -Tanintharyi (CSOs Nexus Consortium – Tanintharyi) က အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထား ခြင်းဖြစ်သည်။ UNOCHA က ဆောင်ရွက်မည့် AHCT အခင်းအကျင်းတွင် လူသားချင်းစာနာမှုလုပ်ငန်းများ […]

မြိတ်တွင် အမိုးတပ်ဘေးတွဲဆိုင်ကယ်များ ဖမ်းဆီးခံရ

Dawei Watch

October 16, 2023

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း အမိုးတပ်ဆင်ထားသည့် ဘေးတွဲဆိုင်ကယ်တို့အား နေ့တိုင်းဖမ်းဆီးနေကြောင်း ဘေးတွဲဆိုင်ကယ်မောင်းသူတို့ထံမှ သိရသည်။ အမိုးတပ်ဘေးတွဲဆိုင်ကယ်တို့အား ယာဉ်ထိန်းရဲတို့က လွန်ခဲ့သည့်သုံးရက်ခန့်မှ စတင်ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းမိပါက သိမ်းဆည်းကာ သတ်မှတ်ရက်တွင် ဒဏ်ကြေးငွေဖြင့် ပြန်ထုတ်စေကြောင်း အဖမ်းခံရသူအချို့က ပြောသည်။ “ဖမ်းပြီးသိမ်းသွားတာ။ ထုတ်ပေးမယ့်ရက်မှ ပြန်သွားထုတ်ရမယ်” ဟု ဖမ်းဆီးခံရသည့် ဘေးတွဲဆိုင်ကယ် ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ ဖမ်းဆီးခံရပြီး ခုနစ်ရက်အကြာတွင် ဒဏ်ငွေပေးကာ သွားထုတ်ရမည်ဖြစ်ပြီး ဒဏ်ကြေးငွေမည်မျှ ပေးရမည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ ဖမ်းဆီးရာတွင် ယာဉ်ထိန်းရဲအပြင် အရပ်ဝတ်ထားသည့်ရဲများ၊ ရာအိမ်မှူးများ ပါဝင်ကြောင်း ဘေးတွဲမောင်းသူ အချို့ထံမှ သိရသည်။ “အမိုးလိုင်စင် မရှိလို့ ဖမ်းတာလို့ပြောတာပဲ။ အမိုးလိုင်စင်က လုပ်လို့မှမရတာ။ ကြံဖန်ပြီး ဖမ်းတာ။ တကယ်ဆိုရင် ဖမ်းမယ်ဆိုလည်းကြိုတင်သတိပေး ကြေညာပြီးမှ ဖမ်းသင့်တယ်” ဟု […]

အယုဒ္ဓယတွင် အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ နီးပါး ဖမ်းဆီးခံရ

Dawei Watch

October 16, 2023

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၇၀ နီးပါးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာလ ၁၄ ရက်နေ့တွင် အလုပ်သမားခန့်ထားရေးဌာနက ထုတ်ပြန်ခဲ့သည်။ အူထိုင်းဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများနေထိုင်သည့် စခန်းအတွင်း နိုင်ငံခြားသား အလုပ်သမား တစ်ထောင်ကျော်ရှိကြောင်း ရေဆိုးများကို စနစ်တကျစွန့်ပစ်မှုမရှိခြင်း၊ စိုက်ခင်းများအတွင်းမှ သီးနှံများကို မကြာခဏ ခိုးယူခြင်းတို့ လုပ်ဆောင်နေကြာင်း ထိုင်းရွာသားများက ရဲတပ်ဖွဲ့ကို တိုင်ကြားရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယင်းတိုင်ကြားမှုကြောင့် အလုပ်သမားခန့်ထားရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အောက်တိုဘာ ၁၂ ရက်နေ့တွင် အလုပ်သမားစခန်းထဲသို့ သွားရောက်ခဲ့ပြီး အလုပ်သမားများ၏ အလုပ်လုပ်ခွင့် အထောက်အထားများနှင့် နိုင်ငံကူးလက်မှတ်များ ကွင်းဆင်းစစ်ဆေးခဲ့ဟု သတင်းများတွင် ဖော်ပြထားသည်။ ၎င်းတို့အနက် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၆၉ […]

ရေဖြူ ဝက်ချောင်းရွာအနီး အမျိုးသမီးငယ်အလောင်းတွေ့

Dawei Watch

October 15, 2023

ရေဖြူမြို့နယ် ဝက်ချောင်းရွာတံတားအနီးတွင် အောက်တိုဘာလ ၁၄ ရက် ညနေ ၅ နာရီဝန်းကျင်က အမျိုးသမီးငယ် တစ်ဦးကို သွေးအိုင်ထဲတွင် သေဆုံးလျက်တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးနေသူမှာ ခမောင်းချောင်းရွာသူ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ မစန္ဒာခိုင်ဆိုသူဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ စက်တင်ဘာလ ၂၂ ရက်က ခမောင်းချောင်းရွာကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်ချိန်တွင် မစန္ဒာခိုင် အပါအဝင် ဒေသခံရှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက် ခြောက်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး မစန္ဒာခိုင်နှင့် ကိုသားဂန်း ဆိုသူတို့နှစ်ဦးကို စစ်ကောင်စီတပ်က ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ပြောသည်။ ၎င်းတို့နှစ်ဦးကို စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်ပြီး ကျေးရွာအချို့တွင် နေအိမ်များကို လိုက်ပြခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ ယင်းသို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ၂၂ ရက်အကြာ […]

မြိတ်တွင် ကင်းမွန်ငါးဖမ်းလှေများ လုပ်ငန်းခွင်စဝင်

Dawei Watch

October 15, 2023

မြိတ်အခြေစိုက် ကင်းမွန်ငါးဖမ်းလှေတို့သည် ယခု အောက်တိုဘာလအစမှစပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းခွင်အတွင်း စတင်ဝင်ရောက်နေကြပြီဖြစ်ကြောင်း လှေရှင်များက ပြောသည်။ ယခုနှစ် ငါးမဖမ်းရရာသီအဖြစ် ဧပြီ၊ မေ၊ ဇွန် သုံးလအထိ သတ်မှတ်ခဲ့သည်။ ယင်းနောက် ရေလုပ်ငန်းရှင်များ၏ တင်ပြချက်အရ ဇွန်လတွင် ငါးဖမ်းလှေအားလုံး၏ ၃၀ ရာခိုင်နှုန်းနှင့် ကင်းမွန် ငါးဖမ်းလှေတို့အား မေလ ၁ ရက်နေ့မှစပြီး ဖမ်းဆီးခွင့်ပြုခဲ့သည်။ သို့သော် ကင်းမွန်အရများသည့် ပွင့်လင်းရာသီမှသာ လှေအများစု ပင်လယ်ထဲသို့ ထွက်ကြသည်ဟုဆိုသည်။ “ငါးလပိုင်းက စဖမ်းခွင့်ပြုပေးတယ်။ ဒါပေမဲ့ လှေ‌တော်တော်များက ကမ်းရောက်နေပြီ။ ပြန်မထွက်ကြတော့ဘူး။ ကင်းမွန်ရာသီက အခုလို ပွင့်လင်းရာသီမှ ဖမ်းလို့ရတာပါ” ဟု မြိတ်မြို့ရှိ ကင်းမွန်ငါးဖမ်းလှေရှင်တစ်ဦးက ပြောသည်။ မေလမှစပြီး ဖမ်းဆီးခွင့်ပြုသော်လည်း ယင်းအချိန်က လှေအများစုသည် ကမ်းသို့ပြန်လည်ရောက်ရှိနေသဖြင့် ပင်လယ်ပြင်သို့ ပြန်လည်ထွက်ခွာခြင်း […]

ကျောက်နီမော်ရွာသားသုံးဦး ဖမ်းဆီးခံရပြီး တစ်ရက်အကြာတွင်ပြန်လွတ်

Dawei Watch

October 15, 2023

လောင်းလုံးမြို့နယ် ကျောက်နီ‌မော်ရွာသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြန်လွတ်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၃ ရက်နေ့က ကျောက်နီမော်ရွာတွင် တစ်အိမ်တည်းနေ မိသားစုဝင်များဖြစ်သည့် ဒေါ်ရီစန်းနှင့် သားဖြစ်သူ ကိုသားကြီး၊ သားမက်ဖြစ်သူတို့၏ တယ်လီဖုန်းများကို စစ်ဆေးကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ယင်းနောက် တစ်ရက်အကြာတွင် သုံးဦးစလုံး ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းက ပြောဆိုသည်။ “အဲဒီနေ့က သူတိုဖက်ပိုင်း (အင်းနီတွင်း) က လူတွေ ပြေးနေတာ။ သူတို့က မပြေးဘဲနေပြီး ကျန်ခဲ့တော့ ဖုန်းတွေစစ်ပြီး ဖမ်းခံလိုက်ရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။ အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီတပ်သည် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

October 14, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကချင်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရလို့ ကလေးတွေ အစုလိုက်အပြုံလိုက်သေဆုံး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရလို့ ကလေး ၁၁ဦး အပါအဝင် စစ်ဘေးရှောင်၂၉ ဦး သေဆုံးခဲ့ရပါတယ်။ အောက်တိုဘာလ ၉ ရက် ည ၁၁နာရီခွဲလောက်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး လေယာဉ်သံ မကြားရတာကြောင့် စစ်ကောင်စီက ဒရုန်းနဲ့ ဖျက်အားပြင်း ဗုံးလာကြဲတာဖြစ်နိုင်တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မီဒီယာတွေကို ပြောဆိုထားပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၆ဝနီးပါးရှိပြီး သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူတွေက စစ်ဘေးရှောင်တွေပဲ ဖြစ်တယ်လို့ဆိုပါတယ်။ လိုင်ဇာနဲ့ ၂မိုင်လောက်ဝေးတဲ့ ဒီမုန်လိုင်ခက်ရွာမှာ […]

ထားဝယ်အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်ရှစ်ဦးကို တာဝန်မှရပ်စဲ

Dawei Watch

October 14, 2023

ထားဝယ်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ထားဝယ်အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ (Eastern Defence Force – EDF) က ဘဏ္ဍာရေးမှူးအပါအဝင် ရဲဘော် ရှစ်ဦးကို တာဝန်မှ ရပ်စဲလိုက်ကြောင်း ယင်းအဖွဲ့က ယနေ့ အောက်တိုဘာလ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။ တာဝန်ရပ်စဲခံရသည့် ရဲဘော် ရှစ်ဦးမှာ ဘဏ္ဍာရေးမှူး ရဲဘော်ယက္ခလေး၊ ရဲဘော် ဦးကြီး ၊ ရဲဘော်ခွေးပု၊ ရဲဘော်နောင်နောင်၊ ရဲဘော်ရဲဝင်း၊ ရဲဘော်စိုင်းစိုင်း၊ ရဲဘော် မလွှမ်းနှင့် ရဲဘော် မထက် တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ရဲဘော်တွေအချင်းချင်း အခန့်မသင့်ဘဲ တပ်ဖွဲ့က ထွက်သွားတာ။ တပ်ဖွဲ့နဲ့ ဖြစ်တာတော့မဟုတ်ဘူး။ ကျွန်တော် မျက်နှာစုံညီရှင်းပေးဖို့ ခေါ်သေးတယ်။ သူတို့ပြန်မလာတော့ဘူး အကြောင်းပြန်တယ်” လို့ ထားဝယ်အရှေ့ပိုင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရက္ခက […]