ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရန်ကုန်-ထားဝယ်လမ်းပိုင်းတွင် အငှားယာဉ်မောင်းတစ်ဦး ဖမ်းဆီးခံရပြီး ၁၇ရက်ကြာအထိ သတင်းမရ

Dawei Watch

October 19, 2023

ရန်ကုန်-ထားဝယ် အဝေးပြေးကားလမ်း ရေးမြို့နယ်အပိုင်းတွင် အငှားယာဉ်မောင်းတစ်ဦး ကားနှင့်အတူ ဖမ်းဆီးခံရပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာသည်အထိ အဆက်အသွယ်မရကြောင်း ၎င်းယာဉ်မောင်း၏ မိသားစုနှင့် နီးစပ်သူများထံက သိရသည်။ ပျောက်ဆုံးနေသူမှာ လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာဇာတိ ဦးကြူဝင်းသိန်းဆိုသူဖြစ်ပြီး အောက်တိုဘာလ ၂ ရက် တွင် ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ သွားရောက်စဉ် ရေးမြို့နယ်အထွက် ခမရ ၅၆၈ တပ်ရင်းအလွန်တွင် လက်နက်ကိုင် အဖွဲ့တစ်ခုက ဖမ်းဆီးခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးပြောသည်။ အဆိုပါအဖမ်းခံရသည့် ယာဉ်မောင်း၏ Probox ကားတွင် လိုက်ပါလာသည့်ခရီးသည် သုံးဦး၏ ပြန်လည် ပြောပြချက်အရ အဖမ်းခံရသည်ကို သိရှိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အောက်တိုဘာလ ၂ ရက် နံနက် ၉နာရီတွင် Probox ကားအား လမ်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက တား၍ […]

ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကောင်စီစစ်ကြောင်း ထပ်ရောက်လာ၍ ဒေသခံများစစ်ဘေးရှောင်

Dawei Watch

October 19, 2023

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကောင်စီစစ်ကြောင်း ယနေ့(အောက်တိုဘာ ၁၉) မနက်ပိုင်းက ထပ်မံရောက်ရှိလာသဖြင့် ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးနေကြရသည်။ စစ်ကောင်စီစစ်ကြောင်းမှာ ရေဖြူမြို့၏အနောက်ဖက် ကင်းတံတားနှင့် လောင်းလုံးမြို့ ပန်းတင်အင်းရွာများဘက် ဝင်ရောက်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။ “မနက်ကလက်နက်ကြီး နှစ်ချက်လောက်ကြားရတယ်။ ကင်းတံဝာားဘက်၊ လောင်းလုံးကလာတဲ့ စစ်ကြောင်းကလည်း မူးဒူးဘက်ရောက်နေတယ်လို့သိရတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကြောင်းဝင်လာသည့်သတင်းကြောင့် ဧကနိ၊ဝက်ချောင်း၊ခမောင်းချောင်း၊ ရငဲ၊ဝါးဇွမ်းတော၊ရလိုင်၊ ပု‌ ဂေါဇွန်း စသည့် ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။ “ရွာပြန်လာတာ လေးရက်ပဲရှိသေးတယ်။ အခု ပြန် ပြေးနေရပြန်ပြီ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ရေဖြူမြို့နယ်၊ ခမောင်းချောင်းရွာသူတစ်ဦး အောက်တိုဘာ ၁၄ ရက်နေ့က ဝက်ချောင်းရွာတံတားအနီး ပစ်သတ်ခံရပြီးနောက် ငါးရက်အကြာ ယနေ့မနက်ပိုင်းမှစပြီး စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်း ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းအမျိုးသားမီးမှာ စက်တင်ဘာ […]

ထားဝယ်ဒေသက မိဘဘိုးဘွားများကို စပရိုက်လက်ဆောင်ပေးခိုင်းသည့်ငွေကျပ် ၁ဝသိန်းလိမ်လည်ခံရ

Dawei Watch

October 19, 2023

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မြို့ဟောင်းရွာက မိဘဘိုးဘွားများထံ စပရိုက်လက်ဆောင် ပေးခိုင်းသည့် ငွေကျပ် ၁၀ သိန်း အလိမ်ခံရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ မလေးရှားတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် သားသမီးမြေးများစုပေါင်းကာ မိဘဘိုးဘွားများကို စပရိုက် လက်ဆောင်ပေးရန် KK Gifts Shop& Group Service- Dawei-(KK) အမည်ဖြင့် Facebook စာမျက်နှာကို အလုပ်အပ်ခဲ့ပြီး ငွေကျပ် ၁၀ သိန်း အောက်တိုဘာလ ၁၁ရက်က လွှဲပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ အောက်တိုဘာလ ၁၈ ရက်တွင် မိဘဘိုးဘွားများကို စပရိုက်လက်ဆောင်ပေးရမည့်နေ့ဖြစ်ပြီး အောက်တိုဘာလ ၁၇ရက်က အထက်ပါ Page မက်ဆင်ဂျာမှ ဆက်သွယ်ရာ အဆက်အသွယ်ရသေးကြောင်း အဆိုပါမိသားစုဝင်က ပြောဆိုသည်။ အောက်တိုဘာလ ၁၈ရက် နံနက်တွင်မူ အဆိုပါ Page […]

မြိတ်တွင် နေအိမ်ဖောက်ထွင်းမှု ဆက်တိုက်ဖြစ်

Dawei Watch

October 18, 2023

မြိတ်မြို့တွင် ယခုလအတွင်း ညအချိန် နေအိမ်ဖောက်ထွင်းမှုဆက်တိုက်ဖြစ်ပေါ်နေကြောင်း မြို့ခံအချို့က ပြောသည်။ နေအိမ်တို့အား ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းများအပြင် ဆိုင်ကယ်တို့အား ခိုးယူခံနေရကြောင်း ၎င်းတို့က ဆိုသည်။ အောက်တိုဘာလ ၁၅ ရက် နံနက် ၁ နာရီခွဲက ဘုရားကိုင်ရပ်ကွက် နတ်မော်ကျောင်းလမ်းရှိ နေအိမ်တစ်ဆောင်တွင် ဆိုင်ကယ်တစ်စီး ခိုးယူခံရ‌ကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောဆိုသည်။ “လူတွေက အပေါ်ထပ်မှာ နေကြတာ။ အောက်ထပ်က ဆိုင်ကယ်အခိုးခံလိုက်ရတာပါ။ လိုင်စင်စာအုပ်တွေပါ ပါသွားတယ်” ဟု ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ခြေတိုင်ရှည်နေအိမ်၏ အောက်ထပ်တွင် သော့ခေတ်ထားသည့် ၂၀၁၆ ခုနှစ်ထုတ် ကလစ် အဖြူရောင်ဆိုင်ကယ် အခိုးရခံရခြင်းဖြစ်ကြောင်း ဆိုသည်။ ထို့အပြင် ယနေ့ အောက်တိုဘာလ ၁၈ ရက်‌ နံနက် ၁နာရီခွဲက ပါရမီရပ်ကွက်ရှိ နေအိမ်တစ်ဆောင်ဖောက်ထွင်းခံရပြီး […]

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစ္စရေးရောက်ရှိ

Dawei Watch

October 18, 2023

ဂါဇာအလယ်ပိုင်းရှိ ဆေးရုံ လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် တင်းမာမှုများ မြင့်တက်နေချိန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယနေ့တွင် အစ္စရေးနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ အစ္စရေးနှင့်အတူ ရပ်တည်ကြောင်း ပြသလိုသဖြင့် သမ္မတဂျိုးဘိုင်ဒင်က ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဂျော်ဒန်နိုင်ငံတွင် အာရပ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန်စီစဉ်ခဲ့သော်လည်း ဂါဇာဆေးရုံတိုက်ခိုက်ခံရမှုကြောင့် ပျက်သွားခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဆေးရုံပေါက်ကွဲမှုအတွက် ဝမ်းနည်း၍ ဒေါသထွက်ရကြောင်းနှင့် “တခြားအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း” အစ္စရေးဝန်ကြီးချုပ်ကို ပြောကြားခဲ့သည်။ အန်ဂလီယန် ခရစ်ယာန်အသင်းက ဖွင့်ထားသော Al-Ahli Arab ဆေးရုံတိုက်ခိုက်ခံရမှုကြောင့် ဒုက္ခသည်များအပါအဝင် လူနာများနှင့် ကလေးငယ်များ ၅၀၀ ကျော်အထိ သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းက ထုတ်ပြန်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို အစ္စရေးဘက်က ၎င်းတို့လုပ်ရပ်မဟုတ်ဘဲ ဂျီဟတ်အဖွဲ့၏ လုပ်ရပ်ဟု စွပ်စွဲထားပြီး ဂျီဟတ်အဖွဲ့က အဆိုပါစွပ်စွဲမှုကို ငြင်းဆိုထားသည်။ အစ္စရေး-ဟားမတ်စ်အရေးကြောင့် […]

ထားဝယ်တက္ကသိုလ် ကျောင်းသားတစ်ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်

Dawei Watch

October 18, 2023

ထားဝယ်တက္ကသိုလ် ကျောင်းသားတစ်ဦးကို စစ်ကောင်စီ၏ ထားဝယ်အကျဥ်းထောင်တွင်း တရားရုံးမှ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်ဟု မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ ထားဝယ်တက္ကသိုလ် ၊ ဒဿနိကဗေဒဘာသာရပ်အထူးပြု ၊ ဒုတိယနှစ်ကျောင်းသား ကိုလင်းထက်ဖြိုးကို အောက်တိုဘာ ၁၆ တွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ ကိုလင်းထက်ဖြိုးကို ဇူလိုင်လ ၂၆ ရက် က ထားဝယ်မြို့ရှိ နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ပုဒ်မများဖြစ်သည့် ပုဒ်မ ၅ဝ(ည) ၊ ပုဒ်မ ၅၂ (က) တို့ဖြင့် တရားစွဲဆိုပြီးနောက် ၂ လ ကျော်အကြာတွင် ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။ “ အမိန့်က အပြီးသတ်အမိန့်ပါပဲ။ နောက်ထပ်အမှုထပ်မရှိတော့ဘူး“ ဟု ကိုလင်းထက်ဖြိုး၏ မိတ်ဆွေတစ်ဦးကပြောသည်။ ကိုလင်းထက်ဖြိုး သည် ထားဝယ်ဒေသခံ […]

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ပစ်သတ်ခံရ

Dawei Watch

October 18, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းကို ရေးဘီလူးအဖွဲ့က ယနေ့ (အောက်တိုဘာ ၁၈) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သိရသည်။ ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က အသက် ၅၂ အရွယ်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းသည် ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ “ဖူး” လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဥ်  ပစ်ခတ်ခံရခြင်းဖြစ်သည်။   ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “ရေးမြို့နယ်မှာရှိတဲ့ ပင်လယ်ငါးဖမ်းသ‌င်္ဘောကြီးတွေအပေါ်သြဇာအပြည့်ရှိ၊ လုပ်ပိုင်ခွင့်အပြည့်ဝရထားတဲ့ ငါးဦးစီးမှုကို နံနက် ၇ နာရီခွဲလောက်မှာ အနားပေးလိုက်ပါပြီ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဦးဇော်နိုင်လင်းသည် အခင်းဖြစ်ပွားခဲ့သည့် လက်ဖက်ရည်ဆိုင်တွင်ပင် သေဆုံးသွားခဲ့သည်ဟု မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။ “သူက (ဦးဇော်နိုင်လင်း) လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့အချိန်။ ထိုင်နေတာကတော့ သူတစ်ယောက်တည်းပဲ အဲချိန်မှာ ဟိုက (သေနတ်သမား) ဆိုင်ကယ်နဲ့ လာပြီး ပစ်သွားတယ်။ သုံးချက်လောက် ပစ်ထည့်ပြီး ပြန်ထွက်သွားတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။   သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်း၏ ရုပ်အလောင်းကို လူမှုကူညီရေးအဖွဲ့တို့က ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ပစ်သတ်ခံရပြီးနောက် ရေးမြို့ပေါ်အနှံ့နှင့် မြို့အဝင်အထွက်နေရာများကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်နေသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ရေးမြို့၊ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင် (ခ) ကိုလတ်ကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့သလို အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ရေးမြို့၊ သီရိမာလာရပ်ကွက်မှ ဦးအောင်သူ (ခ) ဦးစည်သူဆိုသူ ရေးမြို့နယ် ဖလံကျေးရွာအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။ ယင်းပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ရေးမြို့ရှိ မြဝတီဘဏ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဘဏ်လုံခြုံ‌ရေးဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့သေးသည်။ ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်ဆိုသူများနှင့် စစ်ကောင်စီသတင်းပေးဆိုသူများကို မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။ ရေးဘီလူးအဖွဲ့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းဆီးရမိသူကို ဆုကြေးငွေပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

သပိတ်မျှောပွဲ နီးကပ်လာသော်လည်း သပိတ်အိုးဝယ်သူနည်း

Dawei Watch

October 18, 2023

သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိသော ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော် နီးကပ်လာသော်လည်း သပိတ်အိုးဝယ်သူမရှိသလောက် ဖြစ်လာသည်ဟု သပိတ်အိုးရောင်းသူအချို့က ပြောသည်။ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသော်လည်း ကိုဗစ်ကာလနှင့် စစ်အာဏာသိမ်း ကာလများတွင် ပွဲလမ်းသဘင်များမရှိသဖြင့် သပိတ်ရောင်းအားမှာ လေးနှစ်ဆက်တိုက် ကျနေသည်ဟု အိုးလုပ်ငန်းလုပ်သူအချို့က ပြောသည်။ ကိုဗစ်မတိုင်ခင်က တစ်နှစ်လျှင် သပိတ်အိုးအလုံးရေ နှစ်သောင်းနီးပါးခန့် ထုတ်လုပ်ရောင်းချခဲ့ရသော်လည်း ကိုဗစ်ကာလတွင် သုံးပုံနှစ်ပုံခန့် လျော့ကျခဲ့သည်ဟု ၎င်းတို့ထံမှသိရသည်။ အာဏာစသိမ်းသည့်နှစ်က အလုံးရေ ခြောက်ထောင်ခန့် ရောင်းခဲ့ရသော်လည်း ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်တွင် သီတင်းကျွတ်ကာလနီးသည်အထိ အလုံးရေ ၁၀၀၀ ကျော်သာ ရောင်းရသေးသည်ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။ “အခုက အခြေနေဆိုးလာတယ်မဟုတ်လား၊ ရွာတွေမှာ လူရှိလား၊ နခံတောလိုနေရာမှာတောင် ပြေးနေကြရသေးတာ၊ ကနက်သီရိရွာတွေဘက်ဆိုလည်း လူမရှိကြဘူး၊ ပြေးနေကြရတာ၊ တစ်နှစ်ထက်တစ်နှစ် […]