ရေဖြူတွင် ယာဉ်တိုက်မှုဖြစ်ပြီး ပြင်းထန်ဒဏ်ရာရသူများရှိ၍ အရေးပေါ် အကူအညီလိုအပ်နေ
Dawei Watch
October 20, 2023ရေဖြူမြို့နယ် ဥတ္တာရံကျေးရွာ မိုင်တိုင်အမှတ် ၂၂ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ပြင်းထန်ဒဏ်ရာရရှိသူများ ရှိနေသဖြင့် အရေးပေါ် အကူအညီလိုအပ်နေသည်ဟု ဇမ္ဗူသီရိအဖွဲ့ထံမှသိရသည်။ ယနေ့(အောက်တိုဘာ ၂၀) ညနေ ၆ နာရီဝန်းကျင်တွင် ကုန်တင်းကားနှင့် Vigo ယာဉ်ငယ်တိုက်မိခြင်းဖြစ်ပြီး ၅ ဦးဒဏ်ရာရရှိထားကာ၊ ကားခေါင်းခန်းတွင် လိုက်ပါလာသူ သုံးဦး ညှပ်နေ၍ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိထားသည်ဟု ဇမ္ဗူသီရိဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်ကပြောသည်။ “ညပ်နေတဲ့သူတွေ အရေးပေါ်ကယ်ဖို့လိုနေတယ်။ တစ်ဦးက သေပြီလိုတော့သိရတယ်” ဟုဦးနိုင်မျိုးသွင်ကပြောသည်။ နယ်မြေအခြေအနေနှင့် လုံးခြုံရေးအခက်အခဲကြောင့် အခင်းဖြစ်ပွားရာသို့ ဇမ္ဗူသီရိအဖွဲ့ အနေဖြင့် အရေးပေါ် သွားရောက်ကူညီ ဆောင်ရွက်ပေးနိုင်ရန် အခက်အခဲရှိနေသည်ဟု ၎င်းကပြောသည်။ သို့သော်လည်း အဆိုပါယာဉ်တိုက်မှုကို အရေးပေါ်ကူညီဆောင်ရွက်ပေးနိုင်ရန် ဇမ္ဗူသီရိ အဖွဲ့အနေဖြင့် နီးစပ်ရာ အရေးပေါ်လူနာတင်ယာဉ် အသင်းများကို ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်းသိရသည်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင်ထိခိုက်ဒဏ်ရာရရှိသူများရှိနေပြီး […]


