ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မဟာချိုင်တွင် အလှပြင်ဆိုင်ဖွင့်ထားသော မြန်မာလုပ်သားခုနစ်ဦး ဖမ်းဆီးခံရ

Dawei Watch

December 26, 2023

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် အလှပြင်ဆိုင်ဖွင့်လှစ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ခုနစ်ဦး ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စမွတ်စခွန်ခရိုင်တွင် ရွှေ့ပြောင်းအလုပ်သမားများသည် အလှပြင်ဆိုင်ဖွင့်၍ တရားမဝင်လုပ်ကိုင်နေသည်ဟု သတင်းပေးတိုင်ကြားမှုများ ရရှိထားသဖြင့် စမွတ်စခွန်မြို့ ထာ့စိုင်ဒေသ ထိုင်းယူနီယမ်ရပ်ကွက်သို့ ရဲတပ်ဖွဲ့၊ လဝကအရာရှိများနှင့် အုပ်ချုပ်ရေးမှူးများက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ မဟာချိုင်ဒေသရှိ အလှပြင်ဆိုင် သုံးဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ခုနစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။ ဖမ်းဆီးခံရသူများသည် အသက် ၁၉ နှစ်အရွယ်မှ ၂၇ အရွယ်ရှိ အမျိုးသား သုံးဦး၊ အမျိုးသမီး လေးဦးပါဝင်ကြောင်း ဖော်ပြသည်။ ၎င်းတို့အနက် မြန်မာအလုပ်သမားသုံးဦးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မရှိသေးကြောင်း ဖော်ပြသည်။ […]

ဘုတ်ပြင်းတွင် တောဆင်ရိုင်းတိုက်ခိုက်သဖြင့် ခြံလုပ်သားတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

Dawei Watch

December 25, 2023

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာက ဒေသခံ ခြံအလုပ်သမားနှစ်ဦးကို တောဆင်ရိုင်း တိုက်ခိုက်သဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၂၂ ရက်က ထောင်ငါးသိုင်းကျေးရွာအုပ်စု ချောင်းမွန်ငါးကျေးရွာက အသက် ၃၀ ကျော်အရွယ် ကိုကျော်လွင်ဆိုသူ တောဆင်ရိုင်းတိုက်ခိုက်ခံရသဖြင့် ခန္ဓာကိုယ်အောက်ပိုင်း ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးရုံတင်ပို့ခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယင်းနောက် ဒီဇင်ဘာလ ၂၄ ရက်တွင် အဆိုပါဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း ၎င်းက ပြောဆိုသည်။ ထိုနေ့တွင် ဝါးချောင်းကျေးရွာအုပ်စု ပန်းဖုံချောင်ရွာသားတစ်ဦးလည်း တောဆင်ရိုင်း တိုက်ခိုက်ခံခဲ့ရသဖြင့် ဒဏ်ရာရှိပြီး ဆေးရုံတင်ပို့ထားရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဒီနားမှာက တောဆင်ရိုင်းတွေက အကောင်သုံးဆယ်လောက်ရှိတယ်။ သူတို့ ဆီအုန်းခြံတို့၊ ဥယျာဉ်ခြံတွေထဲမှာ အစာလာရှာကြတာ။ အဲဒါကြောင့် ဒီဖက်မှာဆိုရင် ခြံလုပ်တဲ့သူတွေက တောဆင်ရိုင်းကို […]

ရေဖြူ ခမရ ၄၀၆ တပ်ရင်းသို့ တပ်ပြောင်းပစ္စည်းလာပို့သည့်ကားကို PDF များ ဖမ်းဆီး

Dawei Watch

December 25, 2023

ရေဖြူမြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၄၀၆ ခြေမြန်တပ်ရင်းသို့ တပ်ပြောင်းပစ္စည်းများ တင်ဆောင်လာသည့် ကားတစ်စီးကို ရေး – ထားဝယ် ကားလမ်းပိုင်းတွင် ဖမ်းမိကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲ ၊ ဒုစစ်ဒေသကွပ်ကဲရေးမှူးရုံးက သတင်းထုတ်ပြန်သည်။ အဆိုပါကားကို ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ရေးမြို့နယ် ၊ ကမော့ကနင်ရွာနှင့် အောင်သာယာ ရွာကြားတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ရန်ကုန်တိုင်း၊ အင်းစိန်နှင့် တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ အသက်၄၀ နှင့် ၅၀ ကြားအရွယ်ရှိ ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက် နှစ်ဦးတို့ကို စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖမ်းမိသည့် လိုက်ထရပ်ကားတွင် စစ်ယူနီဖောင်း၊ […]

မြောက်ဦးမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်၊ အရပ်သားငါးဦးထက်မနည်းဒဏ်ရာရ

Dawei Watch

December 24, 2023

ရခိုင်ပြည်နယ် မြောက်ဦးမြို့မရဲစခန်းကို ယနေ့နံနက် ၃နရီဝန်းကျင်တွင် ရက္ခိုင့်တပ်တော် AA က ဝင်ရောက် တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၃နာရီခန့်တွင် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ရင်းတို့က မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ လက်နက်ကြီးကျည် မြို့လယ်လမ်းဆုံလမ်းခွနှင့် ရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲပြီး ဒေသခံငါးဦးထက်မနည်း ဒဏ်ရာရသည့်အပြင် နေအိမ်အချို့လည်း လက်နက်ကြီးကျည်ထိမှန် ပျက်စီးကြောင်း ဒေသတွင်းသတင်းဌာနအချို့တွင် ဖော်ပြသည်။ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုမှာ နံနက်ပိုင်းတွင် ရပ်တန့်သွားသော်လည်း မွန်းလွဲပိုင်းအထိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။ မြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်မည်ဟု သတင်းထွက်သဖြင့် မြို့ခံများမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ကပင် ထွက်ပြေး […]

မန်တုံမြို့ကို တအာင်းတပ်သိမ်းယူ၊ တအာင်းတပ် သိမ်းထားသည့်မြို့ လေးမြို့အထိရှိလာ

Dawei Watch

December 24, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့တွင် စစ်ကောင်စီ ဗျူဟာမှူးအခြေချကွပ်ကဲနေသည့် တပ်စခန်းများကို သိမ်းယူပြီး မြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တအာင်းတပ်တော် TNLA က ထုတ်ပြန်သည်။  မန်တုံရှိ စစ်ကောင်စီတပ်စခန်းများကို ဒီဇင်ဘာလ ၁၉ရက်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး လေးရက်အကြာ ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်းတွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။  စစ်ကောင်စီတပ် ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။  ခလရ ၁၃၀ တပ်စခန်းသည် စစ်ဗျုဟာ-၂ လက်အောက်ခံ ခလရ-၁၃၀ တပ်နှင့် တမ-၁၀၁ လက်အောက်ခံ ခလရ-၂၅၄ တို့က လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် တပ်ဖြစ်ကြောင်း TNLA က ဆိုသည်။ လေးရက်တာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်ဖြင့် ၄၃ ကြိမ်၊ Y12 လေယာဥ်ဖြင့် ၁၈၃ ကြိမ်၊ တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 ဖြင့် အကြိမ် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

December 23, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကုလမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂမှာ စစ်ကောင်စီကိုယ်စားပြုခွင့် ဆက်လက်ဆုံးရှုံးသွားပါတယ်။ မြန်မာနဲ့ အာဖဂန်နစ္စတန် နိုင်ငံကိုယ်စားပြုမယ့်သူတွေ ရွေးချယ်ရေးအဆိုကို ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် စိစစ်ရွေးချယ်ရေးကော်မတီက ထပ်မံဆိုင်းငံ့လိုက်တယ်လို့ ဒီဇင်ဘာလ ၁၈ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒါကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းပဲ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေတာပါ။ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံ ကိုစားပြုသူအတွက် နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးနဲ့ စစ်ကောင်စီတို့က အပြိုင်တင်သွင်းထားတာပါ။ ကိုယ်စားလှယ်ရွေးချယ်ရေးအဆိုကို ၂၀၂၂ မှာ ဆိုင်းငံ့ခဲ့သလို အခုလည်း […]

မြိတ်မြို့ရေပေးဝေရေးစီမံကိန်း ထိုင်းကုမ္ပဏီနှင့် မြိတ်အများပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်မည်

Dawei Watch

December 23, 2023

မြိတ်မြို့ရေပေးဝေရေးစီမံကိန်းကို ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Bright Blue Water International Corporationနှင့် မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမီတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမီတက်မှာ မြိတ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးလှသန်းပိုင်ကုမ္ပဏီဖြစ်သည်။ မြိတ်အများပိုင်ကော်ပိုရေးရှင်းနှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်းကာ BBWI & MCPC အမည်ရှိသည့် အထူးကုမ္ပဏီကို ဖွဲ့စည်းပြီး ရေပေးဝေရေးစီမံကိန်းကိုဆောင်ရွက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထား သည်။ အဆိုပါစီမံကိန်း တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူညီချက်လက်မှတ်ရေးထိုးခြင်းနှင့် မြေငှားရမ်းခြင်း သဘောတူလက်မှတ်ရေးထိုးခြင်းတို့ကို ဒီဇင်ဘာလ ၂၀ ရက်က ထားဝယ်မြို့တွင်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ‌ လက်မှတ်ထိုးပွဲသို့ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ခဲ့ပြီး ကုမ္ပဏီဘက်ကမူ မြိတ်အများပိုင် ကော်ပိုရေးရှင်းကုမ္ပဏီလီမီတက်၏ ဒါရိုက်တာ ဦးလှသန်း၊ ထိုင်းကုမ္ပဏီဘက်က မန်နေဂျင်းဒါရိုက်တာ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

December 22, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ တရုတ်ငလျင်ကြောင့် အနည်းဆုံး လူ ၁၃၇ ဦး သေဆုံး   တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက တောတောင်ထူထပ်တဲ့အရပ်မှာ ပြင်းအား ၆ ဒသမ ၂ အဆင့် ငလျင်လှုပ်သွားတဲ့အတွက် သေဆုံးသူ အနည်းဆုံး ၁၃၇ ဦး ရှိတယ်လို့ တရုတ်အစိုးရတာဝန်ရှိသူတွေက ဒီဇင်ဘာလ ၁၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ငလျင်ကြောင့် အိုးအိမ်တွေ၊ လမ်းတံတားတွေ ပြိုကျပျက်စီးခဲ့ရပြီး လျှပ်စစ်မီးတွေလည်းပြတ်သွားခဲ့တာပါ။ Gansu ပြည်နယ်မှာ သေဆုံးသူက ၁၁၅ ဦးရှိသလို ဘေးကပ်လျက် Qinghai ပြည်နယ်မှာတော့ ၂၂ ဦး သေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ […]