ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြောက်ဦးခရိုင်ရဲစခန်း၊ ပလက်ဝ ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယနယ်စပ်က စစ်စခန်းတစ်ခုတို့ကို AA သိမ်းယူ

Dawei Watch

December 29, 2023

ရခိုင်ပြည်နယ် မြောက်ဦးခရိုင်ရဲစခန်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ် ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယ-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်းတစ်ခုတို့ကို သိမ်းယူလိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၆ ရက် ညပိုင်းတွင် မြောက်ဦးခရိုင်ရဲစခန်းကို သိမ်းယူနိုင်ခဲ့ပြီး နောက်တစ်ရက် ဒီဇင်ဘာလ ၂၇ ရက် နံနက်တွင် ခဝဲဗျူဟာကုန်းကို သိမ်းယူရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းနောက် ဒီဇင်ဘာလ ၂၈ ရက် နံနက်တွင် အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်း တစ်ခုဖြစ်သည့် ပွိုင့် ၃၇၇ စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါစခန်းကုန်းများတွင် စစ်ကောင်စီတပ်ဘက်က အလောင်း အမြောက်အများ ရရှိပြီး လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရမိကြောင်း AA […]

လောင်းလုံးက ရွာနှစ်ရွာတွင် မီးရှို့ခံရသည့်နေအိမ် ၁၀ ကျော်အထိရှိလာ

Dawei Watch

December 29, 2023

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် လောင်းလုံးက ကျေးရွာနှစ်ရွာတွင် နှစ်ရက်အတွင်းမီးရှို့ခံရသည့်နေအိမ် ၁၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၂၈ ရက်ညနေပိုင်းတွင် လောင်းလုံးမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ကျော်အကွာတွင်ရှိသော စစ်‌ပြဲရွာနှင့် လေးသွန်းခံရွာက နေအိမ်အချို့ကို မီးရှို့ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် Dawei Watch က ရရှိထားသည့်စာရင်းအရ စစ်ပြဲရွာတွေ နေအိမ် ငါးဆောင်ခန့်၊ လေးသွန်းခံရွာ ကျောက်လုံးကြီးကွင်းတွင် နေအိမ် ၁၁ ဆောင်ခန့် မီးရှိုခံထားရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ကျွန်မတို အခုရွာထဲခဏလာကြည့်တယ်။ (မီးရှို့ခံရတဲ့အထဲ) ကျွန်မတို့ အိမ်ပါပါတယ်။ ရွာထဲလည်း တစ်ယောက်မှ မလာရဲသေးဘူး” ဟု သူမကပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၉ […]

ဖယ်ခုံတွင် စစ်ကောင်စီတပ်စခန်းကုန်းနှစ်ခုကို တော်လှန်ရေးအဖွဲ့များသိမ်းယူပြီး မြို့အဝင်အထွက်ကို ထိန်းချုပ်

Dawei Watch

December 29, 2023

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေးနှင့် လွယ်ပတာ စစ်ကောင်စီတပ် စခန်းကုန်းနှစ်ခုကို ပူးပေါင်းမဟာမိတ် တော်လှန်ရေးအင်အားစုများက သိမ်းယူလိုက်ကြောင်း မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေးမဟာမိတ် အင်အားစုများက ထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ ၂၃ရက်၊ ၂၄ရက်၊ ၂၅ ရက်နေ့တို့တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ဖယ်ခုံမြို့ အဝင်အထွက် နေရာတို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဖော်ပြသည်။ ယခုကာလအတွင်း ပြည်သူများအနေဖြင့် ဖယ်ခုံမြို့နယ်အတွင်းသို့ ဝင်ထွက်သွားလာခြင်း မပြုလုပ်ကြရန်၊ မိုးဗြဲ-ဖယ်ခုံ ဒေသအသီးသီးတွင် နေထိုင်နေကြသည့် ပြည်သူများအနေဖြင့် နေအိမ်များသို့ မပြန်ကြရန်လည်း အသိပေးထားသည်။ မိုးဗြဲ-ဖယ်ခုံဒေသတွင် တော်လှန်ရေးအဖွဲ့ ရှစ်ဖွဲ့ပူးပေါင်းပြီး ၁၁၁၁ စစ်ဆင်ရေးကို ပူးပေါင်းလုပ်ဆောင်နေသည်။

နမ္မတူမြို့ကို တအာင်းတပ် သိမ်းယူ

Dawei Watch

December 28, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ရှိ စစ်ကောင်စီတပ် ဗျူဟာမှူး အခြေချကွက်ကဲသည့် တပ်စခန်းတို့ကို သိမ်းယူပြီး မြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တအာင်းတပ်မတော် TNLA က ယနေ့ ဒီဇင်ဘာလ ၂၈ရက်တွင် ထုတ်ပြန်သည်။ နမ္မတူရှိ စစ်ကောင်စီတပ်စခန်းတို့ကို ဒီဇင်ဘာလ ၂၅ ရက်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး လေးရက်အကြာ ယနေ့ ဒီဇင်ဘာလ ၂၈ရက် နံနက်တွင် စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်း အပါအဝင် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ အလုံးကို သိမ်းယူရရှိကြောင်း ဖော်ပြသည်။ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာ သိမ်းဆည်းရရှိကြောင်းလည်း ဖော်ပြသည်။ နမ္မတူမြို့ ရှိ စစ်ကောင်စီတပ်စခန်းသည် စစ်ဗျုဟာ-၂ လက်အောက်ခံ ခမရ-၃၂၄၊  ခလရ-၂၅၆ […]

၂၀၂၄ ပညာသင်နှစ်အတွက် ထားဝယ်ဗုဒ္ဓတက္ကသိုလ် ကျောင်းအပ်လက်ခံ

Dawei Watch

December 28, 2023

ထားဝယ်ဗုဒ္ဓတက္ကသိုလ်၏ ၂၀၂၄ ပညာသင်နှစ်ကို နတ်တော်လဆန်း ၁ ရက်နေ့ (ဒီဇင်ဘာလ ၁၃ ရက်)မှ စတင်ပြီး ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း မော်ကွန်းထိန်းဆရာတော် ဦးစိန္တိတ ထံမှသိရသည်။ ယခုပညာသင်နှစ်တွင် အခြေခံဒီပလိုမာ P.A.B.E အတန်းကို စတင်တက်ရောက်သင်ကြားမည့် ကျောင်းသားအသစ် ၁၀ ဦးအထိ လက်ခံထားပြီးဖြစ်ကြောင်း ဆက်လက်လာရောက် အပ်နှံနိုင်ကြောင်း ဆရာတော်ကဆိုသည်။ ထားဝယ်ဗုဒ္ဓတက္ကသိုလ်တွင် ဗုဒ္ဓစာပေအပြင် အင်္ဂလိပ်၊ပါဠိ၊သက္ကတ၊ဘာသာ ဗေဒစာပေများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မော်ကွန်းထိန်းဆရာတော်မိန့်ကြားသည်။ “ကျောင်းကတော့ လက်ခံနေပါပြီ ကျောင်းဖွင့်ရက်ကတော့ ထုတ်ပြန်ပေးပါ့မယ်”ဟု ဆရာတော်က မိန့်သည်။ ထားဝယ်ဗုဒ္ဓ‌တက္ကသိုလ်ကို ၂၀၁၃ ခုနှစ် တွင် စတင်တည်‌ထောင်ဖွင့်လှစ်ကာ ကောလိပ်အဖြစ်မှ တက္ကသိုလ်အဖြစ်သို့ ၂၀၂၃ ခုနှစ် မတ်လတွင် စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ဦးစိန္တိတကရှင်းပြသည်။ ပညာသင်နှစ် ၁၀ နှစ်အတွင်း BA ဝိဇ္ဇာဘွဲ့ရ […]

လောင်းလုံးတွင် စစ်ကောင်စီတပ် ဖမ်းဆီးရိုက်နှက်ခဲ့သည့် လူငယ်တစ်ဦးသေဆုံး

Dawei Watch

December 28, 2023

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးပြီးရိုက်နှက်ခဲ့သည့် လူငယ်တစ်ဦး ဒီဇင်ဘာလ ၂၇ ရက်ည ၁၂ နာရီဝန်းကျင်တွင် ရန်ကုန်ဆေးရုံ၌ သေဆုံးသွားကြောင်း မိသားစုဝင်နှင့် အခြားနီးစပ်သူအချို့ထံမှ သိရသည်။ ထားဝယ်မြို့ပေါ်နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် ကိုကံရှိန်နှင့် မွေးစားအမေ အပါအဝင် လူ လေးဦးသည် ဒီဇင်ဘာလ ၁၇ ရက်နေ့က လောင်းလုံးမြို့နယ် ဂေါ့အင်းရွာသို့ အလည်သွားချိန် ရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် တွေ့ကြောင်း ၎င်း၏ မိခင်အရင်းဖြစ်သူက ပြောသည်။ ယင်းသို့ တွေ့ချိန်တွင် ထွက်ပြေးကြရာ အခြားသူများက လွတ်မြောက်သွားသော်လည်း ကိုကံရှိန်ကိုမူ စစ်ကောင်စီတပ်က ဖမ်းမိသွားကြောင်း ၎င်းက ဆိုသည်။ “သူတစ်ယောက်တည်းဖမ်းမိမှပဲ သေနတ် (ဒင်) နဲ့ ထု သတ်တယ်ရှင်။ အိမ်နားကလူတွေက ဖုန်းခေါ်ပြီး သားတော့ […]

ဆင်ဖြူပြင်ရွာက လှေလုပ်သားတစ်ဦး ပစ်ခတ်ခံရပြီးဒဏ်ရာရ

Dawei Watch

December 27, 2023

သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ကျေးရွာက လှေလုပ်သားတစ်ဦး ဒီဇင်ဘာလ၂၅ ရက် ညသန်းခေါင်ကျော်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၃၅ နှစ်ခန့်ရှိ ကိုဝေယံစိုးသည် ဆင်ဖြူပြင်ဆိပ်ကမ်းက လှေထဲတွင် အိပ်ပျော်နေရာမှ နိုးလာသည့်အချိန် ရွာထဲဝင်ရန် ထွက်လာစဉ် ဆိပ်ကမ်းတွင် ကင်းချထားသည့် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “လှေရှင်ပြောတာက သူကအရက်မူးပြီးလှေပေါ်မှာ အိပ်ကျန်ခဲ့တာလို့ပြောတယ်။ နိုးလာတော့ အိမ်ပြန်မယ်ဆိုပြီး ထွက်လာတဲ့ အချိန်မှာ ပစ်ခတ်ခံရတာလို့ သိရတယ်။ ည ၁ နာရီလောက်ရှိပြီပေါ့နော်” ဟု ဆင်ဖြူပြင်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ သေနတ်ဒဏ်ရာတစ်ချက်မှာ ချိုင်းအောက်က ဖောက်ဝင်သွားပြီး သရက်ချောင်းဆေးရုံကတစ်ဆင့် ထားဝယ်ဆေးရုံကြီးသို့ တင်ပို့ထားသည်ဟု ကြားသိရကြောင်း အထက်ပါအမျိုးသားက ပြောသည်။

လောင်းလုံးမြို့အောက်ဘက်ကျေးရွာများကို ပိတ်ဆို့စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများစိုးရိမ်

Dawei Watch

December 27, 2023

စစ်ကောင်စီတပ်က လောင်းလုံးမြို့အောက်ဘက် ကျေးရွာများကို ရေကြောင်း၊ ကုန်းကြောင်းဖြင့် ပိတ်ဆို့စစ်ကြောင်းထိုးနေသဖြင့် စိုးရိမ်နေရကြောင်း ဒေသခံတို့က ပြောသည်။ “အခုက ဘာဖြစ်လာမယ် မှန်းလို့လည်း မတတ်ဘူး။ ဘယ်နေရာမှာ ဘယ်အချိန် တိုက်ပွဲထဖြစ်မလည်းပဲ စိုးရိမ်နေရတယ်။ လယ်ထဲမှာလည်း စပါးတွေသိမ်းလို့ မပြီးကြသေးဘူး” ဟု စစ်ပြဲကျေးရွာသားတစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်က လောင်းလုံးအောက်ဘက်လည်းဖြစ် ထားဝယ်မြစ်ကမ်းဘေးလည်းဖြစ်သည့် ဝေဒီကျေးရွာ၊ ကညုံကျွန်း ကျေးရွာတို့ကို ရေလမ်းဖြင့် ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင်ရောက်ရှိလာခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ကညုံကျွန်းရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင်လည်း တပ်စွဲထားလိုက်သည့်အပြင် ရွာအနီး ထားဝယ်မြစ်ထဲတွင်လည်း လှေများဖြင့် စစ်ကောင်စီတပ်က နေရာယူထားကြောင်း ၎င်းတို့က ဆိုသည်။ ထို့အပြင် လွန်ခဲ့သည့် သုံးရက်ခန့်ကစပြီး စစ်ပြဲ၊ ညင်းမော်ကျေးရွာတို့သို့ ခြေလျင် စစ်ကြောင်းတစ်ကြောင်း ရောက်ရှိနေကြာင်း […]