ကျွန်းစုသို့ လည်ပတ်သူနည်းပါးသဖြင့် ခရီးသွားလုပ်ငန်းများ တွက်ခြေမကိုက်
Dawei Watch
October 27, 2023မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ ကျွန်းခရီးစဉ်လည်ပတ်သူနည်းပါးသဖြင့် ခရီးသွားလုပ်ငန်းများ တွက်ခြေမကိုက်ကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။ ကျွန်းခရီးစဉ်တို့အား ကိုဗစ်ကပ်ဘေးဖြစ်ပေါ်ခဲ့သည့် ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၂နှစ်ကြာ လုပ်ငန်းများ ရပ်နားထားခဲ့ရသည်။ ယင်းနောက် ၂၀၂၂ ခုနှစ် ပွင့်လင်းရာသီမှစပြီး ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခဲ့သော်လည်း အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက် မတည်ငြိမ်မှုကြောင့် လာရောက်လည်ပတ်သူနည်းပါးခဲ့ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူအချို့က ဆိုသည်။ “ခရီးသွားတွေက တအားကွာ (နည်း) သွားတာ။ ဆယ်ပုံ ပုံလို့ တစ်ပုံလောက်တောင် မလာကြတော့ဘူး။ တိုင်းရေးပြည်ရေး အခြေအနေတွေကြောင့်ပါ။လမ်းပန်းဆက်သွယ်ရေးကလည်း မလုံခြုံဘူးဆိုတော့ မလာကြတော့ဘူးပေါ့” ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ အလားတူ ယခုနှစ်ပွင့်လင်းရာသီတွင်လည်း ခရီးသွားသူ နည်းပါးနိုင်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတို့က ပြောဆိုသည်။ “မနှစ်ကထက် နည်းနိုင်တယ်။ ဘာကြောင့်လဲဆိုရင် […]


