သပြေရှောင်ရွာတွင် မီးရှို့ခံရသည့်အိမ် တစ်ဆယ်ကျော်အထိရှိလာ
Dawei Watch
January 4, 2024လောင်းလုံးမြို့အောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုနေသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၃ ရက်က သပြေရှောင်ကျေးရွာသို့ ရောက်ရှိပြီး နေအိမ်တစ်ဆယ်ကျော်ကို မီးရှို့ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ထိုနေ့ နံနက် ၁၁ နာရီခန့်တွင် သပြေရှောင်ကျေးရွာအုပ်စု ဟင်းချိုတောရွာရှိ အိမ်သုံးဆေးဝါးရောင်းချသည့်ဆိုင်တစ်ဆိုင်အား စတင်မီးရှို့ခဲ့ပြီးနောက် ညနေ ၃ နာရီခန့်တွင်မူ ဟင်းချိုတောရွာရှိ နေအိမ် ရှစ်ဆောင်၊ ရင်ထဲရွာရှိ နေအိမ် ငါးဆောင်ကို ထပ်မံမီးရှို့ကြောင်း ဒေသခံအချို့က ဆိုသည်။ “မီးရှို့ခံရတဲ့အထဲမှာ အရက်ဆိုင်တစ်ဆိုင်လည်း ပါသေးတယ်။ အခုလောလောဆယ်အထိတော့ ကျွန်တော်တို့သိထားတာ အဲဒီလောက် (၁၄ ဆောင်) တော့ ရှိတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံအမျိုးသာတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီတပ်က သပြေရှောင်ကျေးရွာအုပ်စုထဲတွင် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး နေအိမ်များကို မွှေနှောက်ရှာဖွေ မီးရှို့ဖျက်ဆီးပြီးနောက် ဟင်းချိုတောရွာဘုန်းကြီးကျောင်း၊ သပြေရှောင်ရွာဘုန်းကြီးကျောင်းတို့တွင် […]


