မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန် ပိတ်ဆို့အရေးယူ
Dawei Watch
November 1, 2023စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းများဝယ်ယူရန် အဓိက နိုင်ငံခြားဝင်ငွေရရှိနေသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်က အရေးယူပိတ်ဆို့လိုက်ကြောင်း အမေရိကန်ပြည်ထောင်စုက အောက်တိုဘာ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်သည်။ နိုင်ငံခြားပိုင် ထိန်းချုပ်ရေးရုံး (OFAC) က MOGE ကို အရေးယူပိတ်ဆို့သည့် စာရင်းတွင် ထည့်သွင်းလိုက်ခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ အကျိုးသက်မည်ဖြစ်ကြောင်း ဖော်ပြသည်။ အရေးယူပိတ်ဆို့မှုတွင် ငွေချေးခြင်း၊ ဘဏ်စာရင်းဖွင့်ခြင်း၊ အာမခံပေးခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနှင့် အခြား ဘဏ္ဍာရေး ဝန်ဆောင်မှုများဆိုင်ရာ ကန့်သတ်ချက်များ ပါဝင်သည်။ ယခုနှစ်အစောပိုင်းတွင်က MOGE ကို ဦးဆောင်သူ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်များကိုသာ အမည်ပျက် စာရင်းသွင်း၍ အရေးယူပိတ်ဆို့ခဲ့ပြီးနောက် ယခု MOGE အဖွဲ့အစည်းကို ပထမဆုံးအကြိမ် အရေးယူပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။ […]


