ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီတပ်သားနှစ်ဦး CDM လုပ်လာကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

Dawei Watch

November 2, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ (၅၆၁) တပ်ရင်းက တပ်သားနှစ်ဦး ထွက်ပြေးလာပြီး CDM လုပ်လာကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ နိုဝင်ဘာလ ၂ရက်နေ့တွင် ထုတ်ပြန်သည်။ တပ်သား ထွန်းလင်းပိုင်နှင့် တပ်သား ထက်မြတ်သူတို့သည် အောက်တိုဘာလ ၃၁ ရက်တွင် ထွက်ပြေးလာပြီး နိုဝင်ဘာ ၁ ရက်နေ့တွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၂) တပ်ခွဲ (၁) ထံ ပူးပေါင်းလာကြောင်း ဖော်ပြသည်။ စစ်ကောင်စီ တပ်တွင်းဖိနှိပ်ခြင်း၊ ပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်မှုများကြောင့် အဆိုပါတပ်သားနှစ်ဦး ထွက်ပြေးကာ လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထွက်ပြေးလာသည့် ရဲဘော်နှစ်ဦးအား ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ပြည်သူ့ရင်ခွင် (အဖွဲ့) နှင့် ချိတ်ဆက်ကာ ၎င်းတို့၏ […]

ထိုင်းတွင် ကားတိမ်းမှောက်ပြီး ရိုဟင်ဂျာ ၁၈ဦး ဒဏ်ရာအပြင်းအထန်ရ

Dawei Watch

November 2, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော ရိုဟင်ဂျာများ စီးလာသောကား တိမ်းမှောက်ပြီး ၁၈ ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ချွန်ဖော်ခရိုင် ပထီးဝူဒေသ စစ်ဆေးရေးဂိတ်အလွန် လမ်းဘေးတွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ကားပေါ်တွင် အသက် ၁၅ နှစ်အရွယ် ရိုဟင်ဂျာ ဆယ်ကျော်သက်များအပါအဝင် အမျိုးသားရှစ်ဦးနှင့် အမျိုးသမီး ၁၀ဦး လိုက်ပါလာကြောင်း ဖော်ပြသည်။ ဒဏ်ရာရသူများကို ရှေးဦးကုသပေးပြီးနောက် အုပ်စုခွဲ၍ အနီးရှိ ဆေးရုံ ၄ ရုံသို့ ကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများက ဆိုသည်။ အသက် ၂၀ နှစ်အရွယ် ထိုင်းနိုင်ငံသား ကားသမားသည် မြန်မာအလုပ်သမားများကို ရတ်ခ်ျဘူရီခရိုင်မှတစ်ဆင့် […]

မလေးရှားပို့မည့် ကျပ်ဘီလီယံတစ်ရာကျော်တန်ဖိုးရှိမူးယစ်ဆေး ကော့သောင်းတွင် ဖမ်းမိ

Dawei Watch

November 2, 2023

မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁၀၄ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးတို့အား အောက်တိုဘာလ ၃၀ ရက်နေ့က ကော့သောင်းမြို့တွင် ဖမ်းမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာတွင် စစ်ကောင်စီ ရေတပ်က ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ အာဘော် MRTV သတင်းဌာနက ထုတ်ပြန်သည်။ သတင်းအရ ပင်လယ်ပြင်အတွင်း ပိတ်ဆို့ရှာဖွေရာမှ မလေးရှားနိုင်ငံဘက်သို့ ဦးတည် ခုတ်မောင်းသည့် စက်လှေ တစ်စီးပေါ်က လှေသား ၇ ဦးတို့နဲ့အတူ GUANYINWANG စာတမ်းပါ အထုပ်များအတွင်းမှ ICE ၂၆၀၀ ကီလိုဂရမ် ကာလတန်းဖိုးအားဖြင့် ငွေကျပ် ၁၀၄ ဘီလီယံခန့်အား ဖမ်းမိခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ ဖမ်းမိသူတို့၏ ထွက်ဆိုချက်အရ ညီညီဆိုသူမှ မလေးရှားရှိ မူးယစ်ဂိုဏ်းတို့နှင့် […]

ရှမ်းမြောက်တွင် မြို့သုံးမြို့ကို လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း စစ်ကောင်စီဝန်ခံ

Dawei Watch

November 2, 2023

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်နယ်စပ်ဂိတ်ရှိသည့် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့တို့ကို လက်လွှတ် လိုက်ရပြီဖြစ်ကြောင်း စစ်ကောင်စီက ဝန်ခံလိုက်သည်။ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁ရက်နေ့တွင် ပြောဆိုခြင်း ဖြစ်သည်။ “ဒီအချိန်မှာတော့ ကျွန်တော်တို့ အစိုးရရယ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေ လက်လွှတ် ခဲ့ရတဲ့ နေရာတွေရှိပါတယ်။ ဒါကတော့ ချင်းရွှေဟော်ရယ်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ်ရယ်၊ ဒီသုံးမြို့တော့ရှိပါတယ်” ဟု ၎င်းက ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့အားလုံးနီးပါး ထိန်းချုပ်ခံထားပြီဆိုသည့် သတင်းများ ထွက်ပေါ်နေပြီး ယင်းသတင်းမှာ မမှန်ကြောင်းလည်း ပြောဆိုသည်။ အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက်တွင် ချင်းရွှေဟော်၊ မုံးကိုး၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုးမြို့နယ်တို့တွင် တိုက်ခိုက်ခံရပြီး ၂၉ ရက်တွင် သိန္နီ၊ […]

စစ်ကောင်စီစခန်း ၈၇ခုကို သိမ်းထားပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်များ အလင်းဝင်ဟု MNDAA ထုတ်ပြန်

Dawei Watch

November 1, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်စခန်း ၈၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ကျော်နှင့် ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ လက်နက်ချ အလင်းဝင်လာကြောင်း ကိုးကန့်တပ်MNDAA က ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်ဖြစ်သည့် ယနေ့ နိုဝင်ဘာလ ၁ရက်နေ့တွင် တပ်စခန်းခုနစ်ခုသိမ်းဆည်းနိုင်ခဲ့ပြီး ယနေ့အထိ တပ်စခန်း ၈၇ ခု တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း ကိုးကန့်တပ်က ထုတ်ပြန်ထားသည်။ ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ်TNLA ၊ ရခိုင်တပ် AA တို့က ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်သည်။ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကိုးကန့်၊ မုံးကိုး ၊ သိန္နီတို့တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကစစ်ဆင်ရေး ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ဖော်ပြသည်။ ကိုးကန့်ခရိုင် တုန်ရှမ်ဒေသ ဟိုကျီတုံနေရာရှိ စစ်ကောင်စီတပ်စခန်းများကို […]

ထိုင်းတွင် စက်ရုံပိတ်သိမ်းသဖြင့် မြန်မာလုပ်သား ၁၃၀ကျော် အလုပ်ရပ်နားခံရ

Dawei Watch

November 1, 2023

ထိုင်းနိုင်ငံ လှဘူရီခရိုင်ရှိ အထည်ချုပ်စက်ရုံ ပိတ်သိမ်းသဖြင့် မြန်မာအလုပ်သမား ၁၃၅ ဦး ရုတ်တရက် အလုပ်မှ ရပ်နားခံလိုက်ရကြောင်း မြန်မာအလုပ်သမားများနှင့် AAC မဟာမိတ်အဖွဲ့တို့ထံမှ သိရသည်။ စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမား ၂၅၀ လုံးကို အလုပ်ရှင်ဘက်က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရုတ်တရက်အလုပ်က ရပ်နားလိုက်ခြင်း ဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။ “တရားဝင် အသိပေးခြင်းမရှိဘဲနဲ့ ထုတ်လိုက်တာပေါ့။ Messager ကနေ Line တွေကနေပေါ့နော်။ စက်ရုံ ပိတ်လိုက်ပြီ။ မလာနဲ့တော့ပေါ့။ အဲဒီလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် Group တွေထဲ ပြောဆိုလာတာ” ဟု အလုပ်ထုတ်ခံရသော အလုပ်သမားတစ်ဦးက ပြောသည်။ ၎င်းတို့သည် အောက်တိုဘာ ၁၈ ရက်နေ့အထိ အလုပ်ဆင်းခဲ့ကြပြီး […]

ထားဝယ်အရှေ့မြောက်ဘက် ရွာများသို့သွားသည့်လမ်းပိုင်းများကို စစ်ကောင်စီတပ်ပိတ်ထား

Dawei Watch

November 1, 2023

ထားဝယ်မြို့၏ အရှေ့မြောက်ဘက်တွင်ရှိသည့် ပဒိုင်းချောင်း၊ ခေါင်တိုင်ပြင်၊ မြင်းမတပ်၊ ပခပ်အင်း၊ ကင်းကုန်း၊ ရေဝိုင်းကျေးရွာတို့ကိုသွားသည့် ‌လမ်းပိုင်းများကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၃၁ ရက်နေ့ကစပြီး သွားလာ ခွင့်မပြုတော့ကြောင်း ဒေသခံများက ပြောသည်။ မောင်မယ်ရှောင်-ရေဝိုင်းလမ်းပိုင်းနှင့် ဇဟာ-ရေဝိုင်းလမ်းပိုင်းတို့ကို ယမန်နေ့ကစပြီး သွားလာခွင့်မပြုတော့ဘဲ ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “အဝင်ရော အထွက်ရောမရဘူး။ သွားချင်ရင် တခြားလမ်းကသွားလို့တော့ သူတို့ကပြောတယ်” ဟု ၎င်းက ပြောသည်။ အထက်ပါလမ်းပိုင်းများ ပိတ်ထားသောကြောင့် ဒေသခံပြည်သူများ၏ စားနပ်‌ရိက္ခာ သယ်ယူခြင်းနှင့် ဆေးဝါးကုသခြင်းများတွင် အခက်အခဲရှိလာနိုင်ကြောင်း အခြားဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ထားဝယ်တွင် ကျပ်ရှစ်သောင်းကျော် ဈေးရှိသည့် ဆန်ကြမ်းတစ်အိတ်ကို ကျပ်တစ်သိန်းကျော်ဖြင့် ဝယ်ယူနေရချိန် ယခုကဲ့သို့ လမ်းပိတ်ထားခြင်းကြောင့် ဆန်ဈေးထပ်တက်လာမည်ကို စိုးရိမ်ကြောင်း ၎င်းက ပြောသည်။ စက်တင်ဘာလ ၃၀ […]

ပုလော စစ်ရှောင်စခန်းတွင် ဆေးဝါးပြတ်လပ်

Dawei Watch

November 1, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွင် ဆေးဝါးပြတ်လပ်နေကြောင်း စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။ စစ်ကောင်စီတပ်က ပုလောအရှေ့ဖျားကျေးရွာများသို့ ဆန်၊ ဆီ၊ ရိက္ခာများသယ်ယူခွင့် ကန့်သတ်ထားပြီး ဆေးဝါးများကိုလည်း သယ်ယူခွင့် ပိတ်ထားသည်မှာ ၂ နှစ်ခန့်ရှိလာနေပြီဖြစ်သည်။ “လမ်းကြောင်းတွေက အဆင်မပြေ။ ပိတ်ထားတဲ့အခြေအနေမှာ ဆေးကို လုံးဝသယ်ခွင့်မပေးဘူးဆိုတော့ လတ်တလောမှာ ဆေးဝါးပြတ်လပ်တဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်” ဟု စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီတပ်က လမ်းကြောင်းတင်းကျပ်ပိတ်ဆို့မှုကြောင့် ဆေးဝါးအပြင် ဆန်၊ ဆီရိက္ခာအချို့ သယ်ယူရ ခက်ခဲလာပြီး ဈေးနှုန်းကြီးမြင့်မှုနှင့်လည်း ကြုံနေရကြောင်း ၎င်းက ဆိုသည်။ စစ်ဘေးရှောင်ဦးရေလည်း ထပ်တိုးလာခြင်းကြောင့် စစ်ရှောင်ပြည်သူများအပေါ် သတ်မှတ်ထားသည့်အတိုင်း ရိက္ခာကို ရာနှုန်းပြည့် မထောက်ပံ့နိုင်တော့ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။ “ဆန်တွေလည်း လျှော့ပြီး ထောက်ပံ့ပေးနေရတယ်။ […]