ထိုင်းရဲများက မြန်မာလုပ်သားသုံးဦးကို ရိုက်နှက်ပြီး ဘတ်တစ်သိန်း ခြိမ်းခြောက်ငွေညှစ်
Dawei Watch
October 26, 2023ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ရဲတပ်ဖွဲ့ဝင်များက မြန်မာလုပ်သား သုံးဦးကို ဖမ်းဆီးရိုက်နှက်ပြီး ဘတ် တစ်သိန်း ခြိမ်းခြောက် ငွေညှစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမားတို့သည် ရိုက်နှက်ငွေညှစ်ခံရသဖြင့် ဘန်ကောက်အခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် “Saimai Survive” အဖွဲ့ထံသို့ လာရောက်တိုင်ကြားခဲ့ကြောင်း အဆိုပါအဖွဲ့၏ Facebook စာမျက်နှာတွင် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။ ကျောကုန်းတွင် ရိုက်နှက်ခံထားသည့် ဒဏ်ရာ သက်သေများနှင့်တကွ ထုတ်ပြန်ထားခြင်းဖြစ်သည်။ အောက်တိုဘာ ၂၂ ရက်နေ့တွင် ချွန်ဘူရီခရိုင် ဘော်ဝင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မြန်မာအလုပ်သမား သုံးဦးကို ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်နေသည်ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် ဘန်ကောက်မြို့ ဘန်နားဒေသတွင် နေထိုင်သူများဖြစ်ကာ ချွန်ဘူရီခရိုင် ဘော်ဝင်းဒေသသို့ လာလည်စဉ် ဖမ်းဆီးခံရကြောင်း […]


