ညောင်ဇင်ရွာတွင် စစ်ကောင်စီတပ် နေအိမ်များကိုစစ်ဆေးနေချိန် မိုင်းကွဲ၊ အရပ်သားတစ်ဦး ဒဏ်ရာရ
Dawei Watch
December 18, 2023သရက်ချောင်းမြို့နယ် ညောဇင်ရွာတွင် စစ်ကောင်စီတပ်က နေအိမ်များကို စစ်ဆေးနေချိန် မိုင်းပေါက်ကွဲပြီး လမ်းသွားလမ်းလာ အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ညောင်ဇင်ရွာကို ဒီဇင်ဘာလ ၁၇ရက် နံနက် ၈ နာရီခန့်တွင် ကား ၃ စီးဖြင့် ရောက်ရှိလာကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းနောက် နေ့လယ် ၁၂ နာရီခန့်တွင် ညောင်ဇင်ရွာမြောက်ဘက်ပိုင်း လမ်းမဘေးရှိ နေအိမ်များကို ဝင်ရောက်ကာ စစ်ကောင်စီ တပ်သားများက ဖုန်းနှင့် အိမ်ထောင်စုစာရင်းများကို စစ်ဆေးနေချိန် မိုင်းပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ညောင်ဇင်ရွာဈေးနှင့် စာသင်ကျောင်းကြားရှိ တံတားငယ်တွင် မိုင်းပေါက်ကွဲခြင်းဖြစ်ပြီး လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးက ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “လမ်းမတန်းက အိမ်တွေကို စစ်ပြီးတာနဲ့ပဲ ပေါက်ကွဲသံကြားတာပဲ။ […]


