မြန်မာထုတ် မူးယစ်ဆေးပြား သန်း ၅၀ကျော် ထိုင်းတွင်ဖမ်းမိ၊ အာရှတွင် ဒုတိယအများဆုံးဖမ်းမိမှုဖြစ်လာ
Dawei Watch
December 13, 2023ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် စံချိန်တွင် အများဆုံးအရေအတွက်ဖြစ်သော မူးယစ်ဆေးပြား သန်း ၅၀ ကျော်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယင်းအရေအတွက်သည် ထိုင်းနိုင်ငံအတွက် စံချိန်တင်အများဆုံးဖြစ်ပြီး အာရှဒေသတွင်လည်း ဒုတိယအများဆုံးဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ရွှေတြိဂံနယ်မြေ လာအိုနိုင်ငံဘက်တွင် မူးယစ်ဆေးပြား ၅၅ သန်းကျော် ဖမ်းဆီးရမိပြီးနောက် ယခုအရေအတွက်သည် အာရှဒေသတွင် ဒုတိယအများဆုံးဖြစ်လာကြောင်း ကုလသမဂ္ဂဘက်က ပြောသည်။ ယခုဖမ်းမိသည့် မူးယစ်ဆေးများမှာ ရှမ်းပြည်နယ်ဘက်တွင် ထုတ်လုပ်ခဲ့ပြီး အခြားနိုင်ငံများသို့ ခိုးသယ်ရန်အတွက် လက်နက်ကိုင်များနှင့် အာရှရာဇဝတ်ဂိုဏ်းများ ပူးပေါင်းနေကြကြောင်း မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး၏ အရှေ့တောင်အရှ ကိုယ်စားလှယ် Mr. Jeremy Douglas က REUTERS သတင်းဌာနသို့ ပြောဆိုထားသည်။ ၆ ဘီးကားပေါ်တွင် […]


