တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာတွင် ဆယ်ကျော်သက် လူငယ်တစ်ဦး ထပ်မံသေဆုံး
Dawei Watch
September 12, 2024တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းကျေးရွာတွင် မနေ့(စက်တင်ဘာ ၁၁) က နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ဆယ်ကျော်သက်လူငယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ မနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပြောသည်။ လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် အသက် ၄၀ ကျော်အရွယ် ဒေါ်စန်းသွယ်မှာ နေရာမှာပင်သေဆုံးပြီး အသက် ၆၀ အရွယ် ဒေါ်စန်းသီနှင့် အသက် ၁၅ နှစ်ခန့်ရှိ မဖြူဇာအေးတို့သုံးဦး သေဆုံးခဲ့သည်။ အသက် ၁၉ နှစ်ခန့်အရွယ် ကိုနေနိုင်သူ(ခ)ဒီးတုတ်မှာ ခြေထောက်တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့သဖြင့် ဆေးရုံတင်ပို့စဉ် မနေ့က ညနေပိုင်းမှာပင် သေဆုံးခဲ့သည်ဟု ကျွဲထိန်းကုန်းရွာက အမျိုးသမီးတစ်ဦးက ပြောသည်။ “ပေါင်မှာထိပြီး ခြေထောက်အရိုးကျိုးသွားတယ်။ မြိတ်ဆေးရုံကိုတင်ဖို့ လမ်းပိတ်ထားလို့ သယ်မရတော့ မောတောင်ကနေပြီး ထိုင်းမှာလာကုဖို့ […]


