ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံရန် ထပ်မံကြိုးစား၊ ပစ်ခတ်ခြင်းမပြုမီ သေနတ်သမားကို ဖမ်းမိ

Dawei Watch

September 16, 2024

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံရန် ကြိုးစားသည့် သေနတ်သမားကို ပစ်ခတ်မှု မပြုလုပ်နိုင်မီတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး FBI က တရားခံကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က မဲဆွယ်ပွဲတစ်ခုတွင် ထရမ့်ကို လုပ်ကြံရန် ကြိုးပမ်းမှုအပြီး နှစ်လအကြာတွင် ဒုတိယအကြိမ် ထပ်မံလုပ်ကြံမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ လုပ်ကြံရန် ကြိုးစားမှုမှာ ဖလော်ရီဒါပြည်နယ်ရှိ ထရမ့်ပ်၏ ကိုယ်ပိုင်ဂေါက်ကွင်းတွင် စက်တင်ဘာ ၁၅ ရက် (တနင်္ဂနွေ)နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ မဲဆွယ်စည်းရုံးရေးကမ်ပိန်းအဖွဲ့က ပြောသည်။ သေနတ်သမားသည် ထရမ့်ပ်ဂေါက်ရိုက်နေသည့် နေရာနှင့် ကိုက် ၃၀၀ မှ ၅၀၀ အကွာအဝေးအတွင်း ရှိနေပြီး လုပ်ကြံရန် သေနတ်ဖြင့်ချိန်နေစဉ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ မှန်ဘီလူးတပ်ထားသည့် ရိုင်ဖယ်သေနတ်ပြောင်းတစ်လက် ဂေါက်ကွင်းခြံစည်းရိုးအနီးမှ ပြူထွက်နေသည်ကို Secret Service အေးဂျင့်တစ်ယောက်က သတိပြုမိခဲပြီး ယင်းနေရာကို […]

ဆံပင်ညှပ်သည့်အလုပ် လုပ်သဖြင့် မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး

Dawei Watch

September 16, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ကော့ဖငန်းကျွန်းတွင် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ပိုင်ခွင့်မရှိသော ဆံပင်ညှပ်သည့်အလုပ်ကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို စက်တင်ဘာလ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကျွန်းပေါ်ရှိ အိမ်တစ်ဆောင်တွင် မြန်မာနိုင်ငံသားတစ်ဦး ဆံပင်ညှပ်နေကြောင်း တိုင်ကြားချက်ရရှိသဖြင့် ထိုင်းအာဏာပိုင်များက သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူသည် အသက် ၂၀ နှစ်အရွယ် ဝေယံကျော်အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ၎င်းနှင့်အတူ ဆံပင်ညှပ်သည့် ပစ္စည်းကိရိယာများကိုပါ တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါမြန်မာနိုင်ငံသားသည် ပွဲစားကို ဘတ် ၂၀၀၀၀ ပေးချေ၍ ထိုင်း-မြန်မာနယ်စပ် ရနောင်းလမ်းကြောင်းမှ ဝင်ရောက်လာခဲ့သူဖြစ်ပြီး လက်ရှိ အလုပ်လုပ်ခွင့်လက်မှတ်မရှိသေးကြောင်း ရဲတပ်ဖွဲ့ကို ထွက်ဆိုထားသည်။ ကော့ဖငန်းကျွန်းပေါ်တွင် နေထိုင်ပြီး ဆံပင်ညှပ်အလုပ်ကို လုပ်ကိုင်နေသည်မှာ ၁ လကျော်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများကို အွန်လိုင်းမှတစ်ဆင့် အလုပ်လက်ခံကာ […]

ရှမ်းကလေးငယ် ၆ ဦးကို နှိပ်စက်ခိုင်းစေခဲ့သည့် ထိုင်းစုံတွဲကိုဖမ်းဆီး

Dawei Watch

September 16, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသား ရှမ်းကလေးငယ် ၆ ဦးကို အတင်းအကျပ် နှိပ်စက်ပြီး ခိုင်းစေနေသာ ထိုင်းစုံတွဲနှစ်ဦးကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်မြို့ လတ်စီနယ်မြေ ပရာချာချူဝမ်ဒေသရှိ အိမ်တစ်ဆောင်ကို စနေနေ့နံနက်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများသည် အသက် ၃၃ နှစ်နှင့် ၃၅ နှစ်အရွယ် ထိုင်းနိုင်ငံသား စုံတွဲများဖြစ်ကြသည်။ မာလာစားသောက်ဆိုင်တွင် အသက်မပြည့်သေးသော ကလေးငယ်များကို အတင်းအကျပ်ခိုင်းစေပြီး အမြတ်ထုတ်နေကြောင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) က တိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ခြင်းဖြစ်သည်။ ဆိုင်သည် ညနေ ၆ နာရီခွဲအချိန်မှ နံနက် ၄ နာရီအထိ ဖွင့်လှစ်ထားသော ဆိုင်ဖြစ်သည်။ […]

တနင်္သာရီလမ်းပိုင်းကို ညပိုင်းဖြတ်သန်းမသွားကြရန် ပကဖ သတိပေးထုတ်ပြန်

Dawei Watch

September 15, 2024

မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု ကျောက်ဖြူတောင်လမ်းဆုံမှစပြီး တနင်္သာရီမြို့နယ် လမ်းမကြီးတစ်လျှောက်ကို ညဘက်ဖြတ်သန်းသွားလာခြင်း မပြုရန် မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။ ခရီးသည်ကားများ၊ ကုန်ကားများ၊ အိမ်စီးကားများအပါအဝင် မည်သည့်ယာဉ်မဆို ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း အဆိုပါလမ်းပိုင်းမှ ဖြတ်သန်းသွားလာခြင်း မပြုကြရန် စက်တင်ဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါလမ်းပိုင်းရှိ ကြေးနန်းတိုင်ရွာမှ တုန်း‌ဗျောကျေးရွာအထိကို စစ်ကောင်စီတပ်က အင်အားတိုးချထားပြီး လမ်းပိုင်းစစ်ဆေးမှုလည်း တင်းကြပ်ထားကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဏကြီးကပြောသည်။ ယင်းအပြင် စစ်ကောင်စီတပ်သားများသည် ကုန်ကား၊ အအေးခန်းကားများတွင် အရပ်သားအယောင်ဆောင်ပြီး လိုက်ပါလေ့ရှိကြောင်းလည်း ၎င်းကပြောဆိုသည်။ “ညအချိန်မှာလည်း(စစ်ကောင်စီတပ်သားတွေ) ကားမီးတွေပိတ်ပြီး တက်လာတာတွေရှိတယ်။ ဒါကြောင့်ပြည်သူတွေကို သတိပေးတာဖြစ်ပါတယ်” ဟု၎င်းက ဆိုသည်။ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင်လည်း အချိန်မရွေး […]

လောင်းလုံး၊ ဇလွတ်ရွာ ဒေသခံများ နေရပ်မပြန်နိုင်သေးချိန် စစ်ကောင်စီက အိမ်ဖောက်ပစ္စည်းယူ

Dawei Watch

September 15, 2024

စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် လောင်းလုံးမြို့နယ်၊ ဇလွတ်ရွာ ဒေသခံများ နေရပ်မပြန်နိုင်သေးချိန်တွင် စစ်ကောင်စီတပ်က နေအိမ်များကို ဖောက်ဖျက် ဝင်ရောက်ရှာဖွေပြီး ပစ္စည်းများ ယူဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှစပြီး ဇလွတ်ရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းကြောင့် ဒေသခံများ သုံးရက် ဆက်တိုက်အိမ် မပြန်နိုင်ကြသေးပဲဖြစ်နေကြောင်း ၎င်းတို့ကပြောသည်။ “လူမရှိတဲ့ ဆိုင်တွေ အိမ်တွေကို တံခါးတွေဖျက်ပြီး စားရိက္ခာတွေယူတယ်။ ခုလောလောဆယ်တော့ ဆိုင်ကယ် ၃ စင်း၊ ထော်လာဂျီတစ်စင်း သူတို့ယူထားတယ်”ဟု ဒေသခံတစ်ဦးက ၎င်းရရှိထားသည့် သတင်းအချက်အလက်ကို ပြန်လည်ပြောဆိုသည်။ စက်တင်ဘာ ၉ ရက်နေ့တွင် ကျောက်နီမော်ကျေးရွာပျူစောထီး(ခေါ်) ပြည်သူစစ် စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့သည်။ ထို့နောက် ဩဂုတ်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်မှ […]

မလေးရှားတွင် မြန်မာလုပ်သားအသတ်ခံရမှုကြောင့် လူခုနစ်ဦးကိုဖမ်းဆီး

Dawei Watch

September 15, 2024

မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ ဘန်တွန်မြို့ရှိ စက်ရုံတစ်ရုံတွင် မြန်မာအလုပ်သမားတစ်ဦးအသတ်ခံရမှုနှင့် ပတ်သက်ပြီး ဒေသခံအမျိုးသားတစ်ဦးအပါအဝင် လူခုနစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ အသက် ၂၇ နှင့် ၃၉ နှစ်အကြားရှိသည့် သံသယရှိသူအားလုံးကို ဘန်တွန်မြို့ တမန်ချီဂါမက်ဒန်အရပ်တွင် စက်တင်ဘာလ ၁၃ရက် မနက် ၁ နာရီကျော်တွင် ဖမ်းဆီးခဲ့ကြောင်း ပါဟန်းပြည်နယ်ရဲချုပ်က ပြောသည်။ သံသယရှိသူများ မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ပြေးရန် ကြိုးပမ်းနေချိန်တွင်ပင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ သတင်းအရ စက်တင်ဘာလ ၁၂ ရက် ညတွင် သွားရောက်စုံစမ်းစစ်ဆေးရာ စက်ရုံအတွင်းရှိ လူနေဆောင်ဒုတိယထပ်တွင် ထိုးသွင်းဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည့် မြန်မာအလုပ်သမားကို တွေ့ရကြောင်း ရဲချုပ်က ပြောဆိုသည်။ “ဒေသခံအမျိုးသားတစ်ယောက်နဲ့ နိုင်ငံခြားသား ခြောက်ယောက်ကို ရဲတပ်ဖွဲ့က မြန်မြန်ဆန်ဆန်ဖမ်းဆီးခဲ့ပါတယ်။ သံသယ တရားခံအားလုံးကို မနေ့ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

September 14, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်အထိ တိုင်းနဲ့ပြည်နယ်ခြောက်ခုမှာ ရေကြီးလို့ လူရာဂဏန်းသေဆုံး၊ လူသိန်းချီပြောင်းရွှေ့ရ တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့ စူပါတိုင်ဖွန်း ယာဂိမုန်တိုင်းအရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ်ခြောက်ခုမှာ ရေကြီးပြီး လူတစ်ရာကျော်သေဆုံးခဲ့သလို လူသိန်းနဲ့ချီလည်း အရေးပေါ်ပြောင်းရွှေ့ခဲ့ရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်တာကြောင့် မန္တလေး၊ ပဲခူး၊ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်ပေါင်း ၃၀ကျော်မှာ စက်တင်ဘာလ ၉ရက်နေ့ကစလို့ ရေကြီးရေလျှံခဲ့တာပါ။ မန္တလေးတိုင်းထဲက ရမည်းသင်း၊ ပျော်ဘွယ်၊ ကျောက်ဆည် မြို့နယ်တွေအပြင် စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်က ပျဉ်းမနား၊ တပ်ကုန်းအပါအဝင် မြို့နယ်တွေမှာ […]

ကန်ချနဘူရီတွင် လက်နက်များနှင့် စခန်းချနေထိုင်သော ကရင်လူမျိုး ၃၀ ခန့်ကို ထိုင်းရဲဖမ်းဆီး

Dawei Watch

September 14, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် လက်နက်များနှင့်အတူ နယ်မြေကျူးကျော်၍ စခန်းချနေထိုင်နေသည်ဆိုသော ကရင်လူမျိုး ၃၀ ဦးကို စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်းများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကန်ချနဘူရီခရိုင် စီစဝက်ဒေသရှိ အမျိုးသားဥယျာဉ်တောထဲတွင် ဆံရှည်ကရင်လူမျိုးများ စခန်းချ၍ နေထိုင်နေကြပြီး အချို့သူများသည် လက်နက်များသယ်ဆောင်၍ ရွာသားများကို လိုက်လံခြိမ်းခြောက်နေသဖြင့် ရွာသားများက လာရောက်တိုင်ကြားကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ထို့နောက် ဥယျာဉ်တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းရှာဖွေရာ ကရင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၀ ဦးနှင့် ကလေးငယ် ၉ ဦးကို တွေ့ရှိရပြီး အားလုံးတွင် လဝကအထောက်အထား စာရွက်စာတမ်းများ မတွေ့ရှိရကြောင်း ဖော်ပြထားသည်။ ၎င်းတို့နှင့်အတူ စခန်းထဲတွင် သေနတ် ၅ […]