ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

NUGနှင့် ပူးပေါင်းခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်ခြင်း မလုပ်ဟု ကိုးကန့်တပ်ထုတ်ပြန်

Dawei Watch

September 19, 2024

အမျိုးသားညီညွတ်ရေးအစိုးရနှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်း၊ စစ်မြေပြင်ချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းတို့ လုံးဝ ပြုလုပ်မည်မဟုတ်ကြောင်း ကိုးကန့်တပ် (MNDAA) က သဘောထား ထုတ်ပြန်သည်။ ယင်းသို့ တိုက်ခိုက်ခြင်းမလုပ်သော်လည်း မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်ကို ဆက်လက် ကိုင်စွဲမည်ဟုဆိုသည်။ စက်တင်ဘာလ ၄ ရက်က အဆိုပါသဘောထား ထုတ်ပြန်ချက်ကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့ပြီး အချိန်အနည်းငယ်အတွင်း ပြန်လည်ဖြုတ်ချခဲ့သည်။ ယင်းနောက် သီတင်းနှစ်ပတ်ခန့်အကြာ စက်တင်ဘာလ ၁၈ ရက်တွင် အဆိုပါ သဘောထားထုတ်ပြန်ချက်ကို ပြန်လည်ထုတ်ပြန်ခြင်းဖြစ်သည်။ ကိုးကန့်တပ်အနေဖြင့် နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကို လုယူခြင်း၊ နိုင်ငံသစ်ထူထောင်ခြင်းတို့ လုံးဝ လုပ်မည် မဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကိုးကန့်တပ်၏ ယင်းထုတ်ပြန်ချက်အပေါ် တော်လှန်ရေးတွင် ပါဝင်နေသူများနှင့် ပြည်သူအများက […]

တနင်္သာရီတိုင်းအပါအဝင် ဒေသအချို့ မိုးကြီးပြီး ရေကြီး မြေပြိုနိုင်

Dawei Watch

September 19, 2024

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် ဒေသအချို့တွင် မိုးကြီးခြင်း၊ ရေကြီး၊ ရေလျှံခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသဌာနတို့က ထုတ်ပြန်ထားသည်။ အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလ ‌၂၀ ရက်နောက်ပိုင်း မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသတို့တွင် မိုးကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မြေနိမ့်ဒေသများ ရေလွှမ်မိုးခံရခြင်း၊ မြေပြိုခြင်းတို့ ဖြစ်နိုင် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သတိပေးထားသည်။ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွင် ရှမ်း၊ စစ်ကိုင်း စသည့်ဒေသများပါဝင်ပြီး အရှေ့တောင်ပိုင်းဒေသတွင်မူ၊ မွန်၊ ကရင်၊ တနင်္သာရီတိုင်းတို့ပါဝင်သည်။ ယင်းအပြင် စစ်ကောင်စီထိန်းချုပ်ထားသည့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း စက်တင်ဘာလ ၂၁ ရက် မှ ၂၅ ရက်အတွင်း တနင်္သာရီတိုင်းအပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်လာနိုင်ကြောင်း အထူး‌မိုးလေဝသသတင်းအနေဖြင့် ထုတ်ပြန်ထားသည်။ တောင်တရုတ်ပင်လယ်ပြင်တွင် […]

ရနောင်းမှ မြန်မာရေလုပ်သားတစ်ဦး ဘတ် ၆ သန်းထီပေါက်

Dawei Watch

September 18, 2024

ထိုင်းထီအမြင့်ဆုံးဆုဖြစ်သည့် ပထမဆုကို မြန်မာနိုင်ငံသား ရေလုပ်သားတစ်ဦးက ကံထူးခဲ့ပြီး ဘတ် ၆ သန်းထီပေါက်ခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ စက်တင်ဘာလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၆၀၈၆၆၂ တွင် ခြောက်လုံးတိုက် ပထမဆု ဘတ် ၆ သန်းကို မြန်မာရေလုပ်သားက ကံထူးခဲ့ခြင်းဖြစ်သည်။ ကံထူးခဲ့သော မြန်မာနိုင်ငံသားသည် ထိုင်းနိုင်ငံ ရနောင်းမြို့တွင် နှစ်ပေါင်း ၂၀ ကြာ ရေလုပ်သားအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။ ထီပေါက်သူသည် ထီဖွင့်သောနေ့တွင် ထီသုံးစောင်ဝယ်ခဲ့ပြီး ယင်းတို့အနက် တစ်စောင်က ဘတ် ၆ သန်းဆုကို ကံထူးခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။ ထီပေါက်ခဲ့ပြီးနောက် ဆုငွေများထုတ်ယူပေးရန် MHAC မဟာမိတ်အဖွဲ့ထံသို့ အကူအညီတောင်းခံခဲ့သဖြင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် […]

ဖူးခက် ကားသုံးစီးဆင့်တိုက်မှုတွင် အမှိုက်သိမ်းနေသော မြန်မာလုပ်သား သေဆုံး

Dawei Watch

September 18, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ကားသုံးစီးဆင့်တိုက်မှုဖြစ်စဉ်တွင် လမ်းပေါ်အမှိုက်သိမ်းနေသော မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကားသုံးစီးဆင့်တိုက်မှုသည် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က ပါတွန်ဘုန်းကြီးကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကားတိုက်မှုကြောင့် သေဆုံးသူမှာ အောင်အောင်အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ပါတွန်စည်ပင်သာယာရုံးတွင် အမှိုက်သိမ်းအလုပ် လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ ပါတွန်တောင်ကုန်းမှတစ်ဆင့် ကမ်းခြေသို့ မောင်းနှင်လာသော ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် အမှိုက်သိမ်းနေသော မြန်မာလုပ်သားကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကားကို ထိုင်းနိုင်ငံသားတစ်ဦးက မောင်းနှင်လာခဲ့ပြီး နောက်ထပ် တရုတ်နိုင်ငံသားမောင်းနှင်လာသော ကားတစ်စီးကို ထပ်မံဝင်တိုက်ခဲ့သေးကြောင်း ဖော်ပြထားသည်။ ကားတိုက်ခံရမှုကြောင့် တရုတ်နိုင်ငံသားကားကလည်း အနီးရှိ ပါကင်ထိုးထားသော နောက်ထပ်ကားတစ်စီးကို ထပ်မံဝင်တိုက်ခဲ့သဖြင့် ကားသုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကားတိုက်ခံရမှုကြောင့် မြန်မာနိုင်ငံသားသည် အခင်းဖြစ်သောနေရာတွင် သေဆုံးခဲ့ပြီး ထိုင်းကားမောင်းသမားကို ကယ်ဆယ်ရေးအဖွဲ့များက […]

မြိတ်မြို့ တောကျောင်းတွင် မီးလန့်

Dawei Watch

September 18, 2024

မြိတ်မြို့ ၊ အလယ်ကျွန်းရပ် ၊ တောကျောင်း ဘုန်းတော်ကြီးကျောင်းတွင် မနေ့(စက်တင်ဘာလ ၁၇ ရက်) ညဆယ်နာရီခန့်က မီးလန့်မှုဖြစ်ခဲ့ကြောင်း မြို့ခံများ နှင့် မီးသတ်တပ်ဖွဲ့ထံကသိရသည်။ မြိတ်ခရိုင်မီးသတ် နှင့် တောကျောင်းဆရာတော်ထံ ဆက်သွယ်မေးမြန်းရာတွင် ဘုရားတောင်ပေါ် အမှိုက်မီးရှို့စဉ် မီးလောင်သည်အထင်ဖြင့် မီးလန့်မှုဖြစ်ခဲ့ကြောင်း တုံ့ပြန်ဖြေကြားသည်။ ” ဘုရားတောင်ပေါ်မှာ အမှိုက်ပုံမီးတိုက်နေတာ ။ လူလည်းရှိပါတယ်။ ရပ်ကွက်ထဲက မီးလှမ်းမြင်တော့ မီးသတ်အကြောင်းကြားလိုက်တာ မီးသတ်ကားတွေရောက်လာပြီး မီးလန့်သလို ဖြစ်သွားတယ် ။ ဘာမီးလောင်တာမှမရှိဘူး ” ဟု တောကျောင်း ဆရာတော်က မိန့်သည်။ မီးလန့်မှုကြောင့် မီးသတ်ကားများရောက်ရှိလာခဲ့ခြင်းသာရှိပြီး တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့ဟု ရပ်ကွက်နေသူများက ဆိုသည်။ စက်တင်ဘာလ ၁၇ ရက် နံနက်အစောပိုင်းတွင်လည်း မြိတ်မြို့ ၊ ကြံတော လေးလမ်းထိပ် […]

အာဆီယံအဖွဲ့ဝင်အဖြစ် ဘင်္ဂလားဒေ့ရှ်၏ အဆိုပြုချက် မလေးရှား ထောက်ခံ

Dawei Watch

September 17, 2024

အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဆိုပြုချက်ကို မလေးရှားနိုင်ငံက အပြည့်အဝထောက်ခံမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Haznah Md Hashim က ပြောကြားသည်။ စက်တင်ဘာလ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ဒါကာမြို့တော်ရှိ Bangladesh Institute of International and Strategic Studies(BIISS) တက္ကသိုလ်တွင် ‘ဘင်္ဂလားဒေ့ရှ်-မလေးရှား ဆက်ဆံရေး: ကြွယ်ဝမှုဆီ ချီတက်ခြင်း’ ဆိုသည့် ခေါင်းစဉ်ဖြင့် သူမက ဆွေးနွေးပို့ချချိန်တွင် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။ “လာမယ့်နှစ်မှာ မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်လိမ့်မယ်။ နိုင်ငံတစ်ခုအနေနဲ့ ကျွန်မတို့မှာ ဒီကိစ္စ အပေါ်မှာ သဘောထားပေးခွင့် ရှိပြီးသားလည်း ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြည့်ပြည့်ဝဝ ထောက်ခံအားပေးလျက်ရှိပါတယ်”ဟု […]

စစ်ကောင်စီတပ်က ညောပြင်နှင့်အောက်ကျောက်ဝပ်ရွာတို့တွင် နေအိမ်များမီးရှို့

Dawei Watch

September 17, 2024

လောင်းလုံးမြို့နယ် ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတို့ထံမှသိရသည်။ ယနေ့ (စက်တင်ဘာ ၁၇) နံနက် ၉ နာရီကျော်အချိန်တွင် အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်သည် ကျောက်နီမော်ရွာ ပျူစောထီးစခန်းမှ ညောပြင်ရွာသို့ ရောက်ရှိလာကြောင်း ဒေသခံတို့က ပြောသည်။ ညောပြင်ရွာထဲရောက်လာသည့် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ပြီး နေအိမ်များကို မွှေနှောက်ရိုက်ဖျက်ခဲ့ကြောင်း ဆိုသည်။ ယင်းနောက် ၁၁ နာရီကျော်အချိန်တွင် နေအိမ်နှစ်ဆောင်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံတို့က ပြောသည်။ “ကမ်းနားဖက်မှာကတစ်အိမ်၊ တံတားနားမှာတစ်အိမ် မီးရှို့လိုက်ကြတယ်။ ဘယ်သူ့အိမ်ဆိုတာတော့ တိတိကျကျမသိရသေးဘူး” ဟု ဒေသခံတစ်ဦးကဆိုသည်။ ညောပြင်ရွာရှိ နေအိမ်နှစ်ဆောင်ကို မီးရှို့ပြီးနောက် စစ်ကောင်စီတပ်သည် အောက်ကျောက်ဝပ်ရွာဖက်သို့ ထွက်ခွာသွားပြီး ရွာထဲမီးရှို့နေကြောင်း ဒေသခံတစ်ဦးကပြောသည်။ “အခုရွာထဲကနေမီးခိုးလုံးတွေ တက်‌လာနေတာ မြင်နေရတယ်” […]

အဓမ္မစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြရန် လောင်းလုံးမြို့ပေါ်တွင် ထားဝယ်သပိတ် ကော်မ‌တီဆန္ဒပြ

Dawei Watch

September 17, 2024

အဓမ္မစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြရန် ဆန္ဒပြလှုပ်ရှားမှုကို စစ်ကောင်စီတပ် ခြေကုပ်ယူထားသည့် လောင်းလုံးမြို့ပေါ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီက ယနေ့ ညနေပိုင်းတွင် လုပ်ဆောင်ခဲ့ကြသည်။ “ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” ဘန်နာကိုင်ဆွဲပြီး မြို့ပေါ် အဓိကလမ်းမကြီးပေါ်တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က လောင်းလုံးမြို့ရှိ မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ စစ်ဖက်ရေးရာလုံခြုံရေးရုံး၊ လဝကရုံး တို့အပါအဝင် လူမရှိသည့် အရပ်သားနေအိမ်များထဲ ဝင်ရောက်နေထိုင်ကာ တပ်စွဲထားသည်။