ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သံဖြူဇရပ် အမြောက်တပ် အနန်းကွင်းရွာအနီးဝန်းကျင်ကို လက်နက်ကြီးဖြင့် ငါးရက်ဆက်ပစ်ခတ်

Dawei Watch

September 19, 2024

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာဘက်ကို သံဖြူဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရင်း (၃၁၅) က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ငါးရက်ဆက်တိုက်ရှိနေပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေသည့် အနန်းကွင်းနှင့် အနီးနားရှိ ကျေးရွာတို့ကို စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး ယနေ့ စက်တင်ဘာလ ၁၉ရက်နေ့အထိ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက်ပစ်ခတ် နေခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ စက်တင်ဘာလ ၁၆ နှင့် ၁၇ ရက်နေ့တို့တွင် အနန်းကွင်းအနီး ဖားပြရွာထဲကို နှစ်ရက်ဆက် လက်နက်ကြီးပစ်ခတ်ခံရပြီး လက်နက်ကြီးကျည် ၁၀ ခန့်ကျရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မရှိသော်လည်း နေအိမ်နှင့် သီးပင်စားပင်အချို့ ထိခိုက်ပျက်စီးကြောင်း […]

တရားမဝင် မြန်မာလုပ်သားများကို တရားဝင်ဖြစ်အောင် လုပ်ပေးရန် ထိုင်းအတိုက်အခံပါတီ တိုက်တွန်း

Dawei Watch

September 19, 2024

ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာအလုပ်သမားများအရေးနှင့်ပက်သက်၍ ပြဿနာများကို ဖြေရှင်းနိုင်ရန် ရွှေ့ပြောင်းအလုပ်သမားအားလုံးကို တရားဝင်မှတ်ပုံတင်ပေးဖို့ ထိုင်းအစိုးရကို အတိုက်အခံပါတီဖြစ်သော People’ Party က လွှတ်တော်အင်တာဗျူးတစ်ခုတွင် တိုက်တွန်းလိုက်သည်။ People’ Party သည် ယခင် ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီဖျက်သိမ်းခံလိုက်ရပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းထားသော အတိုက်အခံပါတီဖြစ်သည်။ မြန်မာလုပ်သားများအရေးကို တောင်းဆိုပေးသည့် People’ Party အပေါ် လူမှုကွန်ရက်များတွင် ဝေဖန်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေသည်။ People’ Party သည် ထိုင်းနိုင်ငံအတွင်းရှိ ထိုင်းနိုင်ငံသားများ၏ အခွန်ဘဏ္ဍာကို အသုံးပြုပြီး မြန်မာအလုပ်သမားများ၏ အခွင့်အရေးများကို မြှင့်တင်ပေးရန် ကြိုးပမ်းနေကြောင်း လူမှုကွန်ရက်များတွင် ဝေဖန်မှုများ ရေသားနေကြသည်။ ပါတီရပ်တည်ချက်နှင့်ပတ်သက်၍လည်း People’ Party အပေါ် ထိုင်းနိုင်ငံသားများက မေးခွန်းထုတ်မှု ပိုများလာခဲ့ပြီး Myanmar People’ […]

လုပ်အားခ ဘတ် ၁၃ သိန်းကျော်မပေး၍ မြန်မာလုပ်သားများ အလုပ်ရှင်ကို အမှုဖွင့်

Dawei Watch

September 19, 2024

ထိုင်းနိုင်ငံ၊ ပင်လယ်ကမ်းခြေရှိ သဲစုပ်လှေများပေါ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ၏ လုပ်အားခခြောက်လစာ(ဘတ် ၁၃ သိန်းကျော်) မပေးသဖြင့် အလုပ်ရှင်ကို အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံးတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၁၃ ဦးသည် တရုတ်အလုပ်ရှင် ပိုင်ဆိုင်သော ချွန်ဘူရီနှင့် နခွန်စီထမရတ်ခရိုင်များရှိ ကမ်းခြေများကို ပြုပြင်သော သဲစုပ်လှေများပေါ်တွင် ပြီးခဲ့သောနှစ်ကတည်းက လုပ်ကိုင်လာခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း ယခုနှစ် မတ်လတွင် ထမင်းစရိတ်ကဲ့သို့ ကြိုတင်ငွေများသာ ထုတ်ပေးခဲ့ပြီး ဧပြီလမှစ၍ အလုပ်ရှင်က အကြောင်အမျိုးမျိုးပြကာ လုပ်အားခ လုံးဝထုတ်ပေးခဲ့ခြင်း မရှိတော့ကြောင်း အဖွဲ့ထံမှ သိရသည်။ လုပ်အားခများကို ထုတ်ပေးရန် အလုပ်ရှင်ကို ကနဦး ညှိနှိုင်းပြောဆိုခဲ့သော်လည်း လက်ခံခြင်းမရှိသဖြင့် အလုပ်သမားများက AAC အဖွဲ့ထံ လာရောက်အကူအညီ တောင်းခံခဲ့ကြောင်း အဖွဲ့က […]

လောင်းလုံးတွင် အမျိုးသမီးတစ်ဦးကို အိမ်ပေါ်တက်သတ်ဖြတ်

Dawei Watch

September 19, 2024

လောင်းလုံးမြိုနယ် သကျက်တောကျေးရွာအုပ်စု၊ ကျောက်ပုံရွာတွင် မနေ့ (စက်တင်တင်ဘာ ၁၈)နံနက်အစောပိုင်းက အမျိုးသမီးတစ်ဦးကို အိမ်ပေါ်တက် သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။ အသတ်ခံရသူမှာ အသက် ၂၈ နှစ် ဝန်းကျင်အရွယ်ရှိ ကလေးတစ်ယောက်မိခင် ဒေါ်ဌေးဌေးဆိုသူဖြစ်ကြောင်း ဒေသခံများကပြောသည်။ ဒေါ်ဌေးဌေးကို ဝမ်းကွဲအစ်မ၏ယောက်ျားက မနေ့ နံနက် ၅ နာရီခန့်တွင် နေအိမ်ပေါ်တက်ကာ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံကပြောသည်။ လူသတ်မှုကျူးလွန်သည်ဆိုသူမှာ အသက် ၅၀ ကျော်ခန့်အရွယ်ရှိ အလွင့် (ခေါ်)ကိုအက်ဒွက် ဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ ” အလောင်းကို တွေ့တဲ့အချိန် နှုတ်ခမ်းတွေကို ဓားနဲ့လှီးခံထားရတယ်။ နားထဲကလည်း သွေးတွေ စီးကျ နေတယ်။ လည်ပင်းကို ကြိုးနဲ့ချည်ပြီး အိမ်နားက ချောင်းထဲကို ပစ်ချထားတယ်” ဟု ၎င်းကပြောသည်။ လူသတ်မှုကျူးလွန်သူကို စက်တင်ဘာလ ၁၈ ရက်နေ့ကတည်းက […]

ပုလော၊ မီးလောင်အော် တစ်ရွာလုံးနီးပါး မီးရှို့ခံရ

Dawei Watch

September 19, 2024

ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ မီးလောင်အော်ကျေးရွာ တစ်ရွာလုံးနီးပါး မီးရှို့ခံရကြောင်း ကနဦးစုံစမ်းသိရှိရသည်။ ယနေ့ (စက်တင်ဘာ ၁၉) မနက်ပိုင်းတွင် မီးလောင်အော်ရွာထဲမှ မီးတောက်ကြီးများ ထွက်ပေါ်လာနေသည်ကို မြင်တွေ့နေရကြောင်း ရှပ်ပုံဒေသခံတစ်ဦးကပြောသည်။ မီးလောင်အောင်ရွာနှင့် ရှပ်ပုံကျေးရွာမှာ နှစ်မိုင်နီးပါးကွာဝေးသေးသည်။ “ကျွန်တော်တို့လည်း မီးလောင်နေတာပဲသိသေးတယ်။ ဖုန်းဆက်တာလည်း မရတော့ ဘယ်လိုစလောင်တာလဲ တိတိကျကျမသိဘူး။ စကစ(စစ်ကောင်စီတပ်)တွေရှို့တာပဲဖြစ်မယ်။ ဘာဖြစ်လို့လဲဆို စကစတွေက လှေနဲ့လာရင် အဲဒီရွာမှာ ကပ်ပြီးမှလာလေ့ရှိတယ်” ဟု ရှပ်ပုံဒေသခံကဆိုသည်။ မီးလောင်အော်ကျေးရွာမှာ ပင်လယ်ကမ်းခြေ‌ တံငါကျေးရွာတစ်ခုဖြစ်ပြီး အိမ်ခြေ တစ်ရာခန့်ရှိကြောင်း၊ တံငါရွာတို့ ထုံစံအတိုင်း တစ်အိမ်နှင့်တစ်အိမ် နီးနီးကပ်ကပ်ရှိနေခြင်း၊ နေအိမ်များမှာ မီးလောင်လွယ်သည့် ဓနိမိုး၊ ဝါးထရံကာအိမ်များဖြစ်ခြင်းကြောင့် အိမ်တစ်ဆောင်လောင်ပါက အခြားအိမ်များသို့ အလွယ်တကူ မီးကူးစက်လောင်ကျွမ်း‌နိုင်ကြောင်း ဒေသခံအချို့က ပြောသည်။ Facebook ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့် မီးလောင်အော်ရွာ […]

တနင်္သာရီတိုင်း ရေဘေးအလှူအဖွဲ့ ရမည်းသင်းမြို့နယ်တွင် သွားရောက်လှူဒါန်းမည်

Dawei Watch

September 19, 2024

တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေး ပရဟိတအသင်းများအမည်ဖြင့် ဖွဲ့စည်းထားသည့် ရေဘေးအလှူအဖွဲ့သည် စက်တင်ဘာလ ၂၀ရက်နေ့ နံနက်ပိုင်းကစပြီး ထားဝယ်မြို့မှ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်သို့ စတင်ထွက်ခွာမည် ဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။ ယခုထွက်ခွာမည့် ရေဘေးအလှူရှင်အဖွဲ့ကို ထားဝယ်အခြေပြု တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးပရဟိတအသင်း၊ ရင်ခုန်သံ အရေးပေါ်ကယ်ဆယ်ရေးနှင့် သွေးလှူရှင်အဖွဲ့၊ ဘိုးဘွားရိပ်သာပရဟိတအဖွဲ့၊ ဒါနကြည်ဖြူ ဟိဇ္ဇဲပရဟိတအဖွဲ့ နှင့် အခြားပရဟိတ သွေးလှူရှင် အသင်းအဖွဲ့များ ပူးပေါင်းထားခြင်းဖြစ်ကြောင့် အဖွဲ့ဦးဆောင်သူများက ပြောသည်။ အဆိုပါအဖွဲ့သည် စက်တင်ဘာလ ၂၀ရက် မနက်ဖြန် နံနက် ၅ နာရီခန့်ကစပြီး မော်တော်ယာဉ် ခြောက်စီးခန့်ဖြင့် ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းရှေ့ ဘုရားကြီးတိုက်ကျောင်းမှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ် ကယ်ဆယ်ရေး ပရဟိတအသင်းများ ရေဘေးအလှူရှင်အဖွဲ့ ဦးဆောင်သူ ဦးနိုင်မျိုးသွင်က ဆိုသည်။ “ကျွန်တော်တို့မှာ အဝတ်အထည်၊ […]

စစ်ကောင်စီနှင့် စာချုပ်အသစ်ချုပ်ပြီးနောက် ထားဝယ်လျှပ်စစ်မီတာခ လစဉ်နီးပါးဈေးတက်

Dawei Watch

September 19, 2024

ထားဝယ်ခရိုင်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီနှင့် တနင်္သာရီတိုင်း စစ်ကောင်စီတို့ စာချုပ်အသစ် ချုပ်ဆိုပြီးနောက်ပိုင်း လျှပ်စစ်မီတာခဈေးနှုန်းမှာ လစဉ်နီးပါးမြင့်တက်လာသည်။ တနင်္သာရီတိုင်း စစ်ကောင်စီနှင့် ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း Petrol & Trans ကုမ္ပဏီတို့သည် ပြီးခဲ့သည့် မတ်လ ၆ရက်နေ့က သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြသည်။ အဆိုပါစာချုပ်ချုပ်ဆိုသည့်လမတိုင်မီ ဖေဖော်ဝါရီလ၏ ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အား တစ်ယူနစ်ဈေးနှုန်းမှာ ၄၁၈ ကျပ်ရှိခဲ့သည်။ စာချုပ်ချုပ်ဆိုသည့် မတ်လထဲတွင် တစ်ယူနစ်ကို ခုနစ်ကျပ်ဈေးတက်သွားခဲ့ပြီး တစ်ယူနစ်လျှင် ၄၂၅ ကျပ်ဖြစ်လာခဲ့သည်။ ထိုအချိန်မှစပြီး လစဉ်နီးပါးဈေးမြင့်တက်လာကာ ဧပြီလတွင် ၄၄၀ ကျပ်၊ မေလတွင် ၄၅၀ ကျပ်၊ ဇွန်လနှင့်ဇူလိုင်လတွင် ၄၆၅ ကျပ်သို့ မြင့်တက်ခဲ့သည်။ ဩဂုတ်လတွင်မူ ၅၈၂ ကျပ်သို့ ခုန်တက်သွားခဲ့သည်။ သက်တမ်းတိုးစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း မတ်လမှ ဩဂုတ်လအထိ ခြောက်လတာအတွင်း […]

ရေဖြူ ဇာဒီရွာအုပ်စုတွင် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေး ဖြတ်တောက်ခံထားရ

Dawei Watch

September 19, 2024

ရေဖြူမြို့နယ် ၊ ဇာဒီကျေးရွာအုပ်စုတွင် စက်တင်ဘာလ ၁၇ ရက်ကစ၍ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၆ ရက်က မောရဝတီရေတပ်နှင့် စစ်သင်္ဘောဘက်က လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ပြီးနောက် ယခုကဲ့သို့ ပြတ်တောက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ အက်တမ်နှင့် မိုင်တဲလ် အော်ပရေတာများသည် စက်တင်ဘာလ ၁၇ ရက်တွင် စတင်ပြတ်တောက်ခဲ့ပြီး အမ်ပီတီ အော်ပရေတာသည် လက်နက်ကြီး မပစ်ခတ်မီ နေ့ကတည်းက ပြတ်တောက်နေကြောင်း ‌စစ်ဘေးရှောင်ရွာသားများက ပြောဆိုသည်။ “အမ်ပီတီက တာဝါတိုင်နဲ့ လုပ်ထားတယ်။ ဆီဖြည့်ဖို့လာတာ ရှားကုန်းစစ်တပ်ဂိတ်က ပေးဖြတ်ဘူးလို့ ကြားတယ်။ အဲဒီကတည်းက ပြတ်သွားတယ်။ လက်နက်ကြီး ပစ်ပြီးတဲ့နေ့ကတော့ တယ်လီနော (အက်တမ်) ရော မိုင်တဲလ်ရော မရတော့ဘူး။ အခုက တစ်ယောက်နဲ့တစ်ယောက် အဆက်သွယ်မရဘဲ […]