ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းမြောက်ပိုင်း ရေကြီးမှုတွင် ထိုင်းမိသားစုကိုကယ်တင်သော မြန်မာများကို သူရဲကောင်းများဟုချီးကျူး

Dawei Watch

September 17, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ရေကြီးမှုတွင် လူကြီးများအပါအဝင် ထိုင်းမိသားစုတစ်စုကို ရေစီးသန်နေ သည့်ကြားက ကူညီကယ်ဆယ်ပေးခဲ့သော မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသားများနှင့် ထိုင်းသတင်းဌာနများက သူရဲကောင်းများအဖြစ် တင်စားခေါ်ဆိုခဲ့ကြသည်။ မယ်ဆိုင်မြို့ ရပ်ကွက်တစ်ခုတွင် ရေကြီးနေသဖြင့် အိမ်ထဲ ပိတ်မိနေသော ထိုင်းနိုင်ငံသား မိသားစုတစ်စုကို မြန်မာနိုင်ငံသား လူငယ်တစ်စုက ကယ်ဆယ်ရေးပြုလုပ်နေသည်ကို အဆိုပါ မိသားစုဝင်တစ်ဦးက ရုပ်သံမှတ်တမ်းရိုက်ယူပြီး ပြီးခဲ့သော စက်တင်ဘာ ၁၂ ရက်နေ့က Tiktok တွင် မျှဝေခဲ့သည်။ ရုပ်သံမှတ်တမ်းသည် ထိုင်းနိုင်ငံသားများကြား ပျံ့နှံ့သွားခဲ့ပြီး မြန်မာနိုင်ငံသားများ၏ ကူညီကယ်ဆယ်ပေးမှုကို ထိုင်းနိုင်ငံသားများ အပါအဝင် ထိုင်းသတင်းဌာနများကပါ သူရဲကောင်းများအဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြပြီး ချီးကျူးထားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံသားများသည် အသက်ကြီးပိုင်းများ အပါအဝင် သူမ၏ မိသားစုကို ကယ်တင်ပေးခဲ့သော ကယ်တင်ရှင် သူရဲကောင်းများဖြစ်ကြောင်း အဆိုပါမိသားစုဝင်တစ်ဦးက Tiktok […]

ထားဝယ်ဒေသက မွန်ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ

Dawei Watch

September 17, 2024

ရေဖြူမြို့နယ် ၊ ဖောင်းတောကျေးရွာအုပ်စု ၊ ကောင်းမှုရွာက ဘုရားကုန်းတွင် မွန်ရိုးရာသင်္ဘော ဆွမ်းတော်ကြီးတင်ပွဲကို ယနေ့(စက်တင်ဘာ ၁၇) တော်သလင်းလပြည့် နံနက်အရုဏ်တက်တွင် ပြုလုပ်ခဲ့ကြသည်။ နှစ်စဉ် တော်သလင်းလပြည့်တွင် မွန်တိုင်းရင်းသားများရှိရာ အရပ်ဒေသများတွင် သ‌င်္ဘောပုံစံငယ် ဖြင့် မုန့်၊ပန်း ၊ဆီမီးများကို စုပေါင်း၍ ကပ်လှူသည့်ဓလေ့ နှင့် လှည့်လည်သည့် ဓလေ့ ရှိသည်။ ကောင်းမှုရွာတွင် ယနေ့ကျင်းပသည့် သင်္ဘောဆွမ်းတော်ကြီးတင်ပွဲတွင်မူ အဝေးရောက်နေသည့် ဒေသခံများပြားသဖြင့် ဆွမ်းတော်လာရောက် တင်လှူသူ ယခင်နှစ်ထက် ပိုနည်းသည်ဟု ရွာသားများကဆိုသည်။ ထားဝယ်ဒေသရှိ ရပ်ကွက်နှင့်ကျေးရွာအများစုတွင် ဆွမ်းတော်ကြီးတင်ဓလေ့ကို သီတင်းကျွတ်ရောက်မှ ကျင်းပလေ့ရှိသော်လည်း တော်သလင်းလပြည့်တွင် ဆွမ်းတော်ကြီးတင်သည့် ရပ်ကွက်ကျေးရွာများလည်းရှိသည်ဟု ထားဝယ်ဒေသခံများထံက သိရသည်။

မြန်မာ့ရေဘေးအတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ အိန္ဒိယထောက်ပံ့

Dawei Watch

September 17, 2024

ယာဂိတိုင်ဖွန်းမုန်တိုင်းကြောင့်ရေဘေးဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံအတွက် ရိက္ခာခြောက်များ ၊ အဝတ်အစားနှင့် ဆေးဝါးများ ပါဝင်သည့် အရေးပေါ်ပစ္စည်း တန်ချိန် ၁၀ ကို အိန္ဒိယရေတပ်သင်္ဘောဖြင့် ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အန္ဒိယသတင်းများတွင် ဖော်ပြထားသည်။ မုန်တိုင်းဒဏ်ခံထားရသည့် မြန်မာ ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများကို အရေးပေါ်အကူအညီအထောက်အပံ့များ ပေးအပ်မည့် ‘Operation Sadbhav’ ကို အိန္ဒိယနိုင်ငံက တနင်္ဂနွေနေ့တွင် စတင်လိုက်ခြင်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံကိုလည်း ရေသန့်စင်ရေးပစ္စည်းများ ၊ စောင်များ ၊ မီးဖိုချောင်သုံးပစ္စည်းများ ၊ ဆိုလာမီးအိမ်များ အပါအဝင် စုစုပေါင်း အလေးချိန် ၃၅ တန်ရှိသည့် အထောက်အပံ့ပစ္စည်းများကို ပေးအပ်ခဲ့သည်။ လာအိုနိုင်ငံသို့လည်း မီးစက်များ ၊ တစ်ကိုယ်ရေသန့်ရှင်းမှုပစ္စည်းများ ၊ ခြင်ထောင်များ ၊ စောင်များနှင့် အိပ်ယာလိပ်များအပါအဝင် စုစုပေါင်း အလေးချိန် ၁၀ […]

စစ်ကောင်စီတပ်က ဗိုလ်မှူးနှစ်ဦး ဒေါနစစ်ကြောင်းထံခိုလှုံ

Dawei Watch

September 17, 2024

စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦး အမှတ် ၈ ပြည်ထောင်စုကားလမ်းမ(ရေး-ထားဝယ်) တွင် စစ်ရေးလှုပ်ရှားသည့် ဒေါနစစ်ကြောင်းထံ ခိုလှုံဝင်ရောက်လာခဲ့ကြောင်း ဒေါနစစ်ကြောင်းက စက်တင်ဘာလ ၁၆ ရက်တွင်ထုတ်ပြန်သည်။ ပြီးခဲ့သည့်လပိုင်း ကတည်းက ချိတ်ဆက်နေခြင်းဖြစ်ပြီး စက်တင်ဘာလ ၁ ရက်တွင် ဒေါနစစ်ကြောင်းထံ ရောက်ရှိခဲ့ကြောင်း ယင်းစစ်ကြောင်းထံကသိရသည် ။ “ဘယ်လိုဆက်သွယ်လာခဲ့တာလဲဆိုတော့ တစ်ဆင့်ခံနဲ့ချိတ်ဆက်ပြီးတော့မှ ဝင်ရောက်လာတာပါ။ ကိုယ်တိုင်ဆက်သွယ်လာတာမျိုး မဟုတ်ပါဘူး။ဘယ်လိုကြားခံနဲ့ ဆက်သွယ်လဲဆိုတာတော့ လုံခြုံရေးအရ ပြောပြလို့မရသေးပါဘူး။ ချိတ်ဆက်လာခဲ့တာတော့ကြာပါပြီ ” ဟု ဒေါနစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ယုယကပြောသည် ။ CDM အဖြစ်ခိုလှုံလာသည့် စစ်ကောင်စီတပ်က ဗိုလ်မှူးနှစ်ဦး၏ အသေးစိတ်အချက်အလက်များကို ကာယကံရှင်များ၏ သဘောဆန္ဒအရ လတ်တလောတွင် ထုတ်ပြောရန်မရှိသေးကြောင်း ၎င်းကဆက်ပြောသည်။ ခိုလှုံလာသူနှစ်ဦးအနက် တစ်ဦးတွင် MA-3 သေနတ် တစ်လက် နှင့် […]

မြိတ်တွင် မီတာခုံအပူလွန်၍ မီးလောင်မှုဖြစ်

Dawei Watch

September 17, 2024

မြိတ်မြို့ ၊ ကြံတောလမ်းမကြီး၊ ကြံတော (၄) လမ်းထိပ်အနီးတွင် ဖွင့်လှစ်ထားသော ကလေးအရုပ်နှင့်အထည်ဆိုင် မီးလောင်မှု ယနေ့ (စက်တင်ဘာ ၁၇) နံနက်တွင် ဖြစ်ပွားခဲ့သည်ဟု မြို့ခံများထံကသိရသည်။ နံနက် ၅ နာရီ ၂၈ မိနစ်တွင် မီးစလောင်ခဲ့ပြီး မိနစ်ပိုင်းအကြာတွင် ငြိမ်းသတ်နိုင်ခဲ့၍ လူထိခိုက်မှုမရှိကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာန တာဝန်ရှိသူကပြောသည်။ မီးလောင်မှုသည် မီတာခုံရှော့ဖြစ်၍ အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ မီးလောင်မှုကြောင့် ဆိုင်ခန်းအတွင်းရှိ အ‌ေရာင်းပစ္စည်းအချို့ မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။ ပြီးခဲ့သည့် ဇွန်လကလည်း မြိတ်မြို့တွင် လျှပ်စစ်ထမင်းပေါင်းအိုးအပူလွန်ကဲရာက နှစ်ထပ်လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်မှတ်တမ်းများအရ သိရသည်။

ဇာဒီရွာဘက်ကို မောရဝတီရေတပ်နှင့် စစ်သင်္ဘောက လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်

Dawei Watch

September 16, 2024

ရေဖြူမြို့နယ် ၊ ဇာဒီကျေးရွာအုပ်စု ဘက်သို့ မောရဝတီရေတပ်စခန်းဌာနချုပ်နှင့် ဇာဒီချောင်းဝပင်လယ်ပြင်ရှိ ရေတပ်သင်္ဘောတို့က ယနေ့(စက်တင်ဘာ ၁၆) မနက်ပိုင်းကစ၍ မွန်းလွဲပိုင်းအထိ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့ထံကသိရသည်။ “ရေတပ်ဘက်က ၄ ချက်၊ သင်္ဘောဘက်က ၃ ချက် အားလုံး ၇ ချက်ပစ်တယ် ။ ကျတာက‌ ရွာပတ်ဝန်းကျင်မှာပဲကျတယ် ။ ရွာထဲမှာက ရွာသားတွေ မနေကြတော့ အထိအခိုက်မရှိဘူး” ဟု ဇာဒီရွာသားတစ်ဦးကပြောသည်။ ရေတပ်သင်္ဘောသည် စက်တင်ဘာလ ၁၅ ရက်ညက ဇာဒီချောင်းဝ ပင်လယ်ပြင်သို့ ပြန်လည်ရောက်ရှိလာသည်ဟု ရွာသားတို့ကဆိုသည်။ မောရဝတီရေတပ် နှင့် ရေတပ်သင်္ဘောက လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခဲ့သော်လည်း ယနေ့မွန်းလွဲပိုင်းအထိ နှစ်ဖက်ပစ်ခတ်မှုပုံစံမျိုးမရှိခဲ့ဟု ရွာသားများကပြောပြသည်။ လက်နက်ကြီး စတင်ပစ်ခတ်ပြီးနောက် ဇာဒီ – ကံပေါက် လမ်းပိုင်းကိုလည်း ယနေ့‌နံနက်ပိုင်းမှ […]

မွေးကင်းစ မြန်မာကလေးကို ထိုင်းမိသားစုထံ ဆေးရုံကြီးကမှားပေးမှု ထိုင်းဖခင်ဖော်ထုတ်ရာမှ ပေါ်ပေါက်

Dawei Watch

September 16, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ မဟာချိုင် ကထူးဘင်ဆေးရုံကြီးတွင် မွေးကင်းစ မြန်မာကလေးငယ်ကို ထိုင်းမိသားစုထံ မှားပေးခဲ့ပြီး ထိုင်းကလေးကို မြန်မာမိသားစုထံမှားပေးမှု ထိုင်းဖခင်၏ ဖော်ထုတ်မှုကြောင့် ပေါ်ပေါက်ခဲ့သည်။ ထိုင်းကလေးငယ်၏ ဖခင်ဖြစ်သူက အရေးပေါ်ခန်းတွင် တက်ရောက်ကုသနေသော ကလေးကို ပြန်လည်ရရှိချိန်တွင် မျက်ခုံးမွေးပြန်ပါမလာသည်ကို သတိထားမိရာမှတစ်ဆင့် ကလေးမှားနေသည်ကို သိရှိခဲ့ခြင်းဖြစ်သည်။ ကလေးမှားယွင်း ပေးအပ်မှုသည် ဩဂုတ်လ အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကထူးဘင်ဆေးရုံ၏ ဝန်ထမ်းများက မှားယွင်းခဲ့ခြင်းဖြစ်ကြောင်း ဆေးရုံဘက်က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဝန်ခံလိုက်သည်။ ကလေးမှားယွင်းစွာ အပ်နှံခဲ့မှုနှင့်ပတ်သက်၍ စမွတ်စခွန်ခရိုင် ပြည်သူ့ကျန်းမာရေးဌာနနှင့် ကထူးဘင်ဆေးရုံကြီးက ယနေ့(စက်တင်ဘာ ၁၆) တွင် အမှားအတွက် ဝန်ခံခဲ့ကာ မိဘများထံ တရားဝင် တောင်းပန်၍ ဖြစ်စဉ်အတွက် အားလုံးကို တာဝန်ယူပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကလေးနှစ်ဦးသည် မွေးကင်းစကလေးများဖြစ်ကြပြီး […]

စစ်ကောင်စီက လောင်းလုံး‌ ညောပြင်ရွာထဲ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

Dawei Watch

September 16, 2024

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာပျူစောထီးစခန်းကို ရောက်ရှိနေသည့် စစ်ကောင်စီတပ်က ညောပြင်ကျေးရွာကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ယနေ့ မနက် ၁၀ နာရီဝန်းကျင်တွင် ကျောက်နီမော်စခန်းမှ ကျောက်ဝပ်ပြင်ကျေးရွာသို့ ရောက်လာပြီး မွှေနှောက်ရှာဖွေခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယင်းနောက် ကျောက်ဝပ်ပြင်ကျေးရွာနှင့် ရွာချင်းကပ်နေသည့် ညောပြင်ကျေးရွာကို နေ့လယ် ၂ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးလေးလုံးကြဲချခဲ့ကြောင်း၊ ညောပြင်ရွာလမ်းပေါ် သုံးလုံးကျရောက် ပေါက်ကွဲခဲ့ဟု ၎င်းတို့ကဆိုသည်။ “ပြည်သူတွေတော့ ဘေးကင်းပါတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။ ညနေ ၃ နာရီကျော်အချိန်အထိ စစ်ကောင်စီတပ်သည် ကျောက်ဝပ်ပြင်ကျေးရွာတွင် ရှိနေဆဲဖြစ်ပြီး ဒေသခံ ‌သတင်းရင်းမြစ်များထံ ဖုန်းဆက်သွယ်ရာတွင် စက်ပိတ်ထားကြသဖြင့် အသေးစိတ် မသိရသေးပေ။ စက်တင်ဘာလ ၉ ရက်နေ့က ကျောက်နီမော်ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က သွားရောက်တိုက်ခိုက်ပြီးနောက် […]