ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘောလုံးပွဲ ဆက်မကန်ပါက ဖမ်းမည်ဟု ကော့သောင်းမြို့နယ်ရဲမှူး ခြိမ်းခြောက်

Dawei Watch

September 14, 2024

ကော့သောင်းမြို့တွင် စက်တင်ဘာလ ၁၂ ရက်က ကျင်းပသည့် ဘောလုံးပြိုင်ပွဲတွင် ဘောလုံးဆက်မကန်ပါက ဖမ်းဆီးပြီး အချုပ်ထဲထည့်မည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ခရိုင်အဆင့် ရပ်ကွက်ကျေးရွာပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရွှေပြည်စိုးအသင်းနှင့် အဏ္ဏဝါအသင်းတို့ ယှဉ်ပြိုင်နေကြစဉ် ရွှေပြည်စိုးအသင်း သွင်းလိုက်သည့်ဂိုးမှာ ဂိုးဝင်၊ မဝင်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး နှစ်ဖက်အသင်းသားများ အငြင်းပွားမှု ဖြစ်ပွားခဲ့ကြကြောင်း မြို့ခံတို့က ပြောသည်။ “ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်က ဂိုးပေးလိုက်တယ်။ အဲဒီအချိန်မှာ အဏ္ဏဝါအသင်းက ကန့်ကွက်တော့ ပြဿနာဖြစ်ကြတယ်။ အဲဒီဂိုးကို ဂိုးအဖြစ်သတ်မှတ်မယ်ဆို သူတို့က ( အဏ္ဏဝါအသင်းက) ဆက်မကန်တော့ဘူးဆိုပြီး ပြောကြတာ။ ကွင်းဘေးမှာ ပြောနေဆိုနေတာတောင် မိနစ်သုံးလေးဆယ်လောက် ကြာတယ်” ဟု အငြင်းပွားမှုဖြစ်သည့် အကြောင်းအရင်းကို ကိုယ်တိုင်ဘောလုံးပွဲ သွားကြည့်သူ အမျိုးသားတစ်ဦးက ရှင်းပြသည်။ ‌ထိုကဲ့သို့ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

September 14, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကင်ညာတွင် ကျောင်းမီးလောင်မှု ကျောင်သား ၁၇ ဦး သေဆုံး ကင်ညာနိုင်ငံမှာ ကျောင်းအိပ် ကျောင်းစား အခြေခံမူလတန်းကျောင်းဆောင်တစ်ခု မီးလောင်ခဲ့လို့ အနည်းဆုံး ကျောင်းသား ၁၇ ဦး သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၆ ရက်နေ့က ဖြစ်ခဲ့တဲ့ ကျောင်းသားအဆောင် မီးလောင်မှုကြောင့် နောက်ထပ် ကျောင်းသား ၁၃ ဦး လည်း မီးလောင်ဒဏ်ရာရရှိခဲ့ပါတယ်။ မီးလောင်ခဲ့တဲ့ အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲဖြစ်တယ်လို့ အစိုးရက ကြေညာပါတယ်။ ကင်ညာနိုင်ငံက ကျောင်းအိပ် ကျောင်းစား စာသင်ကျောင်းတွေမှာ မကြာခဏ မီးလောင်မှုဖြစ်ပွားလေ့ရှိတယ်လို့ဆိုပါတယ်။ ကင်ညာသမ္မတ ဝီလီယံ […]

မလွှဲတောင် – ထားဝယ်ကားလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များတိုးလာ

Dawei Watch

September 13, 2024

ရေး-ထားဝယ်ကားလမ်း(အမှတ် ၈ ပြည်ထောင်စုကားလမ်းမ) ရှိ မလွှဲတောင်မှ ထားဝယ်မြို့အထိ လမ်းပိုင်းတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များ ပိုတိုးလာကြောင်း ယာဉ်မောင်းများနှင့် ခရီးသွားများထံမှသိရသည်။ ယခင်က မလွှဲတောင်ဂိတ် ၊ ကလိန်အောင်တံတားဂိတ် ၊ ဘုရားမဲဂိတ် နှင့် အိမ်ရှေ့ပြင်တို့တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် လေးခုသာရှိသော်လည်း ဩဂုတ်လကစပြီး စစ်ဆေးရေး ဂိတ်နှစ်ခု ထပ်တိုးလာကြောင်း ၎င်းတို့ကဆိုသည်။ ရေဖြူတံတားဂိတ်နှင့် ကလုံးထာအဝင်လမ်းအနီးရှိ ခမရ ၄ဝ၆ နှင့် ၄ဝ၇ တပ်ရင်း အရှေ့ရှိ စစ်ဆေးရေးဂိတ် တို့ထပ်တိုးလာခြင်းဖြစ်သည်။ ” ရေဖြူမြို့ထဲ နေရာသစ်ဆိုင်နားမှာ စစ်တပ်က ကျောင်းကား ပစ်ခံရပြီးကတည်းက ရေဖြူမှာ ဂိတ်လာဖွင့်လိုက်တယ် ” ဟု ရေဖြူမြို့ခံတစ်ဦးကပြောသည်။ ခမရ ၄ဝ၆ နှင့် ၄ဝ၇ တပ်ရင်းနှစ်ခုအရှေ့ရှိ စစ်ဆေးရေးဂိတ်သည် အမြဲတမ်းစစ်ဆေးရေးဂိတ် […]

စစ်ကောင်စီတပ်က လောင်းလုံး ဇလွတ်ရွာကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်

Dawei Watch

September 13, 2024

လောင်းလုံးမြို့နယ် ဇလွတ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းတို့ကိုအသုံးပြု တိုက်ခိုက်သဖြင့် အရပ်သား‌တစ်ဦးဒဏ်ရာရပြီး နေအိမ်တစ်ဆောင် ပျက်စီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇလွတ်ရွာနှင့် ရွာချင်းကပ်လျက်တည်ရှိသော ကျောက်နီမော်ကျေးရွာ ပျူစောထီးစခန်းကို ရောက်ရှိနေသည့် စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ကျောက်နီမော်ကျေးရွာထဲမှနေပြီး ဇလွတ်ကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်ပေါ်ကျပြီး အိမ်တစ်ဆောင် ပျက်စီးခဲ့ကြောင်း၊ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးလည်း လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိထားကြောင်း ဒေသခံတို့က ပြောကြားသည်။ “ကျောက်နီမော်ရွာထဲက မိုက်ခရိုဝေ့ဖ်တောင်ကနေပြီး လက်နက်ကြီးနဲ့ပစ်တာ ဇလွတ်ရွာထဲက လူနေအိမ်တစ်ဆောင်ပျက်စီးပြီး အဖိုးကြီးတစ်ယောက် ဒဏ်ရာရထားတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။ ယင်းအပြင် စစ်ကောင်စီတပ်က ဒရုန်းနှစ်စီးလွှတ်တင်ပြီး တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်မှုရှိကြောင်းဒေသခံတို့က ဆိုသည်။ ကျောက်နီမော်ရွာထဲရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းကို […]

လောင်းလုံး၊ မောင်းမကန်ရွာတွင် ယနေ့ပစ်ခတ်မှုဖြစ်

Dawei Watch

September 12, 2024

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် စစ်ကောင်စီတပ်နှင့် PDFတပ်ဖွဲ့တို့ ယနေ့ (စက်တင်ဘာ ၁၂) နေ့လယ်ပိုင်းက နှစ်ဖက်ပစ်ခတ်မှုဖြစ်သဖြင့် ရွာသူရွာသားများ စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်ဟု ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းတွင် မောင်းမကန်ရွာ လယ်ကျောင်းအနီးရှိ လူမရှိသည့်နေအိမ်တစ်ဆောင်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး မီးရှို့မည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများကပြောသည်။ “အဲဒီအိမ်ကလူမရှိဘူး။ လက်ဘက်ရည်လည်း ရောင်းတယ်။ အခုဝင်ရှာတော့ ဆိုင်သုံးပစ္စည်းတွေလည်း ကွဲကျန်ခဲ့တယ်”ဟု ဒေသခံကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယင်းနေအိမ်ကိုရှာဖွေပြီးနောက် ပြန်ထွက်လည် ထွက်ခွာချိန်တွင် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “လက်နက်ကြီး နှစ်ချက်လောက်ပစ်တယ် ကျန်တာလက်နက်ငယ်တွေ နဲ့ပစ်နေကြတယ်”ဟု ဒေသခံကပြောသည်။ ဒေသခံများမှာ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ယနေ့ ညနေပိုင်းတွင် နီးစပ်ရာသို့ စတင်တိမ်းရှောင်နေကြခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

ရေးတွင် PDF ထောက်ပံ့သည်ဆိုကာ ဒေသခံ ၅ ဦးကို ဖမ်းဆီး

Dawei Watch

September 12, 2024

မွန်ပြည်နယ်၊ ရေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့နေသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ပြည်သူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးကို စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းခန့်က ဖမ်းဆီးသွားပြီး စက်တင်ဘာလ ၁၁ ရက်နေ့တွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။ “ဖမ်းသွားတာက လူငယ်တွေများတယ်။ သိရသလောက်ကတော့ သူတို့ကို PDF နဲ့ ဆက်သွယ်ပြီးတော့ ငွေကြေးထောက်ပံ့တယ်လို့တော့ ပြောထားတယ်။ ဒီတလောက စစ်ဆေးမှုတွေကလည်း များတော့ သတိထားကြဖို့ လိုတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီဖမ်းဆီးသွားသည့် မြို့ခံ ၅ […]

ထိုင်းတွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို စစ်ကောင်စီက ထပ်မံတင်းကြပ်

Dawei Watch

September 12, 2024

ထိုင်းနိုင်ငံတွင် ကာလတို ထိုင်းဘာသာနှင့် အင်္ဂလိပ်ဘာသာသင်တန်းများ တက်နေသည့် မြန်မာနိုင်ငံသားများကို နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးမပေးတော့ကြောင်း ဘန်ကောက်ရှိမြန်မာသံရုံးက ယနေ့ (စက်တင်ဘာ ၁၂) ထုတ်ပြန်ကြေညာသည်။ ယခင်က ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားလျက်ရှိသော မြန်မာကျောင်းသားများသည် နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးပါက Passport for Education (PE) နိုင်ငံကူးလက်မှတ်ကို ဘန်ကောက်မြန်မာသံရုံးနှင့် ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများတွင် နေ့ချင်းပြီးလဲလှယ်ပေးနေခြင်းဖြစ်သည်။ လက်ရှိတွင် ကာလတို အင်္ဂလိပ်စာနှင့် ထိုင်းဘာသာသင်တန်းများ အပ်နှံပြီး Non-ED Visa ရယူကာ သင်တန်းတက်ရောက်နေသော ကျောင်းသားအရေအတွက် ပိုမိုများပြားလာနေသဖြင့် မပေးတော့ခြင်းဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ ကာလတိုသင်တန်း တက်ရောက်သင်ကြားနေသော မြန်မာကျောင်းသားများအား PE Type နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ဘန်ကောက်မြန်မာသံရုံးနှင့် […]

ထိုင်းတွင် မြန်မာကလေးငယ်နှစ်ဦးကို လိင်ပိုင်းဆိုင်ရာကျူးလွန်သည်ဆိုကာ မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

September 12, 2024

ထိုင်းနိုင်ငံတောင်ပိုင်း၊ စွန်ခရာခရိုင်တွင် အသက် ၁၃နှစ်အောက် မြန်မာကလေးငယ်နှစ်ဦးကို လိင်ပိုင်းဆိုင်ရာ အဓမ္မကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံသားတစ်ဦးကို စက်တင်ဘာလ ၁၁ ရက်နေ့က ဝရမ်းထုတ်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူသည် အသက် ၂၅ နှစ်အရွယ် ကိုချမ်းအေးဆိုသူဖြစ်သည်။ အသက်မပြည့်သေးသော သမီးဖြစ်သူနှစ်ဦးကို မြန်မာနိုင်ငံသားတစ်ဦးက အခန်းထဲ လိမ်လည်ခေါ်ဆောင်ခဲ့ပြီး အဓမ္မ ကိုယ်ထိ လက်ရောက်ကျူးလွန်ခဲ့သည်ကို သမီးများက မိဘများထံ ပြန်တိုင်ကြားခဲ့သဖြင့် ပြန်သိရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့များသို့ မိဘများက ဖြေကြားထားသည်။ ကိုချမ်းအေးကို မိဘများက ကနဦး သွားရောက်ပြောကြားခဲ့ရာ ဝန်မခံခဲ့သဖြင့် ရဲစခန်းသို့သွား၍ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၁၀ ရက်နေ့တွင် စွန်ခရာခရိုင် တရားရုံးက ဝရမ်းထုတ်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံသားကို နောက်တစ်ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အသက် […]