မေတ္တာရိပ်ကျောင်းက ထိုင်းအစိုးရကျောင်းများနှင့် ပူးပေါင်းရန် ငြင်းဆိုခဲ့ဟု စူရတ်ပညာရေးမှူးဆို
Dawei Watch
September 11, 2024မေတ္တာရိပ် မြန်မာစာသင်ကျောင်းက ထိုင်းအစိုးရစာသင်ကျောင်းများနှင့် ပူးပေါင်းရန် ငြင်းဆန်ခဲ့ကြောင်း စူရတ်ဌာနီခရိုင် ပညာရေးမှူးက စက်တင်ဘာလ ၉ ရက်နေ့က တုံ့ပြန်ပြောဆိုလိုက်သည်။ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသဖြင့် မေတ္တာရိပ်ကျောင်းအပါအဝင် စူရတ်ဌာနီခရိုင်ရှိ မြန်မာစာသင်ကျောင်းများကို အာဏာပိုင်များက ပိတ်သိမ်းလိုက်ရာ ကျောင်းသားပေါင်း ၂၀၀၀ ကျော် ပညာသင်ယူခွင့်ဆုံးရှုံးနေကြရသဖြင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မေတ္တာရိပ်ကျောင်းကို ပိတ်သိမ်းခဲ့မှုအတွက် စိုးရိမ်ကြောင်း ပြောကြားလာသဖြင့် ပညာရေးမှူးက ယင်းသို့ပြန်လည်ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ မေတ္တာရိပ်ကျောင်းရှိ ကျောင်းသားများကို ထိုင်းအစိုးရ စာသင်ကျောင်းများထံ လွှဲပြောင်းပေးရန် ပညာရေးမှူးရုံးနှင့် အာဏာပိုင်များက အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း ကျောင်းဘက်က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ပညာရေးမှူးက သတင်းထောက်များကို ပြောကြားခဲ့သည်။ မေတ္တာရိပ်ကျောင်းကို တရားဝင် အရေးမယူခင်ကာလပတ်လုံး ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာအဖွဲ့များအားလုံး ကျောင်းကိစ္စရပ်များနှင့် ပတ်သက်၍ အကြိမ်ကြိမ် […]


