ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး၊ ကျောက်နီမော် ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ် ဝင်တိုက်

Dawei Watch

September 9, 2024

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ ပျူစောထီး(ခေါ်)ပြည်သူစစ် အခြေပြုစခန်းကို ယနေ့ (စက်တင်ဘာ ၉) နေ့လယ်ပိုင်းတွင် တော်လှန်ရေး ပူးပေါင်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့မွန်းလွဲ ၁ နာရီ ကျော်မှ ညနေ ၄ နာရီ ကျော်အထိ ၃ နာရီကျော်ကြာ လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “အခုဝင်တိုက်တဲ့ နေရာအထိ တစ်ခါမှ ဝင်မလာဖူးဘူး။ အခုက တိုင်ပွဲပြင်းပြင်းထန်ထန်ကို ဖြစ်ကြတာ”ဟု ဒေသခံကပြောသည်။ တိုက်ပွဲဖြစ်ပွားနေချိန်တွင် ကျောက်နီမော်ရွာ ဘုရားတောင်ရှိ စစ်ကောင်စီတပ်နှင့် ရွာ၏အရှေ့ဘက်ပင်လယ်မှ ရေတပ်တို့က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ၎င်းကပြောသည်။ “အဲဒီလက်နက်ကြီး တွေကြောင့် ရွာထဲက နေအိမ်တွေ ထိမှန်ပျက်စီးတာတွေရှိတယ် ဘယ်လောက်ပျက်စီးတယ်ဆိုတာတော့ မသိရဘူး” ဟု၎င်းကပြောဆိုသည်။ နှစ်ဖက်ပစ်ခတ်မှုတွင် ပျူစောထီး‌ […]

ကြာအင်းဆိပ်ကြီးတွင် လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ကလေးငယ်တစ်ဦးနှင့် သက်ကြီးပိုင်းတစ်ဦးဒဏ်ရာရ

Dawei Watch

September 9, 2024

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ (၆) ရှိ ကျုံခဝန်ကျေးရွာထဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တစ်ဦးနှင့် သက်ကြီးပိုင်းတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျုံခဝန်ကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့သလို အသက် ၆၀ ဝန်းကျင်အမျိုးသားတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒေသခံတို့က ဆိုသည်။ “လူတွေ အိပ်ကြတဲ့ချိန်မှာ လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ ဘာတိုက်ပွဲမှလည်း မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ နံနက်ပိုင်းတွင်လည်း ကျုံခဝန်ကျေးရွာနှင့် အနီးနားတဝိုက်တွင် […]

ပကာရီရွာက လက်နက်ကြီးကျည်စထိမှန်သည့်လူငယ် ရန်ကုန်ဆေးရုံတွင်သေဆုံး

Dawei Watch

September 9, 2024

ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှုခံယူနေသည့် ထားဝယ်အရှေ့တောဒေသ ပကာရီကျေးရွာက လက်နက်ကြီး ကျည်စထိမှန်သည့် လူငယ်သည် စက်တင်ဘာလ ၈ ရက်တွင် သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ စက်တင်ဘာ ၅ ရက်က ပကာရီရွာထိပ် ကျောက်စေတီလမ်းဆုံကနေ ပကာရီ ရဲကင်းစခန်းကို ကော်သူးလေတပ်မတော်-KTLA တပ်ဖွဲ့က လက်နက်ဖြင့် တစ်ကြိမ် ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့်တစ်ကြိမ် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတိုထံမှ သိရသည်။ ပကာရီရဲကင်းစခန်းကို KTLA က လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ပြန်လည်ထွက်ခွာသွားပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် စစ်ကောင်စီတပ်က ပကာရီရွာထဲကို လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခြင်းဖြစ်ပြီး အဆိုပါလက်နက်ကြီးကျည်မှာ ရွာထဲရှိ ဖုန်းဆိုင်ပေါ်ကို ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် အသက် ၂၅ […]

တနင်္သာရီတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချမှုကြောင့် အရပ်သားခြောက်ဦးဒဏ်ရာရ

Dawei Watch

September 9, 2024

စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုအတွင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများကြောင့် အရပ်သားခြောက်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၆ ရက်မှ ၉ ရက်နေ့အထိ လေးရက်တာကာလအတွင်း အမျိုးသမီးများ အပါအဝင် အရပ်သား ခြောက်ဦးဒဏ်ရာရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စက်တင်ဘာလ ၇ရက် ညနေ ၅နာရီခွဲခန့်တွင် ဘန်လင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် အသက် ၄၄နှစ်အရွယ် ကိုသားပု ဒဏ်ရာရကြောင်း ဒေသခံများက ပြောဆိုသည်။ ဘန်လင်ကျေးရွာသည် ဘန်လောကျေးရွာအုပ်စုတွင်ပါဝင်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေသည့် ဘန်လောကျေးရွာနှင့် တစ်ဆက်တည်း တည်ရှိသည်။ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲကာ စစ်ကြောင်းထိုးလာသည့်အတွက် စက်တင်ဘာလ ၄ရက်နေ့ကစပြီး စက်တင်ဘာ ၉ရက်နေ့အထိ တနင်္သာရီမြိုနယ် ဘန်လောကျေးရွာအုပ်စုရှိ ကျေးရွာများတွင် တိုက်ပွဲများပြင်းထန်နေသည်။ စက်တင်ဘာ […]

စစ်ကြောင်းရောက်နေ၍ ပုလောမြို့နယ် ခန္တီကျေးရွာအုပ်စုမှ ဒေသခံများ နေရပ်စွန့်ခွာ

Dawei Watch

September 9, 2024

စစ်ကောင်စီစစ်ကြောင်း ရောက်နေပြီး တိုက်ပွဲဖြစ်ပွားလာမည်စိုး၍ ပုလောမြို့နယ် ပလောက်မြို့အနီးရှိ ခန္တီကျေးရွာအုပ်စုမှ ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြကြောင်း ဒေသခံအချို့က ပြောသည်။ ခန္တီကျေးရွာအုပ်စုသည် ပုလောမြို့နယ်၊ ပလောက်မြို့နယ်ခွဲအတွင်းက ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိပြီး ခန္တီရွာ၊ ကုလားမခေါင်းရွာ၊ တောင်ခေါင်းလောင်းရွာ၊ ပြင်ကြီးရွာများဖြင့် ဖွဲ့စည်းထားသည့် ကျေးရွာအုပ်စုဖြစ်သည်။ စက်တင်ဘာ ၇ ရက်ညပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ KNLA (ကရင်အမျိုးသား လွတ်မြောက်ရေးတပ်)နှင့် PDF မဟာမိတ် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်း ခန္တီရွာကိုရောက်လာကြောင်း ၎င်းက ဆိုသည်။ “အခုလက်ရှိ စကစတပ်တွေ ခန္တီရွာထဲကိုရောက်နေတယ်။ တိုက်ပွဲထပ်ဖြစ်မှာစိုးလို့ ရွာကလူတွေကတော့ နေရာရွေ့ပြောင်းနေကြတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ စစ်ကောင်စီတပ်ကို […]

ထိုင်းတွင် ဖမ်းဆီးခံရသောမြန်မာတစ်ဦး စစ်မှုထမ်းရန် ပြန်ပို့ခံရမည်စိုးရိမ်သဖြင့် အချုပ်ကားပေါ်က ထွက်ပြေး

Dawei Watch

September 9, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း လန်ဖွန်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားတစ်ဦးသည် စစ်မှုထမ်းရန် ပြန်ပို့ခံရမည်ကို စိုးရိမ်သဖြင့် စက်တင်ဘာလ ၇ ရက်နေ့က အချုပ်ကားပေါ်က ထွက်ပြေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၃၈ နှစ်အရွယ် ကိုဌေးပိုသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမှုဖြင့် လဖွန်ခရိုင်ရှိ နိခုံးရဲစခန်း (မြောက်ပိုင်းစက်မှုဇုန်ရဲစခန်း) အချုပ်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူဖြစ်ကြောင်း ဖော်ပြသည်။ စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ၎င်းသည် အချုပ်ထဲရှိနေစဉ် အဝတ်အစားများ လျှော်ဖွတ်လိုသဖြင့် ဆပ်ပြာရည် တောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ မြန်မာနိုင်ငံသားသည် ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်တို့ကို ပါးစပ်ထဲ လောင်းထည့်ခဲ့သဖြင့် ပါးစပ်ထဲက အမြုပ်များ ထွက်လာရာ ဟရီဖူချိုင်းဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရကြောင်း သတင်းများတွင် ရေးသားထားသည်။ ဆေးရုံတွင် တစ်နာရီခန့်အကြာ […]

ရနောင်းတွင် တရားမဝင် ဝင်လာသော မြန်မာ ၁၃ဦး ဖမ်းဆီးခံရ

Dawei Watch

September 8, 2024

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် ပစ်ကပ်ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၃ ဦးကို စက်တင်ဘာလ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းတပ်မတော် အမှတ် ၂၅ ခြေမြန်တပ်ရင်းက သတင်းထုတ်ပြန်သည်။ ရနောင်းခရိုင် စုမ်စာရမ်ဒေသတွင် မြန်မာနိုင်ငံသားများ ကားဖြင့် တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းပေးတိုင်ကြားချက်ရရှိခဲ့သဖြင့် အာဏာပိုင်များ ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ဆေးရာ ကားတစ်စီးပေါ်တွင် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် နောက်ကားတစ်စီးပေါ်တွင် မြန်မာနိုင်ငံသား ခြောက် ဦး စုစုပေါင်း ၁၃ ဦးလိုက်ပါလာကြကြောင်း ဆိုသည်။ ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်းများအရ ဖမ်းဆီးခံရသူအများစုသည် လူငယ်များ ဖြစ်ကြသည်။ မြန်မာနိုင်ငံသားများမှာ ကော့သောင်းမှတစ်ဆင့် ရနှောင်းသို့ တရားမဝင် ဝင်လာကြသူများဖြစ်ပြီး ၎င်းတို့အား လိုက်ပါပို့ဆောင်ပေးသည့် ထိုင်းကားသမားနှစ်ဦးကိုလည်း ဖမ်းမိကြောင်း ဖော်ပြသည်။ […]

ရေဖြူ ဒေသထွက် အုန်းသီးနှင့် အုန်းသားခြောက် ယခုနှစ်ဈေးကောင်းရ

Dawei Watch

September 8, 2024

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖောင်းတောနှင့် ဇာဒီကျေးရွာအုပ်စုတို့တွင် အဓိကလုပ်ကိုင်သည့် အုန်းသီးနှင့် အုန်းသားခြောက်မှာ ဩဂုတ်လကစ၍ ဈေးကောင်းရနေကြောင်း ဒေသခံအုန်းသီးလုပ်ငန်းရှင်များထံမှ သိရသည်။ အုန်းသီးတစ်လုံးလျှင် ခြံထွက်ဈေး ကျပ်တစ်ထောင်ကျော်ဖြင့် ဝယ်ပြီး ဈေးကွက်တွင် ကျပ်နှစ်ထောင်နီးပါးအထိ စျေးရရှိကြောင်း ၎င်းတို့က ပြောသည်။ ယင်းအပြင် အုန်းသားခြောက်ဈေးကွက်သည်လည်း တစ်ပိဿာလျှင် ကျပ်တစ်သောင်းကျော် ရရှိနေကြောင်း ဒေသခံအုန်းသီးလုပ်ငန်းရှင်များကဆိုသည်။ ရေဖြူဒေသထွက် အုန်းသီးများကို ဒေသတွင်းဈေးကွက်ထက် မန္တလေးဈေးကွက်သို့ တိုက်ရိုက်တင်ပို့ ဖြန့်ချိခြင်းဖြစ်ပြီး အုန်းသားခြောက်ကိုမူ ဒေသတွင်းပွဲရုံများမှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်ကြကြောင်း စျေးကွက်အတွင်းမှ သိရသည်။ “ပြီးခဲ့တဲ့နွေရာသီတုန်းက နွေတာရှည်ပြီး အရမ်းပူခဲ့လို့ အုန်းသီးရှားပြီး ဈေးကောင်းပေးဝယ်တာ။ အုန်းသီးက တစ်ခါမှ မရဖူးတဲ့ဈေး အခုရနေတယ်။ ဝယ်ဈေးက ၁၂ဝဝ ဆိုရင် ပြန်ရောင်းဈေး ၁၆ဝဝ ကျော်နဲ့ ပြန့်ပို့တယ်။ အုန်းသီးက မန္တလေးက […]