ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

September 7, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၁ ရက်မှ ၇ ရက်အထိ မြို့နယ် ၁၀ကျော် လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားဆယ်ချီသေဆုံး နိုင်ငံတစ်ဝန်းမှာ မြို့ ၈၀နီးပါး လက်လွှတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူ၊ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ ဩဂုတ်လ ၃၁ရက်ကနေ စက်တင်ဘာလ ၆ရက်အထိ တိုင်းနဲ့ ပြည်နယ်ငါးခုက မြို့နယ် ၁၀ကျော်မှာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ မြို့ရွာ၊ စစ်ဘေးရှောင်စခန်းတွေကို လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။ ရှမ်းပြည်နယ်ထဲက နောင်ချို၊ နမ့်ခမ်း၊ သီပေါ၊ မန်တုံ၊ ဖယ်ခုံမြို့နယ်တွေ၊ ကရင်နီက နန်းမယ်ခုံ၊ စစ်ကိုင်းတိုင်းထဲက ထီးချိုင့်၊ […]

ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ လစာထုတ်ချိန် ကျပ်ငွေလဲနှုန်း အနည်းငယ်ပြန်တက်

Dawei Watch

September 7, 2024

တောက်လျောက်ထိုးကျခဲ့သည့် ကျပ်ငွေလဲလှယ်နှုန်းထားမှာ ယနေ့တွင် အနည်းငယ်ပြန်တက်လာကြောင်း ငွေလဲဈေးကွက်အတွင်းမှ သိရသည်။ ယနေ့ညနေ ပေါက်ဈေးအရ မြန်မာငွေတစ်သိန်းလျှင် ၆၆၀ ဘတ်အထိ ပြန်တက်လာပြီး ထိုင်းငွေတစ်ဘတ်လျှင် ၁၅၁ ကျပ် ပေါက်ဈေးရှိခဲ့သည်။ ပြီးခဲ့သည့်နေ့ကမူ မြန်မာငွေတစ်သိန်းလျှင် ၆၄၅ ဘတ်ပေါက်ဈေးရှိပြီး ထိုင်းငွေတစ်ဘတ်လျှင် ၁၅၅ ကျပ်စွန်းစွန်း ဈေးဖွင့်ထားခဲ့သည်။ ငွေလဲလုပ်ငန်းရှင်အချို့၏ အဆိုအရ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ လစာထုတ်သည့်ကာလဖြစ်သည့်အတွက် ထိုင်းဘတ်တန်ဖိုး အနည်းငယ်ကျကာ ကျပ်ငွေဈေးနှုန်း အနည်းငယ်ပြန်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။ “လစာထုတ်ကာလမို့ ခဏလေး ပြန်တက်လာတာ။ နောက်ထပ် နှစ်ရက် သုံးရက်ဆိုရင် ပြန်ကျမှာပဲ”ဟု ထားဝယ်ဒေသရှိ ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ထိုသို့ ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ လစာထုတ်ကာလဖြစ်သည့် လကုန်ပြီး တစ်ပတ်တာကာလအတွင်း ထိုင်းဘတ်ဈေးနှုန်း ကျဆင်းလေ့ရှိကြောင်း ရွှေ့ပြောင်းလုပ်သားအချို့က ဆိုသည်။ သို့သော် စျေးကွက်အတွင်း […]

တနင်္သာရီတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အရပ်သားကားများကို ချောဆွဲ

Dawei Watch

September 7, 2024

လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့သည့် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားကားများကို ချောဆွဲအသုံးပြုခဲ့ကြောင်း တော်လှန်ရေးတပ်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ စက်တင်ဘာလ ၄ ရက်မှ ၇ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများတွင် အရပ်သားကားများကို ချောဆွဲအသုံးပြုခဲ့ခြင်းဖြစ်သည်။ ဇဝဲရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းဘက်က စစ်ကြောင်းတစ်ကြောင်း၊ ဘန်လောရွာဘက်က တစ်ကြောင်းနှင့် ၆မိုင်ရွာဘက်က တစ်ကြောင်း စုစုပေါင်းစစ်ကြောင်းသုံးကြောင်းက အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။ အဆိုပါ စစ်ကြောင်းသုံးကြောင်းက တကူ၊ သာရဘွင်နှင့်ဘန်လောရွာများဘက်ကို ဦးတည်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်များကဆိုသည်။ ထိုသို့ စစ်ကြောင်းထိုးချိန်တွင် စစ်ကောင်စီတပ်က အရပ်သားကားများပေါ်ရှိ ပစ္စည်းများကိုဆွဲချကာ ၎င်းတို့၏ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ တင်ဆောင်ခိုင်းကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “အရပ်သားကုန်ကားသုံးစီးကို […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

September 7, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာ ၆ ရက်နေ့အထိ ပိုလန်တွင် ဒုတိယကမ္ဘာစစ် စတင်ခဲ့သော ၈၅ နှစ်မြောက် အမှတ်တရနေ့ ကျင်းပ ပိုလန်နိုင်ငံမှာ ၈၅ နှစ်မြောက် ဒုတိယကမ္ဘာစစ် စတင်ကျူးကျော်ခံရတဲ့ အမှတ်တရနေ့အနေနဲ့ စက်တင်ဘာ ၁ ရက်နေ့က အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ လူသန်းပေါင်း ၅၀ ကျော် သေဆုံးခဲ့ရတဲ့အထဲ ပိုလန်လူမျိုး ၆ သန်းကျော်ပါဝင်ခဲ့တာပါ။ မီးလောင်တိုက်သွင်းပြီး အသတ်ဖြတ်ခံရတဲ့ ဂျူး ၆ သန်းတွေရဲ့ တစ်ဝက်က ပိုလန်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခမ်းအနားမှာ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တာ့စ်က ဒုတိယကမ္ဘာစစ်ရဲ့ သင်ခန်းစာတွေဟာ စိတ်ကူးယဥ်စရာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ […]

သံဖြူဇရပ်တွင် နှစ်ပတ်အတွင်း ဒေသခံငါးဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရ

Dawei Watch

September 6, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည့် ရဲတံခွန်ကျေးရွာဘက်တွင် နှစ်ပတ်အတွင်း ဒေသခံ ငါးဦး မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတစ်လျှောက်နှင့် အနီးနားကျေးရွာတို့တွင် ပြီးခဲ့သည့် ဇူလိုင်လကတည်းက စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာအနီးအနားတို့တွင် တပ်စွဲထားသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ဘက်ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းတို့ကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ တပ်စွဲထားသည့်နေရာတို့ကို ဝင်ရောက်တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။ ယင်းသို့ တိုက်ပွဲဖြစ်ပွား လာပြီးနောက် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲသည့်ဖြစ်စဉ်လည်း ဆက်တိုက်ဖြစ်ပွားလာသည်။ ဩဂုတ်လနောက်ဆုံးအပတ်နှင့် စက်တင်ဘာလပထမအပတ်အတွင်းတွင် သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်းကျေးရွာ အနီးဝန်း ကျင် ရော်ဘာခြံတို့တွင် အမျိုးသားသုံးဦး မြေမြှုပ်မိုင်းနင်းမိပြီး မိုင်းစထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အလားတူ အောင်သာယာကျေးရွာတွင်လည်း ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိကြောင်း ဒေသခံတို့က ဆိုသည်။ မြေမြှုပ်မိုင်းနင်းမိသူများသည် ရွာအနီးဝန်းကျင်ရှိ ရော်ဘာခြံတို့တွင် […]

အွန်လိုင်းဈေးသည် မြန်မာ ၁၀ဦး ဘန်ကောက်မြို့အနီး ဖမ်းဆီးခံရ

Dawei Watch

September 6, 2024

အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းချနေသော မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်းလဝကရဲတပ်ဖွဲ့များက ဘန်ကောက်မြို့အနီးရှိ နွန်ထဘူရီခရိုင်တွင် စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသားများ အုပ်စုလိုက် အခန်းငှားထားကြပြီး ဈေးကြီးပစ္စည်းများ လက်ဝယ်ရှိနေကြသည်ဟု တိုင်ကြားမှု ရရှိခဲ့သဖြင့် လဝကရဲတပ်ဖွဲ့များက အခန်းတွင်း ဝင်ရောက်ရှာဖွေ စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသားငါးဦးနှင့် အမျိုးသမီးငါးဦးပါဝင်ပြီး ၎င်းတို့အနက် နှစ်ဦးသာ နေထိုင်ခွင့် အထောက်အထား များရှိကြကာ ကျန်သူများတွင် တရားဝင် နေထိုင်ခွင့်အထောက်အထားများ မရှိကြကြောင်း ဆိုသည်။ အွန်လိုင်းဈေးရောင်းရာတွင် အသုံးပြုသော I Pad ၊ I Phone များနှင့် ထိုင်းဘဏ်စာအုပ်များကိုလည်း သိမ်းဆည်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဘဏ်စာအုပ်တွင် အွန်လိုင်းဈေးရောင်းချရာမှ လည်ပတ်နေသည်ဟု […]

လောင်းလုံး သဘော့ဆိပ်ပြင်ကြီးရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

September 6, 2024

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ပြင်ကြီးရွာတွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့ တို့ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ မွန်းတည့်ပိုင်းတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ ယနေ့ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်ခန့်ကစပြီး တစ်နာရီကျော်အကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်သံများကြားရကြောင်း ဒေသခံတို့က ဆိုသည်။ “အခု ၂ နာရီလောက်မှာ အသံတိတ်သွားတယ်။ လက်နက်ကြီးသံတွေ ကြားရတာများတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါပစ်ခတ်မှုမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း PDF တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက Dawei Watch သို့ ပြောသည်။ ဩဂုတ်လ ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်သည် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီးရွာများကို ဝင်ရောက်ပြီး ယာယီ တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ […]

ဘုတ်ပြင်း ချောင်းမွန်ရွာတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံး

Dawei Watch

September 6, 2024

ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်း-ကော့သောင်း ကားလမ်းပေါ်တွင် တည်ရှိသည့် ချောင်းမွန်ရွာတိုက်ပွဲတွင် KNLA နှင့် PDF ပူးပေါင်းတပ်တို့ဘက်က တစ်ဦးထိခိုက်သေဆုံးသလို စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုများကြောင်း KNLA နှင့် PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ထံမှ သိရသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကော်သူးလေတပ်မတော် KTLA စစ်ဆေးရေးဂိတ်တို့ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၃ရက် နံနက်ပိုင်းမှစတင်ကာ စစ်ကြောင်းထိုးတိုက်ခိုက်ရာမှ ချောင်းမွန်ရွာတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည်။ ချောင်းမွန်ရွာ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်က တပ်စွဲထားပြီး KNLA နှင့် PDF မဟာမိတ်ပူးပေါင်းတပ်များ ဘက်ကလည်း ဝင်ရောက်တိုက်ခိုက်သဖြင့် စက်တင်ဘာလ ၃ ရက်၊ ၄ ရက်၊ ၅ ရက် ညအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင်တို့နှင့် ဒေသခံတို့ထံမှ သိရသည်။ […]