ကန်ချနဘူရီ ရွှေဆိုင်တွင် ဆွဲကြိုးလုယက်သူ မြန်မာတစ်ဦး ဖမ်းဆီးခံရ
Dawei Watch
October 8, 2024ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ရွှေဆိုင်ထဲဝင်၍ ဆွဲကြိုးလုသွားသော မြန်မာနိုင်ငံသားတစ်ဦးကို ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံရသူသည် အသက် ၂၈ နှစ်အရွယ် စိုးနိုင်အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး စလဘူရီခရိုင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ ယနေ့နံနက်က ကန်ချနဘူရီမြို့ ဥထောင်းလမ်းတွင် ဖွင့်လှစ်ထားသော ရွှေဆိုင်ထဲသို့ ဝင်လာပြီးနောက် ရွှေ ၁ ဘတ်သားအလေးချိန်ရှိ ရွှေဆွဲကြိုးနှစ်ကုံး (ဘတ် ၇ သောင်းခန့်တန်ဖိုးရှိ) ကို လုပြေးသွားခဲ့ခြင်းဖြစ်သည်။ ရွှေဆိုင်ဝန်ထမ်းများက လိုက်လံတားဆီးခဲ့သော်လည်း မြန်မာနိုင်ငံသားက အပြင်ထွက်ပြေးခဲ့ပြီး ပါလာသော ဆိုင်ကယ်ဖြင့် ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း ဝန်ထမ်းများ၏ ဖြေကြားချက်ကို ဖော်ပြထားသည်။ ရွှေဆိုင်ပိုင်ရှင်က အပြင်ထွက်လာပြီးလိုက်ဖမ်းရာ ဆိုင်ကယ်မှောက်သွားသော်လည်း ဆိုင်ကယ်ကို ချန်ခဲ့၍ ထွက်ပြေးသွားခဲ့သည်။ ရွှေဆိုင်ပိုင်ရှင်က ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သဖြင့် […]


